အတွဲ(၂)အမှတ်စဉ်(၃)                 နှစ်၏ဒုတိယမြောက်သာမန်တနင်္ဂနွေနေ့             ၁၅-၁-၂၀၁၂

ပထမကျမ်းစာ၊                                                                                                             

                        အိုသခင် အမိန့်ရှိတော်မူပါ၊- ကိုယ်တော်၏ အစေခံသည် နားစွင့်လျက်ရှိပါ၏၊

ဆာမူအဲလ်ပထမစောင်(သို့မဟုတ်)ဓမ္မရာဇ၀င်ပထမစောင်                                                         ( ၃း ၃ - ၁၀ နှင့် ၁၉ )

                ထိုနေ့ရက်တို့၌ ဆာမူအဲလ်သည် ဘုရားသခင်၏သေတ္တာတော်ရှိရာ သခင်ဘုရား၏ဗိမာန်တော်၌ အိပ်နေလေ၏၊- သခင်ဘုရားသည် ဆာမူအဲလ်ကို ခေါ်သဖြင့် ဆာမူအဲလ်က ကျွန်ုပ်ရှိပါ၏ဟု ပြန်ဖြေလေ၏၊-ထို့နောက်ဟေလီထံသို့ပြေး၍ ကျွန်ုပ်ကို ကိုယ်တော်ခေါ်သည့်အတိုင်း ကျွန်ုပ်ရှိပါ၏ဟု ဆို၏၊-ဟေလီကလည်း သင့်ကိုငါမခေါ်၊ပြန်သွား၍အိပ်လော့ဟုဆို၏၊- ဆာမူအဲလ်သည်လည်း ပြန်သွား၍အိပ်လေ၏၊-သခင်ဘုရားသည် ဆာမူအဲလ်ကို တစ်ဖန်ခေါ်လေ၏၊-ဆာမူအဲလ်သည်လည်း ထ၍ ဟေလီထံသို့သွားပြီးလျှင် ကိုယ်တော်ခေါ်သည့်အတိုင်း ကျွန်ုပ်ရှိပါ၏ဟုဆို၏၊-ဟေလီကလည်း ငါ့သား သင့်ကိုငါမခေါ် ပြန်သွား၍အိပ်လောဟုဆို၏၊- ထိုအချိန်၌ ဆာမူအဲလ်သည် ဘုရားသခင်ကိုမသိသေးချေ၊-သခင်ဘုရား၏ဗျာဒိတ်တော်ကို လည်းမခံရသေး၊သခင်ဘုရားသည် ဆာမူအဲလ်ကို တတိယအကြိမ်တစ်ဖန်ခေါ်လေ၏၊-ဆာမူအဲလ်သည်လည် ဟေလီထံသို့ သွား၍ ကိုယ်တော်ခေါ်တော်မူသည့်အတိုင်း ကျွန်ုပ်ရှိပါ၏ဟုဆိုလေ၏၊-သို့ဖြစ်၍ဟေလီသည် သူငယ်ကို သခင်ဘုရားခေါ်တော် မူကြောင်းနားလည်၍ ဆာမူအဲလ်အား သွား၍အိပ်လော့၊-သင့်ကိုနောက်တစ်ဖန်ခေါ်လျှင်အိုသခင်ကိုယ်တော်၏ကျွန်နားစွင့် လျက်ရှိပါ၏ အမိန့်ရှိတော်မူပါ ဟုပြောလော့ဟု ဆိုလေ၏၊-ထို့ကြောင့် ဆာမူအဲလ်သည် မိမိ၏နေရာသို့သွား၍ အိပ်လေ၏၊- သခင်ဘုရားသည်ကြွလာတော်မူ၍ ရပ်လျက်အရင်အထက်က ခေါ်ခဲ့သည့်အတိုင်း-ဆာမူအဲလ်-ဆာမူအဲလ် ဟုခေါ်လေ၏၊-ဆာမူအဲလ်ကလည်း ကိုယ်တော်၏ အစေခံသည် နားစွင့်လျက်ရှိပါ၏၊အမိန့်ရှိတော်မူပါဟုလျှောက်လေ၏၊-ဆာမူအဲလ်သည် ကြီးပြင်းလာ၍ ဘုရားသခင်သည် သူနှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်၏ နှုတ်ကပါဋ္ဌ်တော်အားလုံးစုံတို့သည် ပြည့်စုံခြင်းသို့ ရောက်သတည်း၊-

                                                ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။

ဆာလံသီချင်းဧကျူးခြင်း၊

ဆာလံ ၃၉၊

 သံပြိုင်။                   ။အိုသခင် ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် ကျွန်ုပ်ရောက်လာပါ၏၊

၁။         ။ကျွန်ုပ်သည် သခင်ဘုရားကို မျှော်လင့်တမ်းတလျက်ရှိပါ၏။ကိုယ်တော်သည်လည်း ကျွန်ုပ်အား နားညောင်းတော်မူ ၏၊-ကိုယ်တော်သည် ဘုရားသခင်အားချီးကျူးခြင်းငှာ ကျွန်ုပ်၏ နှုတ်ဖြင့် သီချင်းသစ်ကို သီဆိုစေတော်မူ၏၊-(သံပြိုင်)

၂။         ။ကိုယ်တော်သည် ပူဇော်သက္ကာယများကို အလိုရှိတော်မမူ၊-သို့သော် ကျွန်ုပ်၏နားကို ဖွင့်ပေးတော်မူ၏၊-ကိုယ်တော် သည် အပြစ်ဖြေရာယဇ်ကိုလည်း တောင်းခံတော်မမူ၊-ထိုအခါ ကျွန်ုပ်သည်လာပါပြီဟု ကျွန်ုပ်ကမြွတ်ဆိုပါ၏၊-(သံပြိုင်)

၃။         ။ကျမ်းစာတော်၌ ကျွန်ုပ်အကြောင်းကိုရေးထားပါ၏၊-အိုကျွန်ုပ်၏ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော် ကိုဆောင်ရွက်ရန်အလိုရှိပါ၏၊-ကိုယ်တော်၏ပညတ်တရားတော်များသည်လည်း ကျွန်ုပ်၏နှလုံးသား၌ တည်ရှိပါ၏၊-(သံပြိုင်)

၎။         ။ပရိသတ်အလယ်၌ ကိုယ်တော်၏တရားတော်ကို ကျွန်ုပ်ကြေညာခဲ့ပါပြီ၊-အိုသခင် ကျွန်ုပ်၏နှုတ်များကို ပိတ်မထား ကြောင်းကို ကိုယ်တော်အသိပင်ဖြစ်ပါ၏။-(သံပြိုင်)

 

ဒုတိယကျမ်း။

 သင်တို့၏ ကိုယ်ခန္ဓာတို့သည် ခရစ္ဆတူးသခင်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ကြသည်၊

 

မွန်မြတ်သောတပည့်တော်ကြီး သံပေါလူး ကော်ရင်းသီမြို့ သားတို့ထံ ရေးသောစာပထမစောင် ( ၆း ၁၃ မှ ၁၅ နှင့် ၁၇ မှ ၂၀ အထိ)

ကိုယ်ခန္ဓာသည် ကာမဂုဏ်စည်းစိမ်လိုက်စားရန်မဟုတ်၊-သခင်ဘုရားအဖို့ဖြစ်၍   သခင်ဘုရားသည်လည်း  ကိုယ်ခန္ဓာအဖို့ဖြစ် သည်၊-ဘုရားသခင်သည် သခင်ဘုရားကို ရှင်ပြန်ထမြောက်စေသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း မိမိတန်ခိုးတော်ဖြင့် ရှင်ပြန်ထ မြောက်စေတော်မူလိမ့်မည်၊-သင်တို့၏ ကိုယ်ခန္ဓာတို့သည် ခရစ္ဆတူးသခင်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ကြောင်း မသိကြသလော၊သခင်ဘုရားနှင့်မခွဲခွာတည်မြဲသော သူသည် ကိုယ်တော်နှင့်တစ်စိတ်တည်းဖြစ်သည်၊- ကာမဂုဏ်စည်းစိမ် လိုက်စားသောသူမူကား မိမိကိုယ်ကိုပြစ်မှားသည်၊အကြောင်းမူကား သင်တို့ဘုရားသခင်ထံတော်မှ ခံယူရ၍ သင်တို့တွင် ကျိန်းအောင်းတော်မူသော သန့်ရှင်းသောဝိညာဉ်တော်၏ဗျမယန်တော်ဖြစ်သောကြောင့် သင်တို့ကိုယ်ကို သင်တို့မပိုင်ဆိုင် ကြောင်းသင်တို့မသိကြသလော့၊သင်တို့သည် အဖိုးကြီးပေး၍ ၀ယ်ယူထားသော သူများဖြစ်ကြသည်၊-ထို့ကြောင့် သင်တို့၏ ကိုယ်ခန္ဓာဖြင့် ဘုရားသခင်ကို ဂုဏ်ပြုကြလော့၊-

                                            ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။

 အာလေလူယား။

                        ခရစ္ဆတူးသခင်တည်းဟူသော မက်ဆီးယားကို ကျွန်ုပ်တို့တွေ့ရပြီ၊-ကျေးဇူးတော်နှင့်သမ္မာတရားသည်

                        ကိုယ်တော်အားဖြင့် ဖြစ်သတည်း။

အာလေလူယား။

 ဧ၀ံဂေလိကျမ်း။

ကိုယ်တော်ဘယ်မှာနေတော်မူသည်ကို မြင်ကြသဖြင့် ထိုနေ့အထံတော်၌ နေကြ၏။

သံယောဟန်ရေးထားသော သန့်ရှင်းသော ဧ၀ံဂေလိကျမ်း။                                                  ( ၁း ၃၅  မှ  ၄၂ အထိ )

ထိုကာလ၌ ယောဟန်သည် မိမိတပည့်နှစ်ယောက်နှင့်အတူရပ်နေစဉ်။ယေဇူးလျှောက်သွားတော်မူသည်ကိုမြင်လျှင် ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်ကြဟုဆို၏၊-ထိုစကားကို တပည့်နှစ်ယောက်တို့ကြားလျှင် ယေဇူး၏နောက်သို့လိုက်ကြ ၏။- ယေဇူးသည်လည်း လှည့်၍ မိမိနောက်သို့လိုက်ကြသည်ကို မြင်တော်မူလျှင် အဘယ်အရာကို အလိုရှိကြသနည်းဟု သူတို့ အားမိန့်တော်မူ၏၊-သူတို့ကလည်းရဗ္ဖီ(အဓိပ္ပါယ်ကာ ဆရာ ဟုဆိုလိုသည်၊) ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်း ဟု လျှောက်ကြ၏။-ကိုယ်တော်ကလည်းလာ၍ကြည့်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-သူတို့သည် လာ၍ ကိုယ်တော်ဘယ်မှာ နေသည်ကိုကြည့်ကြသဖြင့် ထိုနေ့အထံတော်၌ နေကြ၏၊အချိန်ကား ဆယ်နာရီခန့်ရှိ၏။ -ယောဟန်ထံမှကြားရ၍ နောက်တော်  သို့လိုက်ကြသော လူနှစ်ယောက်တို့တွင် တစ်ဦးသည် စီမုန်ပေတရူး၏ အစ်ကိုအန္ဒြယ်ဖြစ်၏။ -သူသည် မိမိညီစီမုန်ကို ရှေးဦးစွာ တွေ့လျှင် ငါတို့သည် မက်ဆီးယားကို(ခရစ္ဆတူးဟုဆိုလိုသည်)တွေ့ပြီဟုဆို၏၊-သူ့ကို ယေဇူးထံတော်သို့ပို့လေ၏၊-(အဓိပ္ပါယ်ကား ပေတရူးကိုဆိုလိုသည်။)ဟုမိန့်တော်မူ၏။

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်။

 

ကမ္မဌာန်းထောက်ရှုချက်၊-

               

          ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊- သိပ္ပံပညာရှင်ကြီး နယူတန်သည် သစ်ပင်ပေါ်မှ ပန်းသီးကြွေကျသည့်အဖြစ်ကို ရှုမြင်ပြီး ကမ္ဘာ့ဆွဲအင်အား ကို ဖေါ်ထုတ်နိုင်ခဲ့ပါသည်၊-ထို့အတူ သိပ္ပံပညာရှင် အာခေမိဒိသည်လည်း ရေချိုင့်ကြီးတဲ ရေဆင်းချိုးရာမှ လျှံထွက်လာသော ရေများကို ကြည့်ပြီး လက်စွဲထဲမှ ရွှေနှင့်ကြေး တို့၏ ပါဝင်ပေါင်းစပ်သော အချိုးကို တိကျစွာဖေါ်ထုတ်နိုင်ခဲ့ပါသည်၊ထို့အပြင် သိပ္ပံပညာရှင် အက်ဒီဆင်သည်လည်း လေတံခွန်လွှတ်ရာမှ မိုးကြိုးပစ်ခံရကာ လေ တံခွန်ကြိုးမှတဆင့် လျှပ်စစ်စီးကြောင်းကိုတွေ့ပြီး လျှပ်စစ်ဓါတ်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

            ထို့ကြောင့်ကမ္ဘာလောကကြီးတွင် ဘုရားသခင် လူတို့အတွက်ပေးထားသော စွမ်းအင်များကို တစ်ခါတစ်ရံလွယ်ကူစွာ ရှာဖွေတွေ့ရှိခဲ့သော်လည်း၊-တစ်ခါတစ်ရံတွင်မူ အခြားသောသက်ရှိသက်မဲ့အရာတစ်ခုခုမှတစ်ဆင့် ရှာဖွေတွေ့ရှိတတ်ကြပါ သည်၊-ထိုအထဲတွင် လူတို့၏ ခေါ်တော်မူခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

            ကလ္လကတ္တားမှ မာသာရ်ထရေဇားသည် မိမိ၏အိပ်ခန်းပြူတင်းပေါက်မှ မြင်ရသော ဆင်းရဲသားရပ်ကွက်ကလေး၏နေ့ တစ်ဒူဝ လုပ်ငန်းဆောင်တာများကိုကြည့်ပြီး သူတို့အား အစေခံခြင်းဝတ်ကိုပြုရန် ဘုရားသခင်၏ခေါ်သံကို ကြားခဲ့ရ၏၊-စိန်သြ ဂုတ်စတင်းသည်လည်း သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ကြားရမှ ဘုရားသခင်၏ခေါ်သံကိုကြားရပြီး နောက်တော်သို့လိုက်ခဲ့ လေ။ထို့ကြောင့် တချို့သော ရဟန်းတော်တို့သည် အခြားသော ရဟန်းတော်များ၏ ရဟန်းသိက္ခာတင်ပွဲတော်သို့ သွားရောက် ရာမှ ခေါ်တော်မူခြင်း ခံရသည့်အဖြစ်များလည်း များစွာရှိခဲ့ပါသည်။

            ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊- သည်ကနေ့ကြားနာခဲ့ကြရသည့် ပထမကျမ်းစာတော်မြတ်ထဲတွင် ဆာမူအဲလ် သည် ဘုရားသခင်၏ခေါ်သံကို မိမိဆရာသခင် ဧလိမှတဆင့် သိရှိခဲ့ရသည်၊-ဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲတွင်လည်း သံပေ တရူးသည် မိမိ၏အစ်ကို အန္ဒြယ်မှတဆင့် ကယ်တင်ရှင်မက်ဆီးယားကို ဖူးတွေ့ကာ နောက်တော်သို့လိုက်ခဲ့၏၊အန္ဒြယ်သည် ကား သံယောဟန်ဗတ္တစ်မှဆင့် ကယ်တင်ရှင်ကို တွေ့ခဲ့၏။

            ထို့ကြောင့် ကျွန်ုပ်တို့အသီးသီးကိုလည်း ဘုရားသခင်သည် ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့များမှတဆင့် ခေါ်ဆောင် လျက်ရှိသည်ကို မမေ့သင့်ပါ၊-ထို့ကြောင့်ပတ်ဝန်းကျင်ရှိအရာသတ္တ၀ါအားလုံးကို တလေးတစားရှိကြရမည်ဖြစ်သည်၊-သက်ရှိ ဖြစ်ပါက ငယ်သူဖြစ်စေ-ကြီးသူဖြစ်စေ-လေးစာတန်ဖိုးထားကြရမည်ဖြစ်သည်၊သက်မဲ့ဖြစ်က-ဘုရားသခင်ဖန်ဆင်းထားသော အရာများဖြစ်သည့်အတွက်တန်ဖိုးရှိစွာအသုံးပြုကြရမည်၊-မဖြုံးမိဖို့ကိုတော့သတိချပ်သင့်၏၊သုံးသည်ကို ဘုရားသခင်နှစ်သက် ပါမည်၊သို့သော် မသုံးပဲ အလာဟသဖြုံးခြင်းကိုတော့မူ ဘုရားသခင်နှစ်သက်မည် မထင်ပါ။

            ယနေ့ကြားနာခဲ့ကြရသည့် ဒုတိယကျမ်းစာတော်မြတ်၌ သံပေါလူးက ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ဘုရားရှင်ကိန်း အောင်းစံပယ်ရာ ဗိမာန်တော်ဖြစ်သည်၊ထို့ကြောင့် မိမိတို့ခန္ဓာကိုယ်များကို လေးစာတန်ဖိုးထားကြရမည်၊-ကိုယ်ခန္ဓာသည်ကာ မဂုဏ်စည်းစိမ်လိုက်စားရန်မဟုတ်၊-ဟုဆိုထားပါသည်၊-

            ဆက်လက်၍ သံပေါလူးက ဆိုသည်မှာ လူတို့သည် အပြစ်နှစ်မျိုးကို ကျူးလွန်တတ်ကြသည်၊လူ့အပြင်မှအရာကိုပြစ် မှားခြင်းနှင့် လူ့အတွင်းမှ အရာကိုပြစ်မှားခြင်းတို့ဖြစ်သည်၊-ဆဲခြင်း၊ဆိုခြင်း၊မနာလိုဝန်တိုခြင်း၊ကဲ့ရဲ့  ပြစ်တင်ရှုတ်ချခြင်း၊ဝေဖန် ခြင်း၊ဒေါသကြီးခြင်း၊စသည်တို့သည် လူ့အပြင်မှအရာကို ပြစ်မှားခြင်းမည်၏၊သို့သော် ကာမဂုဏ်မှုကို ကျူးလွန်ခြင်း၊သူ့သား၊သူ့ မယားကိုဆော်ကားခြင်းသည်ကား လူ့အတွင်းမှအရာကို ပြစ်မှားခြင်းမည်သည်ဟုဆို၏၊

            လူ့အတွင်းမှအရာကို ပြစ်မှားသောသူသည် ဘုရားသခင်ကျိန်းအောင်းတော်မူရာ ဗိမာန်တော်ကို ဖျက်ဆီးခြင်းပင်ဖြစ် သည်ဟုဆိုရမည်ပင်၊-အကြောင်းမှာ လူ့ခန္ဓာကိုယ်သည် ဘုရားရှင်ကိန်းအောင်းတော်မူရာ ဗိမာန်တော်ဖြစ်သောကြောင့်ပင်ဖြစ် သည်၊ထို့အပြင် ခရစ္ဆတူးသခင်၏ ကိုယ်အင်္ဂါအစိပ်အပိုင်းလည်းဖြစ်သည်၊(ပ-ကော် ၆း၁၅)

            အားလုံးကို ချုပ်၍ဆိုရသော်-ဘုရားရှင်သည် ကျွန်တော်တို့ကို သူနှင့်အတူထာဝစဉ်အတူနေနိုင်ရန် အလိုတော်ရှိတော် မူသည်၊-ထို့အတွက် လိုအပ်သော ကျေးဇူးတော်အဖြာဖြာကို ကျွန်တော်တို့အသီးသီးးအားပေးသနားတော်မူသည်။-ထိုကျေးဇူး များသည် ကျွန်တော်တို့အတွင်း၌ရှာဖွေတွေ့နိုင်သိလို-ကျွန်တော်တို့၏အပြင်ဘက်တွင်လည်းတွေ့နိုင်ပါသည်၊-

            ကျွန်တော်တို့၏အတွင်း၌ရှိသော အသိပညာအမျှော်အမြင်ဥာဏ်အလင်းများသည်ကား ဘုရားရှင်ပေးသနားတော်မူ သောအတွင်းနှင့်သက်ဆိုင်သည့်ကျေးဇူးတော်များဖြစ်သည်၊ထို့အတူမိသားစု၊မိဘ ညီအစ်ကိုမောင်နှမကောင်းသော အဆွေခင်ပွန်း၊နှင့် မိမိကိုယ်ကိုကိုယ်တန်ဖိုးထားခြင်းတို့သည် ပြင်ပကျေးဇူးတော်များပင်ဖြစ်သည်၊

            နှစ်မျိုးစလုံးအရေးကြီးပါသည်၊-ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင်ရှိအရာများကို တန်ဖိုးထားလေးစားခြင်း အားဖြင့်လည်း ကောင်း၊မိမိအတွင်းမှ ဘုရားရှင်ပေးသနားတော်မူသော ဥာဏ်အလင်းကျေးဇူးတော်များကို မြတ်နိုးလေးစားကာ-တိုးပွားသည် ထက်တိုးပွားအောင်ကျိုးစားကြပါစို၊

            မိမိရရှိထားသည် ခေါ်တော်မူခြင်းကျေးဇူးတော်ကို ဆုံးခန်းတိုင် မလျှော့သောဇွဲသတ္တိဖြင့်လျှောက်လှမ်းကြပါစို့၊