Resources‎ > ‎Sunday For You‎ > ‎

ပထမအာဒ်ဝင်တူးတနင်္ဂနွေနေ့

အတွဲ(၁) အမှတ်စဉ်(၁၈)                     ပထမအာဒ်ဝင်တူးတနင်္ဂနွေနေ့              ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်

ပထမကျမ်း၊

ကိုယ်တော်သည် ကောင်းကင်ကိုဖွင့်၍ ဆင်းကြွလာစေရန် ဆန္ဒပြုပါ၏၊-

ပရောဖက်အီဇာအိယအနာဂတ္တိကျမ်း       (၆၃း ၁၆ခ-၁၇၊ နှင့် ၆၄း၁နှင့် ၃ခ မှ ၈၊  အထိ )           
    အိုသခင်ကိုယ်တော်သည် ကျွန်ုပ်တို့၏အဖ၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏၊- ကိုယ်တော် ၏နာမတော်သည်ကား ကာလအစဉ်အဆက်တည် တော်မူ၏၊- အိုသခင်အဘယ်ကြောင့် ကျွန်ုပ်တို့ကို ကိုယ်တော်၏ လမ်းစဉ်များမှ တိမ်းစောင်းလွဲမှား စေ တော်မူပါသနည်း၊- အဘယ်ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်အား ကြောက်ရွံ့ခြင်းမရှိရန် ကျွန်ုပ်တို့၏ နှလုံးသားကိုခိုင်မာစေသနည်း၊- ကိုယ်တော်၏အမွေ ခံဖြစ်သောလူမျိုး၊ ကိုယ်တော်၏ကျွန်တို့ကို ထောက်၍ ကျွန်ုပ်တို့ဘက်သို့လှည်တော်မူပါ၊- ကိုယ် တော်သည် ကောင်းကင်ကိုဖွင့်၍ ဆင်း<ကလာစေရန် ဆန္ဒပြုပါ၏၊- တောင်ကြီးများတို့သည် ကိုယ်တော်၏ မျက်မှောက် တော်၍တုန်လှုပ်ကြလိမ့်မည်။-ကိုယ်တော်ကိုမျှော် လင့်ကိုးစားသောသူတို့အဖို့ ကိုယ်တော် ဆောင်ရွက် တော်မူသမျှကို ကိုယ်တော်မှလွဲ၍ ရှေးအထက်ထက် ကအခြားဘုရားကိုမျက်စိနှင့်မမြင်စဖူး၊- နားဖြင့်လည်း မကြားစဖူး၊တွေ့လည်းမတွေ့ဖူးကြပါ၊- ဖြောင့်မတ်ခြင်း တရားကို စိတ်ရောကိုယ်ပါ လိုက်ကျင့် သောသူတို့ နှင့်ကိုယ်တော်၏လမ်းစဉ်တို့၌ ကိုယ်တော် အားသတိ ရသောသူတို့ကို ကိုယ်တော်သည် ကြိုဆို လက်ခံ တော်မူ၏၊- ကျွန်ုပ်တို့သည် အပြစ်ပြုမိခဲ့ကြ သဖြင့် ကိုယ်တော်သည်အမျက်ထွက်တော်မူ၏၊-  ထိုအပြစ် များ၌ ကျွန်ုပ်တို့သည် ကာလအဆက်ဆက် ကယ်တင် ခြင်းရကြမည်လော၊-
    ကျွန်ုပ်တို့အားလုံး သည်မသန့်ရှင်း သူများ ဖြစ်ကြ၏၊- ကျွန်ုပ်တို့၏ကျင့်စဉ် အားလုံးတို့သည် ညစ်ပေသောအ၀တ်ကဲ့သို့ဖြစ်ကြ၏၊ - ကျွန်ုပ်တို့သည် လည်း သစ်ရွက်များကဲ့သို့ ကြွေကျကြ ကုန်၏၊- ကျွန်ုပ် တို့၏မကောင်း ဒုစရိုက်တို့သည် လေပြင်းကဲ့သို့ ကျွန်ုပ် တို့ကိုတိုက်လှန်ပစ်ကြ၏၊- ကိုယ်တော် ၏နာမတော်ကို ခေါ်တမည့် လူမရှိ၊- ထ၍ကိုယ်တော် အားဆည်းကပ် မည့်သူလည်းမရှိပါ။အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော် ၏မျက်နှာတော်ကို ကျွန်ုပ်တို့ထံမှ ၀ှက် ကွယ်ထားတော် မူ၏၊- ကျွန်ုပ်တို့ကိုကျွန်ုပ်တို့၏ အပြစ် ဒုစရိုက်ထဲ၌ နစ်မွန်းစေ တော်မူ၏၊-  ယခုမူကားအိုသခင်ကိုယ်တော်သည် ကျွန်ုပ်
တို့၏ အဖဖြစ်တော်မူ၏၊- ကျွန်ုပ်တို့သည်ရွှံ့မျှ သာဖြစ် ၍ကိုယ်တော်သည် ကျွန်ုပ်တို့ကို ထုလုပ်သော သူဖြစ် ပါ၏၊- ကျွန်ုပ်တို့မူကား ကိုယ်တော်၏ လက်ရာများ သာဖြစ်ကြ၏။
     
      ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ 

ဆာလံသီချင်းဧကျူးခြင်း-
(ဆာလံ -     ၈၀း    ၂-၃ယ      ၁၅-၁၆ယ    ၁၈-၁၉ယ )

သံပြိုင်။    ။အိုဘုရားသခင် ကျွန်ုပ်ကို ပြုပြင် ပြောင်းလဲပေး တော်မူပါ၊- ကိုယ်တော်၏ မျက်နှာတော်ကိုပြတော်မူပါ၊- ကျွန်ုပ်တို့ သည်လည်းကယ်တင်ခြင်းချမ်းသာရကြ ပါလိမ့်မည်။

၁။    အစ္စရေးလူမျိုးကို ထိန်းကျောင်းတော်မူသော သခင်- ကျွန်ုပ်တို့အား-နားညောင်းတော်မူပါ၊ခေရုဘိမ် တို့အထက်ရာဇပလ’င်ပေါ်၌ ထိုင်တော်မူသောသခင် ရောင်ခြည်တော်ကို လွှတ်တော်မူပါ၊-ကိုယ်တော်၏ တန်ခိုးတော်ကို  ပြတော်မူ၍ ကျွန်ုပ်တို့အားကယ်တင် ရန်<ကလာတော်မူပါ။-(သံပြိုင်)

၂။    တန်ခိုးတော်ရှင်ဘုရားသခင်၊- ကိုယ်တော်၏ မျက်နှာတော်ကိုလှည်တော်မူပါ၊- ကောင်းကင်ဘုံမှ ကြည့်တော်မူပါ၊-ထိုစပျစ်ဥယျာဉ်ကိုလာရောက်ကြည့် ရှုတော်မူပါ။ကိုယ်တော်၏လက်ယာလက်တော်ဖြင့် ဥယျာဉ်ကို လည်းကောင်း၊ ကိုယ်တော်ခွန်အားဖြည့် တင်းခဲ့သောလူသားကိုလည်းကောင်း၊ကွယ်ကာ စောင့်ရှောင့်တော်မူ ပါ၊-(သံပြိုင်)

၃။    ကိုယ်တော်၏လက်ရုံးတော်တည်းဟူသော ကိုယ်တော်ခွန်အားဖြည့်တင်းခဲ့သော လူသားအပေါ်၌ ကိုယ်တော်၏လက်တော်ကို တင်တော်မူပါ၊- ကျွန်ုပ် တို့သည် ကိုယ်တော်ကို စွန့်ပစ်ကြမည်မဟုတ်ပါ၊ ကျွန်ုပ် တို့အား ရှင်သန်စေတော်မူပါ၊ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါ လိမ့်မည်။- ( သံပြိုင် )

ဒုတိယကျမ်း

၊ကျွန်ုပ်တို့သခင် ယေဇူးခရစ္ဆတူးပေါ်ထွန်းတော်မူခြင်းကို ကျွန်ုပ်တို့စောင့်မျှော်နေကြသည်၊

မွန်မြတ်သောတပည့်တော်ကြီးသံပေါလူး-ကော်ရင်သီမြို့ သားတို့ထံရေးထားသောဆုံးမစာ-ပထမစောင်  ( ၁း ၃ မှ ၉ )အထိ

ညီအစ်ကိုတို့၊-
    ကျွန်ုပ်တို့အဖခမည်းတော်ဘုရားနှင့် ယေဇူး ခရစ္ဆတူးထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း သည်သင်တို့၌ရှိပါစေသော်၊-ဘုရားသခင်သည် ယေဇူး ခရစ္ဆတူးသခင်အားဖြင့် သင်တို့အား ကျေးဇူးတော် ကို ပေးသနားတော်မူသောကြောင့် သင်တို့အတွက် ကျွန်ုပ်တို့၏ဘုရားသခင်အား အစဉ်မပြတ်ကျွန်ုပ်ကျေး ဇူးတင်ပါသည်၊- ထိုသခင်အားဖြင့် သင်တို့သည် နှုတ် သတ္တိ၊ဥာဏ်သတ္တိအပေါင်းတို့နှင့်<ကယ်ဝပြည့်စုံကြသည်၊ ထို့ကြောင့်သင်တို့သည် ခရစ္ဆတူးသခင်ကို ၀န်ခံကြ ကြောင်း ပေါ်လွင်ထင်ရှားလှသည်၊- သို့ဖြစ်၍သင်တို့ သည် ကျွန်ုပ်တို့သခင် ယေဇူးခရစ္ဆတူးပေါ်ထွန်းတော် မူခြင်းကိုစောင့်မျှော်နေကြစဉ်၊ - ကိုယ်တော်၏ကျေးဇူး တော်အားလုံးကို ခံယူကြရသည်၊- ကျွန်ုပ်တို့ သခင် ယေဇူးခရစ္ဆတူး<ကလာတော်မူသောနေ့၌ သင်တို့သည် အပြစ်ဒုစရိုက်နှင့်ကင်းစင်နိုင်ရန် ကိုယ်တော်သည် သင်တို့ကို ဆုံးခန်းတိုင်အောင် အားတန်ခိုးပေးသနား တော်မူလိမ့်မည်၊- ဘုရားသခင်၏ သားတော်ကျွန်ုပ် တို့၏ သခင်ယေဇူးခရစ္ဆတူးနှင့်ပေါင်းသင်းဆက်ဆံနိုင် ရန်  သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်သည် သစ္စာသမ္မာဓိနှင့်ပြည့်စုံတော်မူသည်။-
      
       ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
    ဘုရားသခင်အား ကျေးဇူးတင်ပါသည်။


ဧ၀ံဂေလိကျမ်းမဖတ်မီကြွေးကြော်သံ၊
( ဆာလံ   ၈၄း   ၈   )
အာလေလူယား -အာလေလူယား
အိုသခင်၊ကိုယ်တော်၏ ကရုဏာ တော်ကိုကျွန်ုပ်    တို့ အားပြတော်မူ၍ ကိုယ်တော်၏ကယ် တင်ခြင်းကို     ကျွန်ုပ်တို့အား ပေးတော်မူပါ။
အာလေလူယား -အာလေလူယား
       
ဧ၀ံဂေလိကျမ်း
 စောင့်နေကြလော့၊ အကြောင်းမူကား အိမ်ရှင်သည် အဘယ်အချိန်လာမည်ကို သင်တို့မသိကြ။-

သံမာရ်ကူးရေးထားသောသန့်ရှင်းသော ဧ၀ံဂေလိကျမ်း  ( ၁၃း ၃၃ မှ ၃၇ )အထိ

ထိုကာလ၌ သခင်ယေဇူးသည် မိမိတပည့်ကြီးတို့အား  ဤသို့အမိန့်တော်ရှိသည်၊-
    အဘယ်သောအခါ ထိုအချိန်ရောက်မည် ကို မသိရသောကြောင့် သတိပြုကြ၊စောင့်ရှောက်ဆု တောင်းကြလော့၊- အရပ်တစ်ပါးသို့ထွက်သွားသော သူသည် မိမိအိမ်ကိုထားခဲ့၍ ရှိသမျှအမှုအရေးအခွင့် ကို မိမိငယ်သား အသီးသီးတို့အား ပေးထားခဲ့ပြီးမှ တံ ခါးမှူးကို စောင့်စေခြင်းငှာမှာထားခဲ့သောသူ့ကဲ့သို့ဖြစ် ၏၊- သို့ဖြစ်၍ စောင့်နေကြလော့၊-အကြောင်းမူကား  အိမ်ရှင်သည် ညဦးယံ၌လော၊သန်းခေါင်းယံ၌လော၊- ကြက်တွန်ချိန်၌လော၊နံနက်လော၊အဘယ်အချိန်လာမည် ကို သင်တို့မသိကြ၊- အမှတ်တမဲ့လာလျှင်၊ သင်တို့ အိပ်လျက်နေသည်ကို တွေ့မည်ဟုစိုးရိမ်ရာသတည်း၊ စောင့်ကြလော့၊သင်တို့အား ငါဆိုသည်ကို သူခပ်သိမ်း တို့အား ငါဆို၏။

    ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
အိုခရစ္ဆတူးသခင်ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေ။
 

ထောက်ရှုစဉ်းစားဆင်ခြင်ရန်၊

အခြေပြုကျမ်း =  အီဇာအိယ (၆၃း ၁၆ခ-၁၇၊ နှင့် ၆၄း၁နှင့် ၃ခ မှ ၈၊)   ကော်ရင်သီ( ၁း ၃ မှ ၉ ) သံမာကူး ၁၃း ၃၃ မှ ၃၇

  ငါးမျှားနည်း သင်ပေးလိုက်ပါ 
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊အင်္ဂလိပ်ဆိုရိုးစကားတစ်ခွန်းရှိပါတယ်၊ ``စားစရာမရှိသူကို ငါးတစ်ကောင်ပေးတာထက်၊ငါးမျှားနည်းသင် ပေးတာက သူ့ဘ၀ဖူလုံမယ်´´ဆိုတဲ့စကားလေးဖြစ်ပါတယ်။-ငါးတစ်ကောင်ဟာ စားစရာမရှိသူအတွက် တစ်နပ်စာပဲ အစဉ်ပြေမှာဖြစ်ပါတယ်၊ -နောက်ရက်တွေမှာ ပြန်လိုအပ်နေအုံးမှာဖြစ်ပါတယ်၊-ဒ့ါကြောင့် နေ့ရက်တိုင်းအတွက် အစဉ်ပြေစေဖို့ငါးမျှားနည်း သင်ပေးခြင်းဟာ အကောင်းဆုံးပင်ဖြစ်ပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်၊
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊-လူ့ဘ၀ကြီးမှာ လိုအပ်ချက်တွေဟာ အမြဲရှိနေမှာဖြစ်ပါတယ်၊-သည်လိုအပ်ချက်တစ်ခုဖြည့်ဆည်းပေးလိုက် တာနဲ့ အခြားလိုအပ်မှုတွေ၊လိုအပ်ချက်တွေ ထာဝစဉ်မရှိတော့ဖူးလို့ ဘယ်သူမှ အာမ-မခံပါဖူး၊-ကျွန်တော်တို့လူတွေဟာ အရာရာ တိုင်းရဲ့ပြဿနာတွေကို ဘုရားသခင်က-မှော်ဆရာတစ်ဦးပမာ `အုံဖွ´ မန်းမှုတ်လိုက်တာနဲ့၊ အာလာဒင်မီးခွက်ထဲက နတ်သမီးလေးထွက်လာပြီး သခင်ဘာအလိုရှိပါသလဲ၊ လို့မေးစေ  ချင်ကြပါတယ်၊- ဘုရားသခင်က ထိုနည်းလမ်းများကို ဘယ်တော့မှ အသုံးပြုမှာ မဟုတ်ပါဖူး၊-ဘာလို့လည်းဆိုတော့ လူ့ဘ၀ရဲ့လိုအပ်ချက်တွေဆိုတာ ရေတွက် လို့ကုန်နိုင်တာမှ မဟုတ်တာ၊-ဘိုးဘိုးအောင်ရဲ့ ` ၀ ´လုံးလေးတွေလို တစ်လုံးဖျက်လိုက်တိုင်းနှစ်လုံးပြန်ပေါ်လာသလိုဖြစ်နေတတ်လို့ပါပဲ၊-သည်တော့ အခက်အခဲ တိုင်း၊ပြဿနာတိုင်းကို အဖြေရှာကာ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ပြပေးတာက ပိုကောင်းမှာဖြစ်ပါတယ်။စားစရာမရှိသူကို ငါးတစ်ကောင် ပေးမယ့်အစား - ငါးမျှားနည်းကို သင်ပေးတာက ပိုကောင်းတယ်ဆိုတဲ့နည်းလမ်းအတိုင်းဖြစ်ပါတယ်၊-
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊-သည်ကနေ့ကြားနာကြရမယ့် ပထမကျမ်းစာတော်မြတ်ထဲမှာ အီစရာအဲလ်လူများဟာ ဘေဘီလုံမြို့ကြီးကို မိမိတို့အစွမ်းအစနှင့်တည်ဆောက်ကြရမည်ဟုဆိုသည့်အခါ ခြေမကိုင်မိလိုက်မကိုင်မိ-ဖြစ် သွားကြရပါတော့တယ်၊ ဘာ့ကြောင့်လည်းဆိုတော့၊ယခင်ကဘုရားသခင် ဟာ ၎င်းင်းတို့၏ လိုအပ်မှုမှန်သမျှကို အပူအပင်အကြောင့်အကြ မရှိစေရပဲ ဖြည့်ဆည်းပေးခဲ့ပါတယ်၊ သဲကန္တာရထဲမှာဖြစ်နေလင့်ကစား၊သောက်စရာမရှိတဲ့ အခါမှာ ကျောက်ဆောင် ကနေ ရေထွက်စေခဲ့ပါတယ်၊-စားစရာမရှိတော့တဲ့အခါ- ကောင်းကင်ကနေ `မာနာ´ မုန့်ကို မိုးအသွင်ရွာစေပြီးကျွေးမွေးခဲ့ပါတယ်၊-သူတို့သည်အရာရာတွင် ကျိုးစားအားထုတ်ရန်မလို၊ဘုရားရှင်ကဖြည့်ဆည်းပေးနေသည့်အတွက် မိမိအစွမ်းအစနှင့်ဆောင်ရွက်ရသည့်အခါ အခက်အခဲများနှင့်ရင်ဆိုင်ကြရပါတော့သည်၊
    သည်ကနေ့ကျွန်တော်တို့လူသားတွေဟာ ရာသီဥတုဖေါက်ပြန်တဲ့အတွက် ရေကြီးရင်လည်း၊ဘုရားသခင်ထံအော်ဟစ်ကာ ရေတွေကြီးကုန်ပြီးလူတွေ   သေကုန်ပါပြီကယ်ပါအုံးလို့အော်ဟစ်ခဲ့ကြပါတယ်၊မိုးရွာရင်လည်း-မိုးတွေ အဆက်မပြတ်ရွာကုန်ပြီး မိုးရွာခြင်းတွေရပ်ပေးပါအုံးလို့အော်ဟစ်ကြပြန်တယ်၊ ရောဂါတွေ ထူလာခြင်း၊မြေငလျင်တွေ အဆက်မပြတ် လှုပ်ခပ်လာခြင်း၊ ဆူနာမီလှိုင်းတွေ တက်လာခြင်း၊ နာဂစ်လိုမုန်တိုင်းတွေ ၀င်လာခြင်းတွေဖြစ်ပြန်ရင်လည်း၊ဘုရားထံ တားဆီးပေးဖို့ အော်ဟစ်တောင်းလျှောက် ကြပြန်ပါတယ်၊- သည်ကနေ့ကြားနာရမယ့် ပထမကျမ်းစာမှာအီစရာလ်တွေက ]ကိုယ်တော်သည် ကောင်းကင်ကို ဖွင့်၍ဆင်းကြွလာစေရန် ဆန္ဒပြုပါ၏ လို့ တောင်းလျှောက်ခဲ့ပါတယ်၊-ထာဝရဘုရားရှင်ဟာ သည်ဒုက္ခ၊ သည်ပြဿနာလေးကိုဖြေရှင်းပေလိုက်တာနဲ့၊ ငလျင်လှုပ်ခြင်းတွေ ၊ရေကြီး ခြင်းတွေ၊ရောဂါထူပေါခြင်းတွေ လုံးဝမရှိတော့ဖူးလို့ ပြောလို့မရပါဖူး၊ ဒါ့ကြောင့် ပြဿနာတွေနဲ့ရင်ဆိုင်ရတိုင်း၊ ဒုက္ခတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း ခံနိုင်ရည်ရှိပြီး မိမိအစွမ်းအစနဲ့ ဖြတ်ကျော်နိုင်ဖို့ ကျွန်ုပ်တို့အသီးသီးကို လုံလောက်သော ကျေးဇူးတော်များ သွန်းလောင်းပေးသနားတော်မူထားပါတယ်၊-သည်ကနေ့ဖတ်ရမယ့် ဒုတိယကျမ်းစာမှာ ယေဇူးခရစ္ဆတူး ကြွလာတော်မူသောနေ့၌ သင်တို့သည် အပြစ်ဒုစရိုက်မှ ကင်းစင်နိုင်ရန် ကိုယ်တော်သည် သင်တို့ကို ဆုံးခန်းတိုင်အောင် အားတန်ခိုးပေးသနားတော်မူလိမ့်မည် လို့သံပေါလူးရဲ့ ဆုံးမစကားကို ကြားနာကြရမှာဖြစ်ပါတယ်။အခုလို အာဒ်ဝင်တူးကာလ၌ ကယ်တင်ရှင်ကို စောင့်နေရတဲ့အချိန်မှာ ကယ်တင်ရှင်ဟာမှော်ဆရာလိုကြွလာမှာ မဟုတ်ပါဖူး၊ အစေခံတစ်ဦးပမာကြွလာမယ့်အကြောင်း ယုံကြည်နားလည်ထားကြပါစို့လို့သတိပေးနှိုးဆော်လိုက်ပါသည်။


(georgemdy2011@gmail.com)

(gkhinmghtwemdy2011@mandalayarchdiocese.com)

Comments