Resources‎ > ‎Sunday For You‎ > ‎

နှစ်၏(၂၉)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

အတွဲ(၁) အမှတ်စဉ်(၁၂)         နှစ်၏(၂၉)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့      ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်

ပထမကျမ်း

လူမျိုးတို့ကို ဆီရူးဘုရင်၏ လက်အောက်ခံဖြစ်စေရန် ဆီရူးဘုရင်၏ လက်ရုံးတော်ကို ငါရွေးချယ်ပြီး

ပရောဖက်အီဇာအိယအနာဂတ္တိကျမ်း(  ၄၅း ၁ နှင့် ၄-၆ )          

သခင်ဘုရားသည် မိမိဘိသိက်ပေးထား သောဆီရူးဘုရင်အကြောင်းဤသို့အမိန့်တော်ရှိသည်၊- လူမျိုးတို့ကို သူ၏လက်အောက်ခံဖြစ်စေ၍ ဘုရင်တို့၏ အာဏာကျဆင်းစေရန် လည်းကောင်း၊ သူ့ရှေ့၌တံခါးများကို ပွင့်စေ၍ မပိတ်ဘဲနေစေရန်လည်းကောင်း၊- ဆီရူးဘုရင်၏ လက်ရုံးကို ငါရွေးချယ်ပြီ၊- ငါ၏ကျွန်ယာ ကုပ်နှင့် ငါရွေးကောက်သောအစ္စရေးအတွက်ကြောင့် သင့်ကို သင်၏အမည်ဖြင့် ငါခေါ်ခဲ့ပြီ၊-သင်သည်င့ါကို မသိသော်ငြားလည်း သင့်အား သတ်မှတ်ပေးခဲ့ပြီ၊- ငါသာလျှင်အရှင်သခင်ဖြစ်တော်မူ၏၊ငါမှလွဲ၍ အခြား ဘုရားမရှိ၊- သင်သည်င့ါကို မသိသော်လည်း သင်၏ ခါးကို ငါစည်းပေးခဲ့၏၊-အကြောင်းမူကား နေထွက် နေရာအရပ်မှ နေ၀င်ရာအရပ်တိုင်အောင် ငါမှတစ်ပါး မည်သူမျှ မရှိကြောင်း သိစေရန်ဖြစ်၏၊- ငါသည်သခင် ဖြစ်တော်မူ၏၊- ငါမှတစ်ပါးအခြားသခင်မရှိ။

ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။

ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ 

ဆာလံသီချင်းဧကျူးခြင်း-

(ဆာလံ -     ၉၆         ၁ယ    ၃ယ    ၄-၅ယ    ၇-၈ယ    ၉-၁၀)

သံပြိုင်။ ။ဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြလော့၊

၁။       ဘုရားသခင်အားသီချင်းသစ်ကို သီဆိုကြ လော့၊- မြေကြီးသားအပေါင်းတို့ ဘုရားသခင် အား ကျူးဧကြလော့၊-ကိုယ်တော်၏ ဘုန်းဂုဏ်တော်နှင့် အံ့ ဖွယ်ရာများကို လူမျိုးတကာတို့တွင် ဟောပြောကြ လော့၊- (သံပြိုင်)

၂။       အကြောင်းမူကား ဘုရားသခင်သည် ကြီးမြတ် တော်မူ၍ အလွန်ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်တော်မြတ် ဖြစ်တော်မူ၏၊- ကိုယ်တော်သည် ဘုရားတကာတို့ ထက်တန်ခိုးကြီးတော်မူ၏၊-အကြောင်း မူကား အခြား လူမျိုးတို့၏ ဘုရားသည် ရုပ်ထုများသာဖြစ်ကြကုန်၏၊ ဘုရားသခင်မူကား မိုးကောင်းကင်ကို ဖန်ဆင်းတော် မူသောအရှင်ဖြစ်တော်မူ၏၊-(သံပြိုင်)

၃။       လူအပေါင်းတို့ ဘုရားသခင်အား ဂုဏ်ပြုချီး မွမ်းကြလော့၊- ဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြ လော့၊-ဘုရားသခင်၏ နာမတော်ကို ထိုက်တန်စွာ ဂုဏ်ပြုကြလော့၊ပူဇော်ဝတ္တုများကိုယူဆောင်၍ဘုရား သခင်၏ မျက်မှောက်တော်သို့ဝင်ကြလော့၊(သံပြိုင်)

၎။       သန့်ရှင်းသောဝတ်စုံတို့ကို ၀တ်ဆင်၍ ဘုရား သခင်ကို ကိုးကွယ်ကြလော့၊- မြေကြီးသားအပေါင်း တို့ ဘုရားသခင်ကိုကြောက်ရွံရိုသေကြလော့၊-ဘုရား သခင်သည် စိုးစံတော်မူကြောင်းကိုလည်းကောင်း၊လူ မျိုးတကာတို့အားမျှတစွာ တရားစီရင်တော်မူကြောင်း ကိုလည်းကောင်း၊အခြားလူမျိုးတို့အား ပြောကြားကြ လော့၊- (သံပြိုင်)


 ဒုတိယကျမ်း

သင်တို့၏ယုံကြည်ခြင်း၊ မျှောလင့်ခြင်းနှင့် ချစ်ခြင်းတို့ကို ကျွန်ုပ်တို့အစဉ်သတိရကြသည်၊

မွန်မြတ်သောတပည့်တော်ကြီးသံပေါလူးသက်ဆာလော်နီမြို့သား တို့ ထံရေးသောဆုံးမစာ၊-    (၄း ၁-၁၄ နှင့် ၁၉-၂၀)

ညီအစ်ကိုတို့၊-

          ပေါလူးဆီလ်ဗားနူးနှင့် တီမောတေတို့က၊- အဖမမည်းတော်ဘုရားနှင့် ယေဇူးခရစ္ဆတူးသခင်၌ တည် ရှိသော သက်ဆာလော်နီမြို့ရှိအသင်းတော်သို့ အကြောင်း ကြားလိုက်သည်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့နှင့် ရှိပါစေသော်၊- ကျွန်ုပ်တို့ဆုတောင်းပတ္ထနာပြု ရာ၌ သင်တို့ကို အစဉ်မပြတ်သတိရကြလျက် သင်တို့အား လုံးအဖို့ဘုရားသခင်အား အမြဲကျေးဇူးတင်ဆပ်ကြပါ သည်၊-သင်တို့သည် ကျွန်ုပ်တို့အဖ ဘုရားသခင်ရှေ့တော် ၌ ယုံကြည်ခြင်းကို အကျင့်အားဖြင့် မည်ကဲ့သို့ ပြခဲ့ကြ သည် ကိုလည်းကောင်း၊ချစ်ခြင်းမေတ္တာတရားတော်အတွက် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် ခဲ့ကြသည်ကိုလည်းကောင်း၊  ယေဇူးသခင်ကိုမျှော်လင့်ခြင်းဖြင့်အဘယ်ကဲ့သို့ တည်ကြည် စွာ ဆက်လက်နေခဲ့ကြသည်ကို လည်းကောင်း၊ကျွန်ုပ်တို့ အစဉ်သတိရကြပါသည်၊ညီအစ်ကိုတို့ ဘုရားသခင်သည် သင်တို့ကို ချစ်မြတ်နိုးတော်မူ၍ရွေးကောက်တော် မူ ကြောင်းကို ကျွန်ုပ်တို့ အသိပင်ဖြစ်ကြသည်၊- အကြောင်းမူကား သင်တို့အား ကျွန်ုပ်တို့ဟောပြောခဲ့ကြသော ဧ၀ံ ဂေလိ တရားတော်သည် စကားသက်သက်မျှသာမဟုတ်၊ တန်ခိုးတော်နှင့်လည်းကောင်း၊သန့်ရှင်းသော ၀ိညာဉ်တော် နှင့်လည်းကောင်း ပြည့်လျက်ဇ၀က်သင်္ကာကင်း၍ စိတ်ချ အပ်သော တရားဖြစ်သည်။

 ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။

          ဘုရားသခင်အား ကျေးဇူးတင်ပါသည်။

 

ဧ၀ံဂေလိကျမ်းမဖတ်မီကြွေးကြော်သံ၊

( ဖိလီစ်ပီ-          ၁၅-၁၆  )

အာလေလူယား - အာလေလူယား

အသက်ရှင်ခြင်းချမ်းသာကိုပေးတတ်သော နှုတ်ကပါဋ္ဌ်တော်ကိုလက်ကိုင်ထားလျက်၊-

ကမ္ဘာပေါ်၌ ထွန်းလင်းတောက်ပသော ကြယ်များပမာ သင်တို့သည် ထွန်းတောက်ကြရမည်

  အာလေလူယား - အာလေလူယား

ဧ၀ံဂေလိကျမ်း

 ဆေဇားနှင့် ဆိုင်ရာကို ဆေဇားအား၊ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အား ဆက်ပေးကြလော့၊

သံမာတေဦးရေးထားသည့် သန့်ရှင်းသော ဧ၀ံဂေလိကျမ်း  ( ၂၂း ၁၅ မှ  ၂၁  )အထိ

          ထိုကာလ၌ ဖါရီဇေဦးတို့သည် ထွက်သွား ပြီးလျှင် ကိုယ်တော်၏စကား၌ အပြစ်ကောက်ရ အောင် တိုင်ပင်ကြသဖြင့် မိမိတို့တပည့်များကို ဟေ ရုဒ္ဓိယန်လူတို့နှင့်အတူတကွ အထံတော်သို့ စေလွှတ်ကြ ၍ ဆရာတော်ဘုရားကိုယ်တော်သည် ဟုတ်မှန်ရာကို ဟောပြောတတ်သောသူဖြစ်၍ လူတို့၏မျက်နှာကြီး ငယ်ကိုမလိုက်သဖြင့် အဘယ်သူကိုမျှထောက်ညှာခြင်း မရှိဘဲ ဘုရားသခင်၏ လမ်းတော်ကို ဟုတ်မှန်စွာပြ တော်မူသောသူဖြစ်သည်ကို ကျွန်တော်တို့အသိပင် ဖြစ်ကြ၏၊-သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ ထင် သနည်း၊-ဆေဇားအားအခွန်တော်ကို ဆက်ကပ်သ လော၊ မအပ်သလော၊ ကျွန်တော်တို့အား အမိန့်ရှိတော် မူပါဟုလျှောက်ကြ၏၊- ယေဇူးမူကား ထိုသူတို့၏ ဆိုး ညစ်သော သဘောကို သိမြင်တော်မူ၍ ဟိပိုခရိတ်တို့ အဘယ်ကြောင့် င့ါကို အကောက်ကြံကြ သနည်း၊အခွန် ငွေတစ်ပြားကို ပြကြလော့ဟု မိန့်တော်မူ၏၊-ထိုသူတို့ ကလည်း ဒေဏာရီတစ်ပြားကို ထုတ်ပြကြ၏၊- ယေ ဇူးကလည်း ဤပုံနှင့်ဤလိပ်စာသည် အဘယ်သူ၏ပုံ လိပ်စာနည်းဟု မေးတော်မူ၏၊-ထိုသူတို့ကလည်း ဆေဇား၏ပုံလိပ်စာဟုလျှောက်ကြ၏၊- ထိုအခါကိုယ်တော် က သို့ဖြစ်လျှင် ဆေဇားနှင့်ဆိုင်ရာကို ဆေဇားအား ဘုရားသခင်နှင့် ဆိုင်ရာကို ဘုရားသခင်အား ဆက် ပေးကြလော့ဟု မိန့်တော်မူ၏၊-

     ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။

အိုခရစ္ဆတူးသခင်ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေ။


ထောက်ရှုစဉ်းစားဆင်ခြင်ရန်၊

အခြေပြုကျမ်း =  အီဇာအိယအနာဂတ္တိကျမ်း(၄၅း ၁ နှင့် ၄-၆ )သက်ဆာလောနီဆုံးမစာ(၄း ၁-၁၄ နှင့် ၁၉-၂၀) သံမာတေဦး ၂၂း ၁၅ မှ  ၂၁  အထိ၊

သူလည်းကောင်း ကိုယ်လည်းအကျိုးရှိ

          ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့၊-]ကိစ္စများမြောင်-ဤလူ့ဘောင်}ဆိုသည့်အတိုင်း လူ့ဘ၀သည် ပြဿနာပေါင်းသောင်းခြောက် ထောင်နှင့် ပြည့်လျှံလျက်ရှိသည်၊- လူ့ဘ၀နှင့်ပြဿနာ၊ပြဿနာနှင့်လူ့ဘ၀သည် အစဉ်ဒွန်တွဲလျက်ရှိသဖြင့် တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရစကောင်းချေ၊

          ပြဿနာရှိနေခြင်းသည်ပင်လျှင် တစ်နည်းအားဖြင့် အလွန်ကောင်ဟုဆိုရပေမည်၊- အဘယ်ကြောင့်ဆိုသော် လူ့ဘ၀သည်ပြဿ နာများဖြင့် ဖွဲ့စည်းထားလျက်ရှိရာ ယင်းဘ၀ပြဿနာများကို ဖြေရှင်းနေရခြင်းသည်ပင်လျှင် လူ့ဘ၀၏ အဓိကလုပ်ငန်းတစ်ခုဖြစ်နေသောကြောင့် တည်း၊

          ထို့ကြောင့်ပြဿနာများကို ဖြေရှင်းခြင်းသည် လူ့ဘ၀၏စိတ်ဝင်စားစရာကောင်းသော စွန့်စားမှုတစ်ခုဖြစ်နေသည်၊-လူများကို ပြဿနာအထွေထွေက]စိန်ခေါ်}လျက်ရှိသည်၊ဤအကြောင်းကြောင့်ပင်ပြဿနာဖြေရှင်းခြင်းသည် လူသား၏ အဓိကလုပ်ရပ်ဖြစ်သည်ဟု ဆိုရ  ခြင်းပင် မဟုတ်ပါလော၊-

       သို့ဆိုလျှင် လူအများသည် ကြုံတွေ့ရသည့် ပြဿနာများကို မည်သို့မည်ပုံဖြေရှင်းနေကြသနည်း၊-

       သာမန်အားဖြင့် ပြဿနာတစ်ခုကိုဖြေရှင်းလျှင် ]အရှုံး}သို့မဟုတ်]အနိုင်}ဟူသော ရလဒ်တစ်ခုခုဖြင့် အဆုံးသတ်ကြရစမြဲပင်၊-သို့ သော် ယနေ့လူမှုရေးပညာရှင်များက ]မြွေလည်းမသေရ-ဒုတ်လည်းမကျိုးရ} နည်းကို ရွေးချယ်ဖို့အားပေးလျက်ရှိကြသည်၊- ဆိုလိုသည်မှာ မိမိ လည်းမဆုံးရှုံးစေရ၊-သူတစ်ပါးလည်း မနစ်နာစေရ၊- တစ်နည်းအားဖြင့် ဆိုရသော် နှစ်ဦးနှစ်ဖက် အကျိုးရှိသော နည်းလမ်းကို ရွေးချယ်စေ ခြင်းပင်ဖြစ်သည်။

    ယနေ့ကြားနာရမည့် ဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲမှာ ပြဿနာတစ်ခုအပေါ် ခရစ်တော်၏ ဖြေရှင်းပုံကို အတုယူစဖွယ်တွေ့ရ ပေမည်၊- အကောက်ကြံလိုသော လူတစ်စုက ခရစ်တော် ဘုရားရှင်ကို  ထောင်ချောက်စင် မေးခွန်းတစ်ခုမေးခဲ့ပါသည်၊]ဆေဇားဘုရင်ကို အခွန် တော်ပေးသင့်မပေးသင့်}၊-ဤမေးခွန်းသည် ဖြေဖို့ခက်သောမေးခွန်းတစ်ခုဖြစ်သည်၊-အခွန်တော်ပေးသင့်သည်ဟု ဖြေလျှင် မတရားမှုကို အားပေး သည်ဟု တရားနာပရိသတ်၏ ငြိုငြင်မှုကိုခံရမည်၊- အခွန်တော်မပေးသင့်ဟုဖြေလျှင် ဆေဇားဘုရင်၏အန္တရာယ်က ရှိနေပြန်၏၊ အမေးရှိကအဖြေ ရှိရမည်ဖြစ်ရာ မေးသူများလည်းအဖြေရစေ၊- မိမိလည်း အန္တရာယ်ကင်းစေ၊ပရိသတ်လည်းကျေနပ်စေမည့်နည်းကို ကိုယ်တော်ရှင်က အသုံးပြု ခဲ့သည်၊- ကိုယ်တော်ရှင်၏အဖြေကား ]ဆေဇားနှင့်ဆိုင်ရာကို ဆေဇားအား၊-ဘုရားနှင့်ဆိုင်ရာကို ဘုရားအား ပေးကြပါ၊}ဟူ၍ ဖြစ်သည်။- ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်ပြဿနာများကို နှစ်ဦးနှစ်ဖက်အကျိုးရှိသော နည်းလမ်းများဖြင့် ဖြေရှင်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်၊-

                                                           ဘုန်းတော်ကြီးဂျောဦးခင်မောင်ထွေး

      (georgemdy2011@gmail.com)

Comments