Resources‎ > ‎Sunday For You‎ > ‎

နှစ်၏(၂၈)ကြိမ်မြောက် သာမန် တနင်္ဂနွေနေ့

အတွဲ(၁) အမှတ်စဉ်(၁၁)         နှစ်၏(၂၈)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့      ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၉ ရက်

ပထမကျမ်း

 သခင်ဘုရားသည်  စားပွဲသောက်ပွဲကို ကျင်းပသဖြင့် လူအပေါင်းတို့မျက်နှာကို  ရွှင်မြူးစေသည်၊

ပရောဖက်အီဇာအိယအနာဂတ္တိကျမ်း(  ၂၅    ၆ မှ ၁၀  )

          ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ဘုရားသ ခင်သည် ထိပ်တန်းစားပွဲခဲဖွယ်တို့နှင့် လည်းကောင်း၊ စစ် သောစပျစ်ရည်များဖြင့်လည်းကောင်း၊အဆီအနှစ်အရသာပြည့်သော အရာများနှင့်လည်းကောင်း၊ လူအပေါင်း တို့အဖို့ ဤ တောင်ပေါ်၌ ပွဲတော်ကိုတည်ခင်းတော် မူလိမ့်မည်။ ကိုယ်တော်သည် လူအပေါင်းတို့၏ မျက်နှာ ကိုဖုံးထားသောအဖုံးကိုလည်းကောင်း၊လူမျိုးတကာတို့ အပေါ် ဖုံးအုပ်နေသော အရာကိုလည်းကောင်း၊- ဤ တောင်ပေါ်၌ဖယ်ရှားလိမ့်မည်။-ဘုရားသခင်သည် သေခြင်းတရားကို အစဉ် ထာဝရသုတ်သင်ပယ်ရှင်း၍ လူအပေါင်းတို့၏မျက်နှာမှမျက်ရည်ကိုသုတ်ပေးတော် မူလိမ့်မည်၊   မြေတစ်ပြင်လုံးမှ မိမိလူမျိုး၏ဒုက္ခဆင်း ရဲများကိုလည်းဖယ်ရှားစေလိမ့်မည်။-အကြောင်းမူကား သခင်ဘုရားသည် ဤကဲ့သို့အမိန့်တော်ရှိ၏၊- ထိုကာ လ၌ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကိုယ်တော်ပင်ဖြစ် ၏၊- ကျွန်ုပ်တို့ကို ကယ်တင်ရန်ကိုယ်တော်ကို ကျွန်ုပ် တို့စောင့်နေခဲ့ကြပြီ၊- ကျွန်ုပ်တို့၏ သခင်သည် ကိုယ် တော်ပင်ဖြစ်၏၊-  ကိုယ်တော်ကို ကျွန်ုပ်တို့စောင့်မျှော် လျက်နေကြ၏၊-ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင် လန်းဝမ်းမြောက်ကြစို့၊- အကြောင်းမူကား သခင်ဘု ရား၏ လက်ရုံးတော်သည် ထိုတောင်ပေါ်၌ တည်နေ တော်မူလိမ့်မည်ဟု ဆိုရလိမ့်မည်။-

 ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။

ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ 

  ဆာလံသီချင်းဧကျူးခြင်း-

(ဆာလံ -     ၈၀         ၉ယ    ၁၂ယ    ၁၃-၁၄ယ    ၁၅-၁၆ယ    ၁၉-၂၀)

 သံပြိုင်။         ။ကျွန်ုပ်သည် သခင်ဘုရား၏ဗိမာန်တော် ၌ အစဉ်အမြဲနေထိုင်ပါမည်။-

 ၁။       သခင်ဘုရားသည် ကျွန်ုပ်ကိုစောင့်ရှောက်ထိန်း သိမ်းတော်မူ၏၊ကျွန်ုပ်၌မည်သည့်အရာမျှလိုလေသေး ရှိမည်မဟုတ်၊-စိမ်းလန်းစိုပြေသော စားကျက်၌ ကျွန်ုပ် ကိုထားတော်မူ၏၊ဆိတ်ငြိမ်သောရေအိုင်နားသို့ကျွန်ုပ် ကိုခေါ်ဆောင်တော်မူ၍ ကျွန်ုပ်၏စိတ်ကိုငြိမ်းအေး စေ တော်မူ၏၊-(သံပြိုင်)

၂။       ကိုယ်တော်သည် မိမိ၏နားမတော်ကိုထောက် ၍ကျွန်ုပ်အားလမ်းမှန်ကိုညွှန်ပြတော်မူ၏၊-အကြောင်း မူကား သေမင်း၏အရိပ်ချိုင့်ဝှမ်းတွင် ကျွန်ုပ်လျှောက် မိလေသော်မည်သည့်ဘေးကိုမျှ ကျွန်ုပ်ကြောက်ရွံ့မည် မဟုတ်၊- ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူရှိတော်မူ၏၊ ကိုယ်တော်၏တောင်ဝှေးသည် ကျွန်ုပ်အဖို့နှစ်သိမ့်စရာ ဖြစ်ပေ၏၊-(သံပြိုင်)

၃။ ကိုယ်တော်သည် ကျွန်ုပ်အားဒုက္ခပေးကြသော သူတို့ကို ဆန့်ကျင်ဘက် ကျွန်ုပ်၏မျက်မှောက်၌ စားပွဲ တော်ကိုခင်းကျင်းတော်မူ၏၊- ကိုယ်တော်သည် ကျွန်ုပ် ၏ဦးခေါင်းကိုဆီနှင့်လိမ်းကျံတော်မူ၏၊- ကျွန်ုပ်၏ဖ လားတော်ကိုလည်း ပြည့်လျှံစေတော်မူ၏၊(သံပြိုင်)

၎။       အကြောင်းမူကား ကောင်းမြတ်ခြင်းနှင့် ကရု ဏာသည် ကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကျွန်ုပ်၌ တည်နေလိမ့်မည်၊- ကျွန်ုပ်သည်လည်းကိုယ် တော်၏ဗိမာန်တော်၌ အစဉ်အမြဲနေထိုင်ပါမည်။-   (သံပြိုင်)။

  

ဒုတိယကျမ်း

 ၊ကျွန်ုပ်ကိုခွန်အားတန်ခိုးပေးတော်မူသောသခင်၌ အရာခပ်သိမ်းကျွန်ုပ်တတ်စွမ်းနိုင်ပါသည်၊

  မွန်မြတ်သောတပည့်တော်ကြီးသံပေါလူးဖီလစ်ပီမြို့သား တို့ ထံရေးသောဆုံးမစာ၊-    (၄း ၁-၁၄ နှင့် ၁၉-၂၀)

 ညီအစ်ကိုတို့၊-

          ဆင်းရဲခြင်းကိုလည်းကောင်း၊ရှုတ်ချခြင်းကို လည်းကောင်း၊အဘယ်သို့ခံရမည်၊ကြွယ်ဝချမ်းသာအောင် အဘယ်သို့ပြုရမည်ကို ကျွန်ုပ်သိပါသည်၊-ကျွန်ုပ်သည် အစာဝသည်ဖြစ်စေ၊ အစာငတ်သည်ဖြစ်စေ၊ ဆင်းရဲသည့် ဖြစ်စေ၊ချမ်းသာကြွယ်ဝသည်ဖြစ်စေ ဘယ်နေရာ၊ဘယ်အ ခြေအနေမျိုးကို မဆိုရင်ဆိုင်ရန် အဆင်သင့်ရှိပါသည်၊- ကျွန်ုပ်အားခွန်အားတန်ခိုးပေးတော်မူသော သခင်၌ မည် သည့်အရာကိုမဆို ကျွန်ုပ်တတ်စွမ်းနိုင်ပါသည်၊-သို့ပင် သော်လည်း ကျွန်ုပ်ဒုက္ခဆင်းရဲခံနေရစဉ် ကျွန်ုပ်နှင့်ဆက် သွယ်ကြခြင်းဖြင့် သင်တို့သည် ကျွန်ုပ်အပေါ်အလွန်ကောင်း မွန်ကြပေသည်၊- ကျွန်ုပ်၏ဘုရားသခင်သည်လည်း ဘုန်း စည်းစိမ်တော်နှင့် အလွန် ကြွယ်ဝတော်မူသည်ဖြစ်၍ ခရစ္ဆတူးသခင်အားဖြင့် သင်တို့၏ အလိုဆန္ဒ အားလုံးကို ဖြည့်စွက်တော်မူလိမ့်မည်၊- ကျွန်ုပ်တို့ အဖခမည်းတော် ဘုရားအား ကာလဆက်ဆက် ဘုန်းတော် ဂုဏ်တော်ရှိပါစေ သော်။          ။အာမင်၊-

              ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။

          ဘုရားသခင်အား ကျေးဇူးတင်ပါသည်။

 

ဧ၀ံဂေလိကျမ်းမဖတ်မီကြွေးကြော်သံ၊

( အေဖေစီ-          ၁၇-၁၈  )

 အာလေလူယား - အာလေလူယား

 ကျွန်ုပ်တို့အား ဘုရားသခင်ခေါ်တော်မူခြင်း၏ မျှော်မှန်းချက်သည် ဘယ်မျှ ကြီးမားသည်ကို သိမြင်နိုင်ကြရန် ကျွန်ုပ်တို့သခင် ယေဇူးခရစ္ဆတူး၏  အဖခမည်းတော်သည် သင်တို့၏ အသိဥာဏ်ကို အလင်းပေးတော်မူပါစေ

အာလေလူယား - အာလေလူယား

 ဧ၀ံဂေလိကျမ်း

တွေ့လေသမျှသူတို့ကို ခေါ်ဖိတ်ကြလော့၊

 သံမာတေဦးရေးထားသည့် သန့်ရှင်းသော ဧ၀ံဂေလိကျမ်း ( ၂၂း ၁ မှ  ၁၄  )အထိ

          ထိုကာလ၌ သခင်ယေဇူးသည် ရဟန်း အကြီးအကဲနှင့်ခေါင်းဆောင်လူကြီးတို့အား ဥပမာစကားတို့ဖြင့် တစ်ဖန် မိန့်တော်မူ သည်ကား- ကောင်းကင်နိုင်ငံတော်သည် မိမိသားအဖို့မင်္ဂလာ ဆောင်ပွဲကို စီရင်သော ရှင်ဘုရင်နှင့်တူ၏၊-ပွဲသို့ဖိတ် ခေါ်ပြီးသော သူတို့ကို ခေါ်စေခြင်းငှာ မိမိအစေအပါ တို့ကို စေလွှတ်လျှင် ထိုသူတို့သည်မလာဘဲနေကြ၏၊- တစ်ဖန်အခြားအစေအပါး တို့ကို  စေလွှတ်၍စားသောက် ပွဲခင်းကျင်းပြီးပြီ၊-နွားမှစ၍ ဆူဝသောတိရစ္ဆာန်များကို သတ်၍ ပြီးပြီ၊အားလုံးစုံတို့သည်လည်း အသင့်ရှိပြီ၊ မင်္ဂလာဆောင်ပွဲသို့လာကြပါဟု ဖိတ်ပြီးသောသူတို့ အားပြောကြလော့ဟုမှာလိုက်လေ၏၊-ထိုသူတို့မူ ကား ကရုမမူဘဲ တစ်ယောက်သောသူသည် မိမိဥယျာဉ် သို့၊တစ်ယောက်သောသူသည် မိမိလုပ်ဆောင်ရာသို့ ထွက်သွားလေ၏ ၊ကြွင်းကျန်သောသူတို့မူကား အစေ အပါတို့ကို ဖမ်းဆီး၍ ကြမ်းတမ်းစော်ကားခြင်းကိုပြု ပြီးမှ သူတို့ကိုသတ်ကြလေ၏၊-ရှင်ဘုရင်သည်ကား ကြားလျှင် အမျက်တော်ထွက်သဖြင့် မိမိတပ်များကို ချီစေ၍ ထိုလူသတ်တို့ကိုဖျက်ဆီးသုတ်သင်ပြီးလျှင် သူတို့၏ မြို့ကိုမီးရှို့လေ၏၊- ထို့နောက်မိမိအစေအပါ တို့အား မင်္ဂလာဆောင်ပွဲခင်းကျင်းလျက်ရှိပြီးမှန်၏၊- ခေါ်ဖိတ်သောသူတို့မူကား မထိုက်တန်ကြပြီ၊-သို့ဖြစ် ၍ လမ်းဝများသို့ သင်တို့သွားကြသဖြင့် တွေ့လေသမျှ တို့ကိုပွဲသို့ခေါ်ဖိတ်ကြလော့ဟုဆိုလျှင်၊အစေအပါတို့ သည်လမ်းများသို့ထွက်သွားကြ၍ ကောင်းမကောင်း တွေ့ကြသမျှသောလူတို့ကိုစုဝေးစေကြသဖြင့် မင်္ဂလာ ဆောင်ပွဲ၌ လျောင်းသောသူတို့သည်အပြည့်ရှိကြ လေ ၏၊- ရှင်ဘုရင်သည်ကား ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုအံ့သောငှာ ၀င်လာသောအခါ ထိုနေရာမှာ မင်္ဂလာဆောင်ပွဲအ၀တ်ကို မ၀တ်သောသူတစ်ဦးကို မြင်လျှင် ထိုသူအား၊-အဆွေမင်္ဂလာဆောင်ပွဲအ၀တ် မပါဘဲ အဘယ်ကြောင့်ဤ အရပ်သို့ ၀င်လာသနည်း ဟုမေးတော်မူ၏၊- ထိုသူသော်ကား ပြန်မပြောနိုင်ဘဲ နေ၏၊-ထိုအခါရှင်ဘုရင်သည် မင်းလုလင်တို့အား   ထိုသူ၏ ခြေလက်တို့ကို ချည်နှောင်၍ အပြင်မှောင်မိုက်ထဲသို့ချလိုက်လော့၊-ထိုအရပ်၌ ငိုကြွေးခြင်း၊အံသွား ခဲကြိတ်ခြင်းရှိလိမ့်မည်ဟုမိန့်တော်မူ၏၊ အကြောင်းမူ ကား  ခေါ်ဖိတ်ခြင်းခံရသူများကြ၏၊ ရွးကောက် ခြင်းခံရသောသူတို့မူကား နည်းပါးကြ၏၊-

 ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။

အိုခရစ္ဆတူးသခင်ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေ။


ထောက်ရှုစဉ်းစားဆင်ခြင်ရန်၊

အခြေပြုကျမ်း =  ပရောဖက်အီဇာအိယအနာဂတ္တိကျမ်း(  ၂၅    ၆ မှ ၁၀  )ဖီလစ်ပီဆုံးမစာ(၄း ၁-၁၄ နှင့် ၁၉-၂၀) သံမာတေဦး ၂၂း ၁ မှ  ၁၄ အထိ၊

ခရစ်တော်၌ ဘယ်အရာကိုမဆို ကျွန်ုပ်တတ်နိုင်ပါသည်

          ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့၊-တစ်ခါတုန်းက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ တနင်္ဂနွေမစ္ဆားတစ်ခုမှာ ကျမ်းစာဖတ် ပါတယ်၊-အ၀တ်ခပ်နွမ်းနွမ်းနဲ့၊၀တ်ထားတဲ့ပုဆိုးကလည်း အပေါက်တွေအဖါတွေနဲ့၊ဘုရားကျောင်းဆင်းပြီးနောက် မင်္ဂလာဧည့်ခံပွဲတစ်ခုကိုသွား တော့၊-တိုက်ပုံ အင်္ကျံ၊နဲ့ပါတိတ် ပုဆိုးနဲ့၊ စမတ်ကျကျဝတ်ဆင်သွားပါတယ်၊-ဒါ့ကြောင့် ကျွန်တော်က သူ့ကို မေးခွန်းထုတ် လိုက်ပါတယ်၊-ဧည့်ခံပွဲ သွားတဲ့အ၀တ်အစားနဲ့ ဘုရားကျောင်း မတတ်ရတာလည်းပေါ့၊ သည်တော့ အဲ့သည့်ပုဂ္ဂိုလ်က ဧည့်ခံပွဲမှာ ဒံပေါက်ကျွေးမှာလေ တဲ့၊အော် လက်ဘက်ရည်တိုက်တဲ့ ဧည့်ခံပွဲဆို စမတ်ကျကျဝတ်ပြီးသွားဖို့မလိုဖူးဆိုတဲ့သဘောပေါ့၊-

          ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊-ကျွန်တော်တို့အားလုံးဟာ ဘုရားရှင်ရဲ့ စားပွဲတော်သို့ တက်ရောက်နိုင်ရန်ဖိတ်ခေါ်ခြင်းခံကြ ရတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်၊-အဲ့သည့်စားပွဲတော်မှာ တည်ခင်း ဧည့်ခံကျွေးမွေးမယ့် အစားအစာများဟာ၊၀က်သားဗလာမဟုတ်ပါဖူး၊အိုက်စခရင် လို့ခေါ် တဲ့  ရေခဲ့မုန့်မဟုတ်ပါဖူး၊ ဒံပေါက်လည်းမဟုတ်ပါဖူး၊- ခရစ်တော်ဘုရားရှင်ရဲ့ အသွေးအသားတော်မြတ်ပင်ဖြစ်ပါတယ်၊အဘယ်မျှလောက် တန်ဖိုးကြီး၊အဘယ်မျှလောက်မွန်မြတ်လှပါသလဲ၊-

          သည်ကနေ့ကြားနာကြရမယ့် ပထမကျမ်းစာတော်မြတ်ထဲမှာ အီဇာအိယ ပရောဖက်က ကောင်းကင်ဗိုလ်ခြေတို့၏ အရှင်ဘုရားသခင် သည် ထိပ်တန်း စားပွဲခဲဖွယ်တို့နှင့် လည်းကောင်း၊ စစ်သောစပျစ်ရည်များဖြင့်လည်းကောင်း၊အဆီအနှစ်အရသာပြည့်သော အရာများနှင့်လည်းကောင်း လူအပေါင်းတို့အဖို့ ဤတောင်ပေါ်၌ ပွဲတော်ကိုတည်ခင်းတော်မူလိမ့်မည် လို့ရေးထားတာကို ကြားနာကြရမှာဖြစ်ပါတယ်၊

          ဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲမှာလည်း ခရစ်တော်ဘုရားကမိမိသားအတွက် မင်္ဂလာဆောင်ပွဲကို ခမ်းနားကြီးကျယ်စွာကျင်းပတဲ့ ရှင်ဘုရင်တစ်ပါးအကြောင်းကို ဥပမာပေးခဲ့ပါတယ်၊-သည်ရှင်ဘုရင်ဟာ မိမိသားတော်အတွက် မင်္ဂလာဆောင်ပွဲကိုကျင်းပပြီးဧည့်သည်အမြောက် အများကို ဖိတ်ခေါ်ထားပါတယ်၊ ရှင်ဘုရင်ရဲ့ဖိတ်ခေါ်ချက်ကို တုန့်ပြန်ကြတဲ့ ခေါ်ဖိတ်ခြင်းခံကြရသူ-သုံး}မျိုးကိုတွေ့ရပါတယ်၊ ပထမအုပ်စုက ဖိတ်ခေါ်ချက်ကို မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မလာနိုင်ကြသူတွေကတစ်အုပ်စု၊-ဧည့်ခံပွဲကိုတက်ရောက်လာသော်လည်း ဧည့်ခံပွဲ ၀တ်စုံကို ၀တ်မလာကြသူတွေကတစ်အုပ်စု၊နဲ့ ဧည့်ခံပွဲကို ပွဲတက်ဝတ်စုံကို ခန့်ညားထည်ဝါစွာ ၀တ်ဆင်လာသူတွေက တစ်အုပ်စုဖြစ်ကြပါတယ်၊

          တစ်ချို့ကပြောကြပါလိမ့်မယ်၊-]ဒို့ကမပြည့်စုံတဲ့သူတွေမို့-၀တ်ကောင်းစားလှတွေမတတ်နိုင်ဖူး}၊ တကယ်တော့ သင်ပွဲတော်ကိုကြွ ရောက်လာတဲ့စိတ်ထားက အဓိကကျလှပါတယ်၊ ဒုတိယကျမ်းစာတော်မြတ်ထဲမှာ ကျွန်ုပ်သည်အစာဝသည်ဖြစ်စေ၊ အစာငတ်သည်ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ဘယ်နေရာဘယ်အခြေအနေမျိုးကိုမဆို၊ရင်ဆိုင်ရန်အသင့်ရှိပါသည်၊ကျွန်ုပ်အား ခွန်အားပေးသောသခင်၌မည်သည့်အရာ ကိုမဆို ကျွန်ုပ်တတ်စွမ်းနိုင်ပါသည်၊ ထို့ကြောင့် မစ္ဆားတရားတော်မြတ်နာယူတိုင်း ]အကျွန်ုပ်သည် အုပ်စုသုံးမျိုး၌ မည်သည့်အုပ်စုဝင်ဖြစ်ပါသနည်း ဟု မိမိကိုယ်ကို အစဉ်စစ်ဆေးမေးမြန်းရင်း ထိုက်တန်သော ဖိတ်ခေါ်ခြင်းခံရသူတစ်ဦးဖြစ်အောင်ကျိုးစားကြပါစို့၊-

                                                           ဘုန်းတော်ကြီးဂျောဦးခင်မောင်ထွေး

                   (georgemdy2011@gmail.com)

(gkhinmghtwemdy2011@mandalayarchdiocese.com)

 
Comments