Resources‎ > ‎Sunday For You‎ > ‎

ခရစ္စတူးဘုရင်ပွဲနေ့

အတွဲ(၁) အမှတ်စဉ်(၁၇)                         ခရစ္စတူးဘုရင်ပွဲနေ့              ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်

ပထမကျမ်း၊

   အသင်၏သိုးစုတို့ ငါသည်သင်တို့အချင်းချင်းကိုတရားစီရင်မည်၊-
ပရောဖက်အေဇေခိအဲလ်အနာဂတ္တိကျမ်း       (၃၄း ၁၁-၁၂၊၁၅-၁၇၊ အထိ )           
ဘုရားသခင်သည် ဤသို့အမိန့်တော်ရှိသည်၊-
    ငါ၏သိုးများကို ငါကိုယ်တိုင်လိုက်ရှာ၍ သူတို့ကိုတွေ့ဆုံမည်၊-သိုးထိန်းသည် မိမိသိုးများ ကွဲပြား နေသောနေရာသို့ရောက်သောအခါ မိမိသိုးစုကိုနေ့ အချိန်၌လိုက်လံရှာသကဲ့သို့ ငါသည်လည်း ငါ၏သိုး များကို လိုက်၍ရှာမည်၊-မိုးမှောင်ကျသောနေ့၌သူတို့ကွဲ လွင့်နေကြသောနေရာများမှ သူတို့ကိုကယ်ဆယ် မည်၊ ငါသည် ငါ၏သိုးများ ကိုကျွေးမွေး၍ကျောင်းရာနေရာ ကိုလည်းပေးမည်ဟု သခင်ဘုရား မိန့်တော်မူ၏၊- ပျောက်သောသိုးကိုငါရှာမည်၊နှင်ထုတ်ခံရသော သိုး ကိုပြန်၍ မောင်းခဲ့မည်၊- အရိုးကျိုးသော  သိုးကိုစည်း ကြပ်ပေးမည်၊အားချည့်နဲ့သောသိုးကိုတောင့်တင်း စေ မည်၊ဆူဝသန်မာသောသိုးကိုထိန်းသိမ်းစောင့်ရှောက် ၍ တရားမျှတခြင်း၌ သူတို့ကိုကျွေး မွေးမည်၊ သင်တို့ မူကား ငါ၏သိုးစုသိုးအချင်းချင်းကို လည်းကောင်း ဆိတ်နှင့်သိုးတို့ကိုလည်းကောင်း ၊ငါပိုင်းခြားမည်ဟုသခင် ဘုရားမိန့်တော် မူ၏။-
     ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ 

ဆာလံသီချင်းဧကျူးခြင်း-
(ဆာလံ -     ၂၃း    ၁-၂ယ      ၂-၃ယ    ၅-၆ယ )

သံပြိုင်။    ။သခင်ဘုရားသည် ကျွန်ုပ်ကိုစောင့်ရှောက် ထိန်းသိမ်းတော်မူ၏၊- ကျွန်ုပ်၌မည်သည့် အရာမျှ လိုလေသေးရှိမည်မဟုတ်၊-
၁။    သခင်ဘုရားသည် ကျွန်ုပ်ကိုစောင့်ရှောက်ထိန်း သိမ်းတော်မူ၏၊- ကျွန်ုပ်၌ မည်သည့်အရာမျှ လိုလေ သေးရှိမည်မဟုတ်၊-စိမ်းလန်းစိုပြေသောစားကျက်၌ ကျွန်ုပ်ကိုထားတော်မူ၏၊-(သံပြိုင်)

၂။   ဆိတ်ငြိမ်သောရေအိုင်နားသို့ ကျွန်ုပ်ကိုခေါ် ဆောင်တော်မူ၍ ကျွန်ုပ်၏စိတ်ကို ငြိမ်းအေးစေတော် မူ၏၊-ကိုယ်တော်သည် မိမိ၏နာမတော်ကို ထောက် ၍ ကျွန်ုပ်အား လမ်းမှန်ကို ညွှန်ပြတော်မူ၏၊-(သံပြိုင်)

၃။   ကိုယ်တော်သည် ကျွန်ုပ်အားဒုက္ခပေးကြသော သူတို့ကို ဆန့်ကျင်ဘက်၊ကျွန်ုပ်၏မျက်မှောက်၌ စား ပွဲတော်ကို ခင်းကျင်းတော်မူ၏၊- ကိုယ်တော်သည် ကျွန်ုပ်၏ဦးခေါင်းကိုဆီနှင့်လိမ်းကျံတော်မူ၍ ကျွန်ုပ်၏
ဖလားတော်ကိုလည်း ပြည့်လျှံစေတော်မူ၏၊(သံပြိုင်)
၎။   အကြောင်းမူကား ကောင်းမြတ်ခြင်းနှင့်ကရု ဏာတော်သည် ကျွန်ုပ်အသက်ရှင်သမျှ ကာလပတ် လုံး ကျွန်ုပ်၌ တည်နေလိမ့်မည်၊-  ကျွန်ုပ်သည်လည်း ကိုယ်တော်၏ ဗိမာန်တော်၌ အစဉ်အမြဲနေထိုင်ပါ မည်၊-(သံပြိုင်)

ဒုတိယကျမ်း

ဘုရားသခင်သည် အရာခပ်သိမ်းတို့၌ အချက်အချာဖြစ်စေခြင်းငှာ နိုင်ငံတော်ကို ကိုယ်တော်အား
အပ်နှံတော်မူလိမ့်မည်၊


မွန်မြတ်သောတပည့်တော်ကြီးသံပေါလူး-ကော်ရင်သီမြို့ သားတို့ထံရေးထားသောဆုံးမစာ၊- (၁၅း၂၀မှ၂၆ယ ၂၈)
ညီအစ်ကိုတို့၊-
    ခရစ္ဆတူးသခင်သည် သေသူတို့အစုမှရှင် ပြန်ထမြောက်တော်မူ၍ သေသူတို့တွင်အဦးသီးသော အသီးကဲ့သို့ ဖြစ်တော်မူသည်၊အကြောင်းမူကား လူ တစ်ယောက်ဖြင့် သေခြင်းတရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက်အားဖြင့်သေခြင်းမှရှင်ပြန်ထမြောက် ခြင်းလည်းဖြစ်ပေါ်လာရသည်၊- လူအားလုံးတို့သည် အာဒံကြောင့်သေကြရသည့်နည်းတူ၊လူအားလုံးတို့သည် ခရစ္ဆတူးသခင်အားဖြင့် အသက်ရှင်ခြင်းချမ်းသာကို ရကြလိမ့်မည်၊သို့ရာတွင် အားလုံးအစီအစဉ်အတိုင်း ဖြစ်ရလိမ့်မည်၊- သားဦးဖြစ်သော ခရစ္ဆတူးသည် ပထမ ၊ထို့နောက်ကိုယ်တော်တစ်ဖန်<ကလာတော်မူ သောအခါ ကိုယ်တော်၏နောက်လိုက်တပည့်တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်၊- ထို့နောက်ခရစ္ဆတူး သခင်သည် အချုပ်အချာ အာဏာတန်ခိုးရှိသမျှတို့ကို ချိုးနှိမ်ဖျက်ဆီးတော်မူပြီး၊နိုင်ငံတော်ကို အဖခမည်း တော်ဘုရားအား အပ်နှင်းတော်မူသောအခါ၊- အရာ ခပ်သိမ်းအဆုံးသို့ ရောက်လိမ့်မည်၊- အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် ရန်သူအားလုံးတို့ကို  ခရစ္ဆတူးသခင်၏ ခြေဖ၀ါးတော်အောက်သို့ ရောက် စေသည့်တိုင်အောင် ခရစ္ဆတူးသခင်သည် အုပ်စိုးတော် မူလိမ့်မည်၊- နောက်ဆုံးဖျက်ဆီးပစ်ရမည့်ရန်သူကား သေခြင်းပင်ဖြစ်သည်၊-အကြောင်းမူကား ဘုရားသခင် သည် အရာခပ်သိမ်းတို့ကို ခရစ္ဆတူးသခင်၏ခြေဖ၀ါး တော်အောက်သို့ရောက်စေတော်မူသည်၊- အရာခပ် သိမ်းတို့သည် သားတော်၏ အုပ်စိုးခြင်းကိုခံရသော အခါ ဘုရားသခင်သည် အရာခပ်သိမ်းတို့၌ အချက် အချာဖြစ်စေခြင်းငှာ၊- ထိုသားတော်သည်လည်း မိမိ အားအုပ်စိုးစေတော်မူသောသူ၏ အုပ်စိုးခြင်းကိုခံရ လိမ့်မည်။-
 ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
    ဘုရားသခင်အား ကျေးဇူးတင်ပါသည်။

ဧ၀ံဂေလိကျမ်းမဖတ်မီကြွေးကြော်သံ၊
( သံမာကူး-   ၁၁း   ၁၀)

အာလေလူယား -အာလေလူယား
ဘုရားသခင်၏နာမတော်၌ <ကလာတော်မူသော သူသည် မင်္ဂလာရှိတော်မူ၏၊- ရောက်လာသော ကျွန်ုပ် တို့၏  အဖဒါဝိဒ်၏ နိုင်ငံတော်သည်လည်း မင်္ဂလာ ရှိ တော်မူ၏၊-
  အာလေလူယား - အာလေလူယား


ဧ၀ံဂေလိကျမ်း
လူသားသည် ဘုန်းကြီးသောပလ္လင်ပေါ်မှာ ထိုင်၍ သူတို့ကို အချင်းချင်းခွဲထားတော်မူလိမ့်မည်၊

သံမာတေဦးရေးထားသည့် သန့်ရှင်းသော ဧ၀ံဂေလိကျမ်း ( ၂၅း ၃၁ မှ ၄၆ )အထိ
ထိုကာလ၌ သခင်ယေဇူးသည် မိမိတပည့် တော်ကြီး တို့အား  မိန့်တော်မူသည်ကား၊-
    လူသားသည် ဘုန်းအာနုဘော်နှင့်ကောင်း ကင်တမန်တော်တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းကြီးသောပလ္လင်ပေါ်မှာ ထိုင်၍ ရှေ့တော်သို့ခပ် သိမ်းသောလူမျိုးတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့မှ  တခြားစီခွဲထားသကဲ့သို့ သူတို့ ကိုလည်း အချင်းချင်းထဲမှ ခွဲထားတော်မူ၍ သိုးတို့ကို သော်ကား လက်ယာဘက်၌ ဆိတ်တို့မူကားလက်ဝဲ ဘက်၌ ထားတော်မူလိမ့်မည်၊ထိုအခါလက်ယာတော် ဘက်၌ရှိမည့်သူတို့အား ရှင်ဘုရင်က ငါ၏ခမည်းတော် ထံ၌မင်္ဂလာခံရကြသောသူတို့ လာကြလော့၊-ကမ္ဘာဦး ကပင် သင်တို့အဖို့ငှာ ပြင်ဆင်ထားသော နိုင်ငံကို အပိုင်ယူကြလော့၊- အကြောင်းမူကား ငါသည် အစာ မွတ်သိပ်၍ ငါ့အားသင်တို့သည် အစာပေးကြ၏၊- ငါ သည်ရေငတ်၍ ငါ့အားသင်တို့သည် ရေပေးကြ၏၊- ဧည့်သည်ဖြစ်၍ သင်တို့သည် ငါ့အား တည်းခိုရာပေး ကြ၏၊- ငါသည်အ၀တ်အချည်းစည်းရှိ၍ င့ါကိုအ၀တ် နှင့်ဖုံးလွှမ်းကြ၏၊- ငါဖျားနာ၍ ငါ့ကိုကြည့်ရှုကြ၏၊- ငါသည်ထောင်ထဲမှာနေရ၍ ငါ့ထံသို့လာကြ၏ဟုမိန့် တော်မူလိမ့်မည်၊- ထိုအခါ ဖြောင့်မတ်သောသူတို့က အရှင်ကိုယ်တော်သည် အစာမွတ်သိပ်သည်ကို ဘယ် သောအခါ၌ ကျွန်တော်တို့မြင်ရ၍ ကိုယ်တော်ကို ကျွေး မွေးရပါသနည်း၊- ရေငတ်တော်မူသည်ကို ကိုယ်တော် အား သောက်စရာပေးရသနည်း၊ကိုယ်တော်သည် ဧည့်သည်ဖြစ်သည်ကို ဘယ်သောအခါ ကျွန်တော်တို့ မြင်ရ၍ တည်းခိုစရာပေးပါသနည်း၊- အချည်းစည်းရှိ တော်မူသည်ကို ဖုံးလွှမ်းရပါသနည်း၊- ကိုယ်တော်ဖျား နာသည်ကို ထောင်ထဲ၌ နေသည်ကို အဘယ်သောအ ခါ ကျွန်တော်တို့မြင်ရ၍  အထံတော်သို့ရောက်ရပါ သနည်း ပြန်၍လျှောက်ကြသည်ရှိသော်၊-ရှင်ဘုရင်က သင်တို့အား ငါအမှန်ဆိုသည်ကား ဤအငယ်ဆုံး သော င့ါညီတို့တွင် တစ်ဦးဦးကိုမျှ သင်တို့ပြုကြ လျှင် ငါ့ကိုပင်ပြုကြပြီဟု သူတို့အား ပြန်ပြောတော်မူ လိမ်မည်၊- ထိုအခါ လက်ဝဲဘက်၌ ရှိမည့်သူတို့အား လည်းကျိန်ဆိုခြင်းခံရသောသူတို့နတ်ဆိုးနှင့်သူ၏ တမန် တော်များအဖို့ပြင်ဆင်ထားသောထာဝရမီးထဲ သို့ ငါ၏ထံမှခွာ၍ သွားကြလော့၊- အကြောင်းမူကား ငါသည်မွတ်သိပ်၍ သင်တို့သည်ငါ့အားစားဖို့မပေး၊- ငါသည်ရေငတ်၍ သင်တို့သည်ငါ့အားသောက်ဖို့မပေး၊ငါသည် ဧည့်သည်ဖြစ်၍ သင်တို့သည်င့ါအား တည်းခို ရာမပေး၊-ငါသည်အချည်းစည်းရှိ၍ သင်တို့သည် ငါ့ကို မဖုံးမလွှမ်း၊ငါသည် ဖျားနာ၍ နှောင်အိမ်၌ငါနေရ၍ သင်တို့သည် င့ါကိုမကြည့်မရှုကြဟု မိန့်တော်မူ လိမ့်မည်၊- ထိုအခါ သူတို့ကပင် အရှင်ကိုယ်တော် သည် အစာ မွတ်သိပ် တော်မူသည်၊ ရေငတ်တော်မူ သည်၊ ဧည်သည်ဖြစ်တော် မူသည်၊အချည်းစည်း ရှိတော်မူသည်၊ နာဖျားတော်မူသည် ၊ထောင်ထဲမှာ နေရတော်မူသည်ကို အဘယ်သော အခါ ကျွန်တော် တို့မြင်ရ၍ ကိုယ်တော်ကို မပြုမစုဘဲ နေပါသနည်းဟု ပြန်လျှောက်ကြလိမ့်မည်၊-ထိုအခါကိုယ်တော်က သင်တို့ အားငါအမှန်ဆိုသည်ကား အငယ်ဆုံးသော ဤသူတို့တွင် တစ်ဦးဦးကိုမျှ သင်တို့သည်မပြုကြလျှင် ငါ့ကိုလည်းမပြုကြပြီဟု ပြန်ပြော တော်မူလိမ့်မည်၊- ဤသူတို့သည်လည်း ထာဝရဒဏ်ခံရခြင်းသို့၊ဖြောင့် မတ်သောသူတို့မူကားထာဝရအသက်ရှင်ခြင်းသို့သွား ကြမည်ဟုမိန့်တော်မူ၏၊-

    ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
အိုခရစ္ဆတူးသခင်ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေ။
 

ထောက်ရှုစဉ်းစားဆင်ခြင်ရန်၊

အခြေပြုကျမ်း =  အေဇေခိအဲလ်(၃၄း ၁၁-၁၂၊၁၅-၁၇၊ ) ကော်ရင်သီ(၁၅း၂၀မှ၂၆ယ ၂၈) သံမာတေဦး ၂၅း ၃၁ မှ ၄၆ အထိ၊

လောကသားတို့၏ဘုရင် ယေဇူး
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊ကျွန်တော်တို့တစ်တွေ သည်ကနေ့}ယေဇူးဘုရင်}ပွဲတော်ကြီးကို ၁၉၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျင်ပဖို့ ပုပ်ရဟန်းမင်းကြီး ဧကဒဿမမြောက်ပီဦးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်၊ အဲ့သည့်အချိန်တုန်းက သည်ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလရဲ့ နောက်ဆုံး အပတ် တနင်္ဂနွေနေ့မှာကျင်းပခဲ့ကြပါတယ်၊-သို့သော် ဒုတိယဗာတီကန်နောက်ပိုင်းမှာသည်ပွဲကို ၀တ်ပြုကိုးကွယ်ခြင်းနှစ်ရဲ့ နောက်ဆုံးအပတ်တနင်္ဂနွေမှာကျင်း ပခဲ့ကြပါတယ်၊
    သည်ပွဲတော်စတင်ကျင်းပတဲ့ ၁၉၂၅ ခုနှစ်လောက်တုန်းက လူအများဟာ ဘုရားတရားမဲ့တဲ့ ဒိဋ္ဌိဝါဒစွဲများ၊လောကီဆန်ဆန်အတွေးအခေါ်များ ဖြင့် ဘုရားတရားမဲ့နေ့ခဲ့ကြပါတယ်၊-ဒါ့ကြောင့် ပုပ်ရဟန်းမင်းကြီးဧကဿမမြောက်ပီဦးကလောကလူသားများတင်မက၊နိုင်ငံတိုင်းလူမျိုးတိုင်းရဲ့ဘုရင်သည် ခရစ်တော် ဘုရားပင်ဖြစ်သည်ဟုရဲတင်းစွာကြေငြာယင်းသည်ပွဲတော်ကို အသင်းတော်အတွင်း နေရာအနှံနိုင်ငံတိုင်း၌ ကျင်းပရမည်ဟု အမိန့်တော်ထုတ်ပြန်ကာ ကျင်းပစေခဲ့ ခြင်းဖြစ်သည်၊
    ယနေ့ပထမကျမ်းစာတော်မြတ်၌ သိုးထိန်းကောင်း၏အရည်အသွေးများကို ဖေါ်ပြထားသည်ကို ကြားနာကြရမှာဖြစ်ပါသည်၊ သိုးထိန်းကောင်းသည်မိမိသိုးများကို ပျောက်သည့်နေရာထိတိုင်သွားရောက်ရှာဖွေမည်၊အနှင်ခံရသူများကို ပြန်မောင်းခဲ့မည်၊ ကျိုးနေသောသိုးများကို စည်းကြပ်ပေးမည်၊ချည့်နဲ့သောသိုးများ ကို တောင်းတင်းစေမည်၊ဆူဝသောသိုးများကို ထိန်းသိမ်းစောင့်ရှောက်မည်၊ စသဖြင့်ဖေါ်ပြထားပါသည်၊
    ဒုတိယကျမ်းစာတော်မြတ်၌ ခရစ်တော်ဘုရားသည်လောက၏ဘုရင်ဖြစ်ကြောင်းသံပေါလူးကဖေါ်ပြထားသည်ကိုတွေ့နိုင်ပါသည်၊ခရစ္ဆတူးသခင် သည်အချုပ်အချာအာဏာရှိသမျှကို ချိုးနှိမ်ဖျက်ဆီးတော်မူလိမ့်မည်၊-အရာခပ်သိမ်းတို့သည် သားတော်၏ အုပ်စိုးခြင်းကိုခံရလိမ့်မည်၊
    ဧ၀ံဂေလိကျမ်းစာတော်မြတ်တွင်လည်း ခရစ်တော်၏သိုးနှင့်ဆိတ်တို့ကို ပမာထားကာ နောက်ဆုံးစီရင်ခြင်းအကြောင်းကို ကြားနာကြရမှာဖြစ်ပါသည်၊- ခရစ်တော်ဘုရား၏ စီရင်ခြင်းတရားကို သေခြာစွာလေ့လာကြည့်မည်ဆိုပါက အပြစ်တကာတို့တွင် လစ်လျှူရှုမိခြင်းအပြစ်သည် အကြီးမားဆုံးအပြစ်အဖြစ်လေ့ လာနိုင်မည်ဖြစ်သည်၊-ခရစ်တော်က သိုးများကို ကောင်းကင်နိုင်ငံတော်၏စည်းစိမ်များကို ခံစားခွင့်ပြုခဲ့ခြင်းသည် လူဘ၀တွင် အကူအညီအမှန်ပင်လိုအပ်နေသူ များကို ကိုယ်ကျိုးကိုမငဲ့ပဲ ကူညီခဲ့ကြသည့်အတွက် စည်းစိမ်ချမ်းသာကို ခံစားခွင့်ပြုခဲ့ခြင်းပင်ဖြစ်သည်၊-ထို့အတူ မိမိ၏အကူအညီလိုအပ်နေမှန်းသိပါလျက် မမြင်ချင်ယောင်ဆောင်ခဲ့ကြသူများကို ခရစ်တော်က အပြစ်တင်ရှုတ်ချခဲ့ပါသည်၊-အကြောင်းမှာ ခရစ်တော်က ထိုသူများကို ]သင်တို့သည် ငါချမ်းနေတဲ့အခါ ငါ့ကို ခြုံရန်စောင်မပေး၊ငါရေဆာနေတဲ့အခါ  ငါ့ကိုရေမပေး၊-ငါအ၀တ်ဗလာဖြစ်နေတဲ့အခါ ငါ့ကိုဝတ်စရာမပေး၊ငါဖျားနာနေတဲ့အခါ င့ါကိုလာမကြည့်ကြ ဟု မိန့်ဆိုခဲ့တဲ့အတွက်ဖြစ်ပါသည်၊-
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊-မာသယ်ထရေဇားက မိမိသီလရှင်များအား မိမိလက်ငါးချောင်းကိုထောင်ပြပြီး ဧ၀ံဂေလိစကားငါးလုံးကို အမြဲသတိရကြပါလို့မိန့်တော်မူခဲ့ပါတယ်၊ဆိုလိုတာကင့ါကိုပင်ပြုပြီ(မာတေဦး၂၅း၄၀) ဆိုတဲ့ ခရစ်တော်ရဲနှုတ်ကပါဋ္ဌ်တော်ပင်ဖြစ်ပါတယ်၊-နေ့စဉ်ကျွန်တော်တို့မှာ အခွင့်အရေးတွေတစ်ပုံကြီးရရှီနေကြပါတယ်၊-လူမမာတွေကိုအားပေးဖို့၊အထီးကျန်နေသူတွေကို အားပေးဖို့၊အားငယ်နေသူတွေ၊ဆင်းရဲနွမ်းပါးနေသူတွေ၊ချို့တဲ့နေ သူတွေ၊အများသူငှာစွန့်ပစ်ခဲ့ရသူတွေ၊အစားငတ်မွတ်နေသူတွေ၊နားလည်မှု၊ခွင့်လွှတ်မှုတွေဆာလောင်မွတ်သိပ်နေသူတွေ၊ အ၀တ်ဗာလာဖြစ်နေကြသူတွေ၊ခိုကိုးရာမဲ့ နေသူ တွေ၊စတဲ့အတိဒုက္ခမျိုးစုံတွေ့ကြုံနေကြရတဲ့သူတွေ ကျွန်တော်တို့ရဲ့အိမ်လှေကားရင်းမှာရောက်နေရင် လမ်းမှာဆုံတွေ့ရင် ``ငါ့ကိုပင်ပြုပြီ´´ဆိုတဲ့ကျမ်းပိုဒ်ကိုသတိရကြပါစို့၊

                                                           ဘုန်းတော်ကြီးဂျော့ဦးခင်မောင်ထွေး

                   (georgemdy2011@gmail.com)

Comments