Resources‎ > ‎Sunday For You‎ > ‎

နှစ်၏ ပဉ္စမသာမန်တနင်္ဂနွေနေ့

အတွဲ(၂)အမှတ်စဉ်( ၆ )          နှစ်၏ ပဉ္စမ အကြိမ်မြောက်သာမန်တနင်္ဂနွေနေ့           ၅-၂-၂၀၁၂

ပထမကျမ်းစာ၊                                                                                                             

         ညဥ့် နက်သည့်တိုင်အောင် ဒုက္ခဝေဒနာများဖြင့်သာ ကျွန်ုပ်ရင်ဆိုင်ရလိမ့်မည်။

ယော့ဘ်ဝတ္တုကျမ်း။                                                                                             ( ၇း ၁  မှ  ၄ နှင့်  ၆ မှ ၇ အထိ )

ယောဘ်ပြောဆိုသည်ကား၊-

မြေကြီးပေါ်၌ လူတို့အသက်ရှင်ရခြင်းသည် ရုန်းကန်တိုက်ခိုက်နေရခြင်းသာဖြစ်၍ သူ၏တစ်သက်တာ သည်ကြေးစား လုပ်ကိုင်သူတို့နှင့် တူသည်မဟုတ်လော့၊-ကျွန်အစေခံသည် အရိပ်အာဝါသကို တောင့်တသကဲ့သို့ လည်းကောင်း ၊ကြေးစား လုပ်ကိုင်သူသည် မိမိ၏လုပ်အားခကို မျှော်မှန်းသကဲ့သို့လည်းကောင်း ကျွန်ုပ်သည်နေ့-လ ကြာရှည်စွာအကျိုးမဲ့အချည်းအနှီး ဖြစ်ခဲ့၍ ညပေါင်းများစွာ ပင်ပန်းခြင်းများဖြင့် ရင်ဆိုင်ခဲ့ရ၏၊- ကျွန်ုပ်သည်   အိပ်စက်သောအခါ ဘယ်သောအခါ ထရမည်နည်း ဟု ဆိုရလိမ့်မည်၊- တစ်ဖန်ကျွန်ုပ်ညနေပိုင်းကို စောင့်ငံ့မျှော်လင့်နေရပြန်၏၊-သို့သော် ညဥ့်နက်သည့်တိုင်အောင် ဒုက္ခဝေဒနာ များဖြင့်သာ ကျွန်ုပ်ရင်ဆိုင်ရလိမ့်မည်၊-နေ့ရက်တို့သည် ရက်ကန်းရက်သူ၏ လွန်းအိမ်ထက်မြန်ဆန်၍ မျှော်လင့်ခြင်းလုံးဝမရှိ ဘဲကုန်ဆုံးသွားကြ၏၊- ကျွန်ုပ်အသက်သည် လေတိုက်ခြင်းမျှသာ ဖြစ်ကြောင်းသတိရလော့၊-ကျွန်ုပ်၏ မျက်လုံးတို့ သည်လည်း  ကောင်းသောအရာများကိုမြင် ရအောင် ပြန်၍ လှည့်လာမည်မဟုတ်၊-

-ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။

ဆာလံသီချင်းဧကျူးခြင်း၊

ဆာလံ ၁၄၆၊

သံပြိုင်။                   ။ စိတ်နှလုံးကြေကွဲသော သူတို့အား နှစ်သိမ့်စေတော်မူသော သခင်ဘုရားကို ချီးမွမ်းကြလော့၊

၁။         ဘုရားသခင်ကိုချီးမွမ်းကြလော့၊-အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏၊-ကျွန်ုပ်တို့၏ ဘုရာသခင် အားဧကျူးကြလော့၊- အကြောင်းမူကား ကိုယ်တော်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူ၏၊ဘုရားသခင်သည်  ချီးမွမ်းထိုက်လှပေ၏၊-ဘုရားသခင်သည် ဂျေရုဇလင်မြို့ ကိုတည်ဆောက်တော်မူ၍ ကွဲလင့်နေသော အစ္စရေးအမျိုးသားတို့ကို စုရုံးတော်မူသည်၊-(သံပြိုင်)

၂။         စိတ်နှလုံးကြေကွဲသောသူတို့ကို နှစ်သိမ့်စေတော်မူသည်၊သူတို့၏ အနာများကို ကုသပေးတော်မူသည်။ကိုယ်တော် သည် ကြယ်နက္ခတ်များ၏ အရေအတွက်ကို သတ်မှတ်တော်မူ၍တစ်ခုစီကို အမည်မှည့်ခေါ်တော်မူ၏၊-(သံပြိုင်)

၃။         ကျွန်ုပ်တို့၏ဘုရားသခင်သည် ကြီးမြတ်တော်မူ၍ တန်ခိုးတော်ရှင်ဖြစ်တော်မူ၏၊- ကိုယ်တော်ရွှေဥာဏ်တော်သည် အနန္တဖြစ်တော်မူ၏၊ဘုရားသခင်သည်ဆင်းရဲသားများကို ထောက်မတော်မူ၏၊-မတရားသောသူတို့ကို နှိမ့်ချတော်မူ၏၊(သံပြိုင်)

ဒုတိယကျမ်း။

ကျွန်ုပ်တို့သည် ဧ၀ံဂေလိတရားတော်ကို မဟောပြောဘဲနေလျှင် အမင်္ဂလာ သင့်မည်ဖြစ်သည်။

မွန်မြတ်သောတပည့်တော်ကြီး သံပေါလူး ကော်ရင်းသီမြို့ သားတို့ထံ ရေးသောစာပထမစောင် ( ၉း ၁၆ မှ  ၁၉ နှင့် ၂၂ မှ ၂၃  အထိ)

ညီအစ်ကိုတို့၊-

ကျွန်ုပ်သည်ဧ၀ံဂေလိတရားတော်ကိုဟောပြောသော်လည်းဝါကြွားစရာအကြောင်းမရှိ၊အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ် သည်မလွှဲရှောင်သောတာဝန်ကိုဆောင်ရွက်ခြင်းသာဖြစ်သည်၊-အကယ်၍ကျွန်ုပ်သည်ဧ၀ံဂေလိတရားတော်ကိုမဟောပြောဘဲ  နေလျှင် အမင်္ဂလာသင့်မည်ဖြစ်သည်၊- ဤအမှုကို ကျွန်ုပ်အလိုအလျောက်စိတ်ရောကိုယ်ပါဆောင်ရွက်လျှင် ကျွန်ုပ်အ ဖို့အကျိုးရှိသည်၊- ကျွန်ုပ်ကိုယ်တိုင်အလိုမရှိဘဲ ဤတာဝန်ကို ကျွန်ုပ်အား အပ်နှင်းထားလျှင် ကျွန်ုပ်အဘယ်အကျိုးကျေးဇူးကို ခံစားအံ့နည်း၊-အကျိုးကျေးဇူးကား ဧ၀ံဂေလိတရားတော်ကို အဖိုးအခ-မယူဘဲ ဟောပြောရန်ပင်ဖြစ်သည်၊- ကျွန်ုပ်သည် မည် သူတစ်ဦးတစ်ယောက်၏စိုးမိုးခြင်းကိုမျှမခံရသော်လည်း လူတို့ကို များနိုင်သမျှများများဆွဲဆောင်နိုင်ရန် ကျွန်ုပ်ကိုယ်ကိုလူအား လုံးတို့၏ ကျွန်ဖြစ်စေခဲ့သည်၊ကျွန်ုပ်သည် စိတ်အားငယ်သောသူတို့ကို ဆွဲဆောင်နိုင်ရန် စိတ်အားငယ်သောသူကဲ့သို့ နေထိုင် ခဲ့သည်၊- အနည်းဆုံး အချို့  ကိုကယ်တင်နိုင်ရန် ကျွန်ုပ်သည် လူအားလုံးတွင် ထိုသူအားလုံးတို့ကဲ့သို့ နေထိုင်ခဲ့သည်၊ဧ၀ံဂေလိ တရားတော်အတွက် ထိုကဲ့သို့ အရာခပ်သိမ်းတို့ကို ဆောင်ရွက်ခြင်းသည် ဧ၀ံဂေလိတရားတော်၏ အကျိုးကျေးဇူးများခံစားရန် ပင်ဖြစ်သည်။

                                            ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။

အာလေလူယား။         ( သံမာတေဦး  -၈    ၁၇ )

                        ကိုယ်တော်သည် ကျွန်ုပ်တို့၏ အနာရောဂါများကို ယူတော်မူသည်၊-ကျွန်ုပ်တို့၏ဝေဒနာများကိုခံထမ်းတော် မူသည်။

အာလေလူယား။       

 

ဧ၀ံဂေလိကျမ်း။

  အထူးထူးသော ရောဂါစွဲသော သူအများတို့ကို ချမ်းသာစေတော်မူ၏။ 

သံမာရ်ကူးရေးထားသော သန့်ရှင်းသော ဧ၀ံဂေလိကျမ်း။                                                     ( ၁း ၂၉  မှ  ၃၉ အထိ )

ထိုကာလ၌ သခင်ယေဇူးသည် တရားဇရပ်မှ ထ၍ယာကုပ်၊ယောဟန်တို့နှင့်တကွ၊စီမုန်နှင့် အန္ဒြယ်တို့၏အိမ်သို့လာ တော်မူ၏၊-စီမုန်၏ယောက္ခမမိန်းမဖြစ်သူကားဖျား၍ တုံးလုံးနေလေ၏၊-သူ၏အကြောင်းကို ကိုယ်တော်အား ချက်ချင်းလျှောက်  ကြ၏၊- ကိုယ်တော်သည်လည်း ချဉ်းကပ်၍ လက်ကိုကိုင်သဖြင့် သူ့ကို ပင့်ကြွတော်မူလျှင် ထိုခဏခြင်းတွင် အဖျားသည် သူ့ကို လွှတ်သဖြင့် သူတို့အား လိုရာကိစ္စများကို ရွက်ဆောင်နေ၏၊- ညဦးယံရောက်၍ နေ၀င်သောအခါ မကျန်းမမာသော သူရှိသမျှ တို့နှင့် နတ်ဆိုးဖမ်းသောသူတို့ကို အထံတော်သို့ ဆောင်ခဲ့ကြ၍ တစ်မြို့  လုံးတံခါးရှေ့  မှာစုလျက်နေကြ၏၊-အထူးထူးသော ရောဂါဆွဲသောသူများတို့ကို ချမ်းသာစေတော်မူ၏၊- များစွာသောနတ်ဆိုးတို့ကိုလည်း နှင့်ထုတ်တော်မူ၍ သူတို့သည် ကိုယ်တော့်ကိုသိကြသောကြောင့် စကားပြောစေအံ့သောငှာ အခွင့်ပေးတော်မမူ၊-နံနက်မိုးမလင်းမီထတော်မူ၍ တောအရပ်သို့   ကြွတော်မူပြီးလျှင် ထိုနေရာမှာ ဆုတောင်းတော်မူ၏၊- စီမုန်သည် မိမိနှင့်အတူရှိသောသူတို့နှင့်တကွ ကိုယ်တော့်ကို လိုက်ရှာကြ သဖြင့် တွေ့ကြသောအခါ သူတကာအားလုံး ကိုယ်တော့်ကို ရှာကြပါ သည်ဟု လျှောက်ကြားကြ၏၊- ကိုယ်တော်ကလည်း နီးစပ်သောရွာများနှင့်မြို့  များသို့ ထိုနေရာများ၌ ငါတရားဟောအံ့သောငှာ သွားကြစို့၊အကြောင်းမူကား ဤအကြောင်းကြောင့် ငါလာသတည်းဟု  သူတို့အား တရားဇရပ်များမှ စ၍ ဂါလီလေအားတစ်ပြည်လုံး၌ ဟောပြောတော်မူ၍ နတ်ဆိုးများကိုလည်း နှင့်ထုတ်တော်မူလျက် နေတော်မူ၏၊-

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်။

 

ကမ္မဌာန်းထောက်ရှုချက်၊-

                                             ယောင်သုံးဆယ်နဲ့လူ

               

          ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊ငယ်ငယ်က သူငယ်တန်းဖတ်စာမှာကဗျာလေးတစ်ပုဒ်သင်ခဲ့ရပါတယ်၊-အဲ့သည့် အချိန်ကတော့ သည်ကဗျာလေးကို လေးလေးနက်နက်မတွေးတတ်သေးတော့၊ကဗျာရဲ့ ဆိုလိုတဲ့အနက်အဓိပ္ပါယ်ကို သိပ်နားမလည်ခဲ့ပါဖူး၊ အခုတော့ ဘ၀ရဲ့အတွေ့အကြုံကြောင့် သည်ကဗျာလေးရဲ့ အရသာအနှစ်ကို ခံစားတတ်လာခဲ့ပါတယ်၊-              အဲ့သည့်ကဗျာရဲ့ အချို့အပိုဒ်ကိုသာ ဖေါ်ပြပါရစေ၊ စာပို့သမားကြီး-ကိုသာဇံ၊ စာပို့ရာတွင် အချိန်မှန်၊ဒို့လုံမေ-မခင်မြ၊ ယဉ်ထိန်းရာတွင် ကျွမ်းကျင်လှ၊-လယ်သမားကြီးဦးသာအောင်-စပါးစိုက်ရာတွင် သူစွမ်းဆောင်၊ စတဲ့ကဗျာလေးဖြစ်ပါတယ်၊

            သည်ကဗျာလေးရဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကတော့- လူတိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီရှိကြတယ်၊အဲ့သည်ရည်ရွယ် ချက်ကို ဘယ်တော့မှ -မမေ့အပ်ဖူး၊အဲ့သည့်ရည်ရွယ်ချက်ကိုလည်း ပပျောက်သွားအောင်မလုပ်ရဖူး၊-ကိုယ်ရည်ရွယ်ချက်ကဘာ  လည်းဆိုတာကို သဲသဲကွဲကွဲသိထားရမယ်၊ဟိုယောင်ယောင်-သည်ယောင်ယောင်မဖြစ်စေရဖူး၊

            တစ်ခါတုန်းက ဇနီးမောင်နှံနှစ်ဦးဟာ မြစ်ဆိပ်မှာ ရေချိုးနေတုန်း၊ယောက်ျားဖြစ်သူဟာ ရေနစ်သွားပါတယ်၊ အဲ့သည် တော့ဇနီးဖြစ်သူက သည်လိုအော်လိုက်ပါတယ်၊ကယ်တော်မူကြပါရှင်၊ကယ်တော်မူကြပါ၊- ကျမယောက်ျားယောင်သုံးဆယ် ရေ နစ်သွားလို့- ကယ်တော်မူကြပါ၊လို့အောင်သတဲ့၊အဲ့သည့်တော့၊ ကြားကြသူအပေါင်းက ထူးဆန်းနေကြတာပေါ့၊ထုံးစံအရတော့ ယောက်ျားတွေမှာ ယောင်တစ်ထုံးသာရှိတာ၊အခုသူ့ယောက်ျားဟာ ယောင်သုံးဆယ် ဆိုတော့-ထူးဆန်းနေပါလား၊ဒါ့ကြောင် သိခြင်တဲ့စိတ်နဲ့နေနစ်သူကို ၀ိုင်းကယ်ဆယ်လိုက်ကြပါတယ်၊ ကုန်းပေါ်ရောက်တော့၊ယောင်သုံးဆယ်လည်းမတွေ့ရ၊ သူလိုငါလို ယောင်တစ်ထုံးသာရှိတာ၊ ဘာ့ကြောင့် ယောင်သုံးဆယ်လို့အော်ရတာတုံး ဆိုပြီးအော်တဲ့အမျိုးသမီးကိုမေးကြည့်-ကြပါတယ်၊- အဲ့သည့်အခါ အမျိုးသမီးက -ကျမပြောတဲ့ယောင်သုံးဆယ်ဆိုတာ၊ခေါင်းပေါ်က ဆံထုံးပေါင်းသုံးဆယ်ထုံးထားသူကိုပြောတာမ ဟုတ်ပါဖူး၊ ကျမယောက်ျားဟာ ဘယ်အရာမှ ဟုတ်တိပတိ-လက်ကျောတင်းအောင်မလုပ်ဖူး၊ဟိုနားယောင်ယောင်-သည်နား ယောင်၊ နဲ့ ယောင်သုံးဆယ်လုပ်နေလို့၊ကျမက သူ့ကို ယောင်သုံးဆယ်လို့အမည်ပေးထားတာပါလို့ဖြေလိုက်ပါတယ်၊

            ကျွန်တော်တို့လည်း ပုံပြင်ထဲကလို-ယောင်သုံးဆယ်မဖြစ်ဖို့ အရေးကြီးလှပါတယ်၊ဒါ့ကြောင့် မိမိရဲ့ ရည်ရွယ်ချက် ကဘာ လဲ၊ အဲ့သည့်ရည်ရွယ်ချက်ကို ရောက်အောင်၊ဖြစ်မြောက်အောင် မိမိအဘယ်ကဲ့သို့ ကျိုးစားအားထုတ်ပါသလဲ၊- သည် ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် မိမိမည်မျှ အနစ်နာခံမှုတွေ၊စွန့်လွှတ်မှုတွေ၊ပြုလုပ်ခဲ့ပါသလား၊-ဒါဟာ အရေးအကြီးဆုံးဖြစ် ပါတယ်၊-

            ဒီကနေ့ကြားနာခဲ့ရတဲ့ ဧ၀ံဂေလိတရားကျမ်းစာတော်မြတ်ထဲမှာ-ခရစ်တော်ဘုရားဟာ မကျန်းမမာသူတွေကို ကုသ ပေးခြင်း၊ နတ်ဆိုးပူး ခြင်း ခံနေရသူတွေကို နတ်ဆိုးနှင်ထုတ်ခြင်း၊-စသဖြင့် အကျိုးဆောင်မှုများပြုလုပ်ပေးခဲ့ပါတယ်၊-ညနေအ ချိန်ရောက်တဲ့အခါ -တောအရပ်ဆိတ်ကွယ်ရာမှာ - ဆုတောင်းခြင်းအမှုပြုနေပါတော့တယ်၊-

            သည်အချိန်မှာ တပည့်တော်ကြီးတွေဟာ -ခရစ်တော်ပျောက်သွားတဲ့အတွက် လိုက်ရှာခဲ့ကြပါတယ်၊- ခရစ်တော်ဘုရား ကိုတွေ့  ကြရတဲ့အခါ-လူထုကြီးက - ကိုယ်တော်ရှာနေကြပါတယ်၊လို့လျှောက်ထားကြပါတယ်၊-တကယ် တန်းဆိုရပါမူ-သာမန်လူသားတစ်ဦးဆိုပါက-ခရစ်တော်ဘုရားရှင်ဟာ နောက်ကြောင်းပြန်လှည့်မှာ သေချာလှပါတယ်၊-ဘာလို့ လည်းဆိုတော့-လူတွေရဲ့ လိုလားမှု-လူတွေရဲ့ ဆာငတ်မှု၊လူတွေရဲ့ ဆန္ဒပြင်းပြမှုတွေကို  ဖြည့်ဆည်းပေးဖို့ကောင်းလှပါတယ်၊- ပြီးတော့ လူတွေအားလုံးက အဲ့သည့်အချိန်မှာ ခရစ်တော်ကို ချီးမွမ်းနေကြ၊အထင်ကြီးနေကြတဲ့အချိန်လည်းဖြစ်ပါတယ်၊

            ဒါပေမယ့်-ခရစ်တော်ကတော့ လူတွေ-သူ့ကို အထင်ကြီးတာထက်၊ချီးမွမ်းစကားဆိုတာထက်၊သူ့ရဲ့  တာဝန်၊သူ့ရဲ့  ရည် ရွယ်ချက် တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ပဲဖြစ်ပါတယ်၊-ဒ့ါကြောင့်လည်း မိမိတပည့်ကြီးတွေက- သူတကာအားလုံး ကိုယ်တော့်ကို ရှာကြပါသည်ဟု လျှောက်ကြားကြ၏၊- ကိုယ်တော်ကလည်း နီးစပ်သောရွာများနှင့်မြို့  များသို့ ထိုနေရာများ၌ ငါတရားဟောအံ့သောငှာ သွားကြစို့၊အကြောင်းမူကား ဤအကြောင်းကြောင့်ငါလာသတည်းဟုသူတို့ကို မိန့်တော်မူခဲ့ပါ တယ်၊-

            ကျွန်တော်တို့ အများပိုင်းဟာ တစ်ခါတစ်ရံမှာ မိမိကိုချီးမွမ်းတယ်-မိမိကိုအထင်ကြီးတယ်ဆိုရင်-အဲ့သည့်အပေါ်မှာ သာယာနေတတ်ပါတယ်၊-အခြားအခြားသောအရာတွေကိုလည်း မေ့သွားတတ်ပါတယ်၊-အထူးသဖြင့် မိမိရဲ့  ပန်းတိုင်၊မိမိရဲ့ ရည်မှန်းချက်တွေကို မေ့ပျောက်သွားတဲ့အခါ လူဟာ တိုးတက်မှု၊အောင်မြင်မှုတွေကို လက်လွတ်ဆုံးရှုံးသွားရပါတော့တယ်၊

            သည်ကနေ့ ကျွန်တော်တို့ရဲ့  ရည်မှန်းချက်တွေ-ရည်ရွယ်ချက်တွေ-ကိုသိအောင်ကျိုးစားကြစေချင်ပါတယ်၊-အထူးသ ဖြင့် တစ်နယ်တစ်ကျေးကို အလုပ်သွားလုပ်နေကြတဲ့ လူငယ်မောင်မယ်တွေ သတိပြုစေချင်ပါတယ်၊-မကြာမကြာကြားနေရတဲ့ သတင်းများကတော့-ဘယ်သူကတော့ ဟိုနိုင်ငံသွားပြီးအလုပ်လုပ်တာ ကိုယ့်ကိုကိုယ်မထိန်းနိုင်လို့ သူ့ဘ၀ပျက်စီးသွားပြီ၊- အ ရင်းတောင်ပြန်ရပဲ-လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်၊-ဟိုမှာ ရောဂါတွေရပြီး လူကြားမတိုးတော့ဖူး၊-စသဖြင့် ကြေကွဲစရာသတင်း  တွေကြားရသလို၊-သတင်းကောင်းလေးတွေလည်း စိတ်ချမ်းမြေ့  ကြားရပြန်တော့လည်း ၀မ်းသာပီတိဖြစ်ရပြန်ပါတယ်၊-ဒါ့ကြောင့် မိမိဟာ ဘယ်နေရာမှာပဲရောက်ရောက် မိမိရဲ့  မူလရည်မှန်းချက်တွေ-ပန်းတိုင်တွေကို မျက်ခြေမပြတ်စေ ချင်ပါဖူး၊-

ထို့အတူ လူ့လောကမှာ နေရတဲ့ ဘ၀ရည်မှန်းချက်ကိုလည်းမမေ့သင့်ပါဖူး၊-လူရယ်လို့ဖြစ်လာရင် အတ္တဟိတ- ပရ ဟိတ-အကျိုးတွေကို မိမိလက်လှန်းမှီသလောက် အကျိုးပြုကြရမှာဖြစ်ပါတယ်၊-မာသယ်ထရေဇားလို-ဘီးလ်ဂိတ်လို-လိုအပ် သူတွေကို ကိုယ်ဖိ-ရင်ဖိနဲ့ ထိထိရောက်ရောက်  မကူညီနိုင်သည့်တိုင်-မိမိအနီးအနားမှာ ကိုယ်စိတ်ဒုက္ခရောက်နေသူတွေထုနဲ့ ဒေးပါ၊-အဲ့သည့်သူတွေကို မိမိရဲ့  နှုတ်၏ဆောင်မခြင်း-ကိုယ်၏ဆောင်မခြင်းမျိုးနဲ့လည်းကူညီနိုင်ပါတယ်၊-

ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့၊-မိမိသည် မည်သည့်နေရာမှာ မည်သည့်လုပ်ငန်းကိုပဲ လုပ်ဆောင်နေရပါလေစေ မိမိရဲ့ ရည်မှန်းချက်တွေကို မမေ့စေချင်ပါဖူး၊စီးပွားရေးမှာပဲဖြစ်ဖြစ်-လူမှုရေးမှာပဲဖြစ်ဖြစ်-ဘာသာရေးမှာပဲဖြစ်ဖြစ်-မိမိတို့ရဲ့  တွေ ရည်မှန်းချက်တွေကို မေ့မသွားပဲ ရည်မှန်းချက်အတိုင်း အောင်မြင်ကျော်ကြားသူများ၊ဘုရားကောင်းကြီးခံစားရသူများဖြစ်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်၊

အားလုံးအပေါ် ဘုရားရှင် ကောင်းကြီးပေးတော်မူပါစေ။


Comments