Resources‎ > ‎Sunday For You‎ > ‎
နှစ်၏(၁၅)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
အတွဲ(၂)အမှတ်စဉ်( ၃၂)      နှစ်၏(၁၅)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့                ၁၅-၇-၂၀၁၂
ပထမကျမ်းစာ၊                                                                                                             
                                                      ငါ့လူမျိုးထံသို့ သွား၍ ဟောပြောလော့-
ပရောဖက်အာမော့စ်အနာဂတ္တိကျမ်း                                                                                  (၇း ၁၂ မှ ၁၅  အထိ )
ထိုကာလ၌ ဘက်သယ်၏ရဟန်းတော် အာမာဇီရားစ်သည် အာမော့စ်အား ပြောဆိုသည်မှာ၊-
-ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။
ဆာလံသီချင်းဧကျူးဘုရခြင်း၊
ဆာလံ ( ၈၄ ) ၊
သံပြိုင်။         ။ အိုသခင် ကိုယ်တော်၏ ကရုဏာတော်ကို ကျွန်ုပ်တို့အားပြတော်မူပါ။ကိုယ်တော်၏ ကယ်တင်ခြင်းကိုလည်း ကျွန်ုပ်တို့အား ပေးတော်မူပါ။
၁။         ဘုရားသခင်မိန့်တော်မူသောအရာများကို နားထောင်ပါမည်။အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးနှင့် သန့် ရှင်းသောသူတို့အား ငြိမ်းခ်ျးခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ကိုယ်တော်ကို ကြောက်သော သူတို့အဖို့ ကယ်တင်ခြင်း ချမ်းသာသည် အမှန်နိးကပ်လျက်ရှိ၏။-ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် ကျွန်ုပ်တို့၏ တိုင်းပြည်၌ တည်ရှိတော်မူလိမ့်မည်။ (သံပြိုင်)
၂။         ကရုဏာနှင့်သစ္စာတို့သည် အချင်းချင်းတွေ့ဆုံကြ၏။-ဖြောင့်မတ်ခြင်းနှင့်ငြိမ်းချမ်းခြင်းတို့သည်လည်း ရင်းနှီးစွာဆက် ဆံကြ၏၊- သစ္စာသည် မြေမှထွက်၍ ဖြောင့်မတ်ခြင်းတရားသည် ကောင်းကင်မှလှမ်း၍ ကြည့်လိမ့်မည်။-(သံပြိုင်)
ဒုတိယကျမ်း။
ကမ္ဘာမတည်မှီကပင် ကျွန်ုပ်တို့ကို ခရစ္ဆတူးသခင်၌ ရွေးကောက်တော်မူခဲ့ပြီ-
မွန်မြတ်သောတပည့်တော်ကြီး သံပေါလူး အေဖေဆီမြို့သားတို့ထံ ရေးထားသောဆုံးမစာ။( ၁း ၃ မှ  ၁၄ အထိ )
ကျွန်ုပ် သခင် ယေဇူးခရစ္ဆတူး၏ အဖခမည်းတော်ဘုရားသည် မင်္ဂလာရှိတော်မူ၏။ကိုယ်တော်သည် ကောင်းကင်နိုင်ငံ တော်၏၀ိညာဉ်ရေးဆိုင်ရာကောင်းချီးအဖြာဖြာတို့ကို ခရစ္ဆတူးသခင်အားဖြင့် ကျွန်ုပ်တို့အား ပေးသနားတော်မူပေသည်။ကျွန်ုပ် တို့သည် ကိုယ်တော်၏ မျက်မှောက်တော်၌ အစွန်းအကွက်မရှိ သန့်ရှင်းကြမည့်အကြောင်း ကမ္ဘာမတည်မီကပင်-ကျွန်ုပ်တို့ကို ခရစ္ဆတူးသခင်၌ ရွေးကောက်တော်မူခဲ့ပြီ၊-  ကိုယ်တော်သည် ယေဇူးခရစ္ဆတူးသခင်အားဖြင့် ကျွန်ုပ်တို့ကို မိမိ၏သားသမီးများ ဖြစ်ကြစေရန် အလိုတော်မြတ်အတိုင်း ကြိုတင်သတ်မှတ်တော်မူခဲ့သည့်အကြောင်းကား ကိုယ်တော်သည် မိမိအလွန်ချစ်မြတ် နိုးတော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့အား ရက်ရောစွာပေးသနားတော်မူသော အံ့ဖွယ်သော ကျေးဇူးတော်ကိုကျွန်ုပ် တို့ကဂုဏ်ပြုချီးမွမ်းထောမနာပြုကြရန်ဖြစ်သည်။-သားတော်၏ သွေးတော်အားဖြင့် ချမ်းသာတည်းဟူသော အပြစ်အခွင့်လွတ် ခြင်းကို ကျွန်ုပ်တို့ရကြသည်။ဤသည်ကား ပညာအမျှော်အမြင်နှင့် ကျွန်ုပ်တို့ား ဘုရားသခင်ပေးသနားတော်မူသော ကျေးဇူး တော်၏ ပြည့်စုံခြင်းတည်း။
ဘုရားသခင်သည် နက်နဲဖွယ်ရာအချက်ဖြစ်သော ခရစ္ဆတူးသခင်၌ လျာထားသောအကြံအစည်တော်ကို ကျွန်ုပ်တို့ အား အလိုတော်မြတ်အတိုင်း သိနားလည်စေတော်မူသည်။ထိုအကြံအစည်တော်သည်ကားသတ်မှတ်သော အချိန်သို့ရောက် သောအခါ ကောင်းကင်ဘုံ၌လည်းကောင်းမြေကြီးပေါ်၌လည်းကောင်း၊ရှိသောအရာခပ်သိမ်းတို့ကို ခရစ္ဆတူးသခင်၏လက် အောက်တွင် စုရုံးစေရန်ဖြစ်သည်။မိမိကြံစည်-စီစဉ်တော်မူသည့်အတိုင်း အရာခပ်သိမ်းတို့ကို ဆောင်ရွက်တော်မူသော ကိုယ် တော်၏အလိုတော်နှင့်အညီ ကြိုတင်သတ်မှတ်ခြင်းခံရသော ကျွန်ုပ်တို့သည်လည်း ခရစ္ဆတူးသခင်အားဖြင့် ရွေးကောက်ခြင်းခံ ရကြသည်။ကြိုတင်သတ်မှတ်တော်မူသော အကြောင်းကား ခရစ္ဆတူးသခင်ကို စောင့်မျှော်နေခဲ့ကြသော- ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြုကြရန်ဖြစ်၏။သင်တို့သည်လည်းသင်တို့ကယ်တင်ခြင်းချမ်းသာရရာအ ကြောင်းဖြစ်သောဧ၀ံဂေလိတရားတော်တည်းဟူသောနှုတ်ကပါဌ်တရားတော်ကို ကြားနာရ၍ ခရစ္ဆတူးသခင်ကိုယုံကြည်သည့်  အလျောက် ဘုရားသခင်ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်ခြင်းကို ခံရကြပြီ၊-ထိုသန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြုခြင်းငှာ ရွေးကောက်ခြင်းခံရသော သူတို့အား ကယ်တင်ခြင်းချမ်းသာကို ပေးသော အမွေတော်အတွက် အာမခံချက်ပေးရန် စရန်ဖြစ်တော်မူသည်။
                                            ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။
ဧ၀ံဂေလိကျမ်းမဖတ်မီ- ကြွေးကြော်သံ                                                (အေဖေဆီ  - ၁း ၁၇-၁၈ )
အာလေလူယား၊-
   -၊ဘုရားသခင်ခေါ်တော်မူခြင်း၏ မျှော်လင့်ချက်သည် အဘယ်မျှကြီးမားသည်ကို သိမြင်နိုင်ကြရန် ကျွန်ုပ်တို့၏ သခင် ယေဇူးခရစ္ဆတူး၏ အဖခမည်းတော်ဘုရားသည် သင်တို့၏ အသိဥာဏ်ကို အလင်းပေးတော်မူပါစေ။-
အာလေလူယား၊-
ဧ၀ံဂေလိကျမ်း။
 “-ကိုယ်တော်သည် စ၍ သူတို့ကို စေလွှတ်တော်မူသည်။-
သံမာရ်ကူး ရေးထားသော သန့်ရှင်းသော ဧ၀ံဂေလိကျမ်း။                                                     ( ၆း ၇  မှ  ၁၃  အထိ )
ထိုကာလ၌ သခင်ယေဇူးသည် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးနောက် စ၍ သူတို့ကို နှစ်ယောက်စီ-နှစ်ယောက်စီ စေလွှတ်သဖြင့် ညစ်ညူးသောနတ်ဆိုးတို့အပေါ်၌ သူတို့အား အခွင့်အာဏာကိုပေးတော်မူ၍ သူတို့အား မိန့်တော်မူသည်မှာ လမ်းခရီးအဖို့ တောင်ဝှေးတစ်ခုမှတစ်ပါး လွယ်အိပ်-မုန့်-ခါးပတ်၌ငွေမှစ၍ မည်သည့်အရာကိုမျှ သူတို့မဆောင်ကြရာ၊ဖိနပ်ကို ကားစီးကြလျက် အင်္ကျီနှစ်ထည်ကို မ၀တ်ကြရာ၊- ထို့ပြင်သူတို့အား မိန့်တော်မူသည်ကား မည်သည့်အရပ်မဆို-အိမ်သို့ဝင်ကြ လျှင် မထွက်မသွားမီတိုင်အောင် ထိုမှာနေကြလော့၊- သင်တို့ကို လက်မခံ-သင်တို့စကားကိုလည်းနားမထောင်သော သူရှိလျှင် သူတို့ထံမှ ထွက်သွားကြလျက် သူတို့အား သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေမှ မြေမှုန့်ကို ခါပစ်ကြလော့၊-သူတို့သည်ထွက် သွားကြ၍ နောင်တ-တရားကို ကျင့်ကြစေခြင်းငှာ ဟောပြောကြ၏၊-များစွာသော  နတ်ဆိုးတို့ကို နှင်ထုတ် ကြ၍ များစွာသော သူနာတို့ကိုလည်း ဆီနှင့် လူးသဖြင့် ချမ်းသာစေကြ၏။
ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်။
ကမ္မဌာန်းထောက်ရှုချက်၊-
                                        ကေသာထက်က ပန်းတစ်ပွင့်  
ကျွန်ုပ်တို့၏ဘ၀။
            ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့၊-ပန်းကလေးများကို လူတိုင်းနှစ်သက်ကြပါသည်။ ပန်းကလေးများသည် နေရာ တိုင်းနှင့် အံဝင်ကွင်ကျလှပါသည်။ဧည့်ခန်းတွင်ထားလျှင် ထိုဧည်ခန်းသည် ကျက်သရေရှိနေပါသည်။-ဘုရားခန်းတွင် ဘုရား ပန်းအဖြစ်တင်ပူဇော်ထားပြန်လျှင်လည်းမြင်ရသူတိုင်းအား ကြည်နူးစဖွယ်ဖြစ်စေစပါသည်။အောင်မြင်သူကို ဂုဏ်ပြုသည့်အခါ   ပန်းကုံးဖြင့်ချီးမြင့်သလို - သေဆုံးသူများအတွက် ၀မ်းနည်းကြေကွဲမှုကို ပန်းခွေဖြင့် ဖော်ပြတတ်ကြပြန်ပါသည်။အမျိုးသမီးများ ၏ဆံကေသာထက်တွင် တွေ့လိုက်ရပြန်တော့ ထိုအမျိုးသမီးကို ပို၍အလှတိုးစေပြန်သည်။-ပန်းကလေးများ၏ အသုံးဝင်မှုတစ် နည်းအားဖြင့် ဆိုရပါမူ    အကျိုးတော်ဆောင်မှုများကတော့ အမျိုးစုံလှသဖြင့် စာဖွဲ့ ၍ပင်ကုန်နိုင်မည်မထင်ပါ။
ကျွန်ုပ်တို့၏တန်ဖိုး။
ကျွန်ုပ်တို့၏ယုံကြည်ချက်။
ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့- ယနေ့ဖတ်ရှုရမည့် ဧ၀ံဂေလိကျမ်းစာတော်မြတ်၌ ခရစ်တော်ဘုရားက မိမိချစ် တပည့်များအား ကမ္ဘာအရပ်ရပ်သို့ စေလွှတ်သည့်အကြောင်း-ရောက်သည့်နေရာ-ဒေသတိုင်း၌ ဧ၀ံဂေလိတရားတော်ကို ဟော ပြောသက်သေခံကြရန်လည်းကောင်း-မိန့်တော်မူသည့်အကြောင်း-ကြားနာ-ကြာရမှာဖြစ်ပါသည်။ထို့ကြောင့် ဧ၀ံဂေလိ သတင်းကောင်းကို ကြေငြာဟောပြောခြင်းသည် လူတိုင်း၏ မဟာတာဝန်တစ်ရပ်ဖြစ်သည့်အပြင် - ဘုရားပေးတာဝန်လည်း ဖြစ်ပါသည်။ဤတာဝန်ကို ကျေပြွန်စွာထမ်းဆောင်နိုင်ရန် ပန်းကလေးများ၏ စိတ်ဓါတ်မျိုးကို အတုယူစေလိုပါသည်။ကိုယ်ကျိုး စွန့် အနစ်နာခံပြီး မိမိ၏ ဂုဏ်သရေထက် - ဘုရားရှင်၏ ဂုဏ်တော်များ ထင်ရှားပေါ်လွင်စေဘို့ ကျိုးစားကြရမည်ဖြစ်သည်။
ထို့ကြောင့်လည်း ရှေးယခင်က သာသနာပြု ပုဂ္ဂိုလ်တို့နှင့် ဘာသာဝင်တို့၏ ကိုယ်ကျိုးစွန့်အနစ်နာခံသာသနာပြုခဲ့ ကြ သည့်အတွက် ယနေ့ မြန်မာပြည် ကက်သလစ်သာသနာတော်ကြီးသည် ခိုင်ခိုင်မြဲမြဲနှင့် ရပ်တည်နေနိုင်ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့၏ ရှင်သန်မှု ။-
ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့၊ - ကျွန်ုပ်တို့နှင့် လက်လှမ်းမှရာနေရာဒေသများ၌ ခရစ်တော်၏ ချစ်ခြင်းမေတ္တာ များ  လွှမ်းမိုးလာနိုင်စေရန်အတွက် ပန်းပွင့်ကလေးများ၏ စိတ်ဓါတ်ကို ပုံတုယူကာ အနစ်နာခံတတ်သော စိတ်ကို မွေးမြူးရင်း သာသနာပြုလုပ်ငန်းများကို အားကျိုးမာန်တက် ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါသည်။
Comments