Resources‎ > ‎Sunday For You‎ > ‎
မေတ္တာပန်း တနင်္ဂနွေနေ့
အတွဲ(၂)အမှတ်စဉ်( ၁၅ )              မေတ္တာပန်း တနင်္ဂနွေနေ့                            ၁-၄-၂၀၁၂
ပထမကျမ်းစာ၊                                                                                                             
 ငါသည် စော်ကားသောသူတို့ထံမှ ငါသည် ငါ၏မျက်နှာကို မလွဲဖယ်၊သို့သော်
အရှက်တကွဲဖြစ်မည်ဟုတ်ကြောင်း ငါသိ၏။
ပရော်ဖက် အီဖာအီယ အနာဂတ္တိကျမ်း                                                                           ( ၅၀း ၄  မှ  ၇ အထိ )
နှုတ်အားဖြင့်သူ့အားမထောက်မနိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်အား တတ်သိလိမ်မာသော နှုတ်လျှာကို ပေးတော် မူ၏။နံနက်တိုင်ြးားနာရန်လည်းကောင်း၊တပ့်တစ်ဦးကဲ့သို့ နားထောင်ရန်လည်းကောင်း၊-ကျွန်ုပ်ကိုနှိုးတော်မူ၏။ဘုရားသခင် သည်ကျွန်ုပ်၏နားကိုဖွင့်တော်မူ၍ ကျွန်ုပ်သည်လည်း မငြင်းမဆန်လှည့်၍ပင်မသွား၊ရိုက်သောသူအား ကျွန်ုပ်ကျော်ကိုလည်း ကောင်း၊ကျွန်ုပ်၏ မုတ်ဆိတ်ကိုဆွဲသောသူအား ကျွန်ုပ်ပါးကိုလည်းကောင်း ကျွန်ုပ်ပေးအပ်၏။စော်ကားခြင်းနှင့်တံတွေးထွေး ခြင်းမှ ကျွန်ုပ်သည်ကိုယ့်မျက်နှာကိုမလွှဲ-သခင်ဘုရားသည် ကျွန်ုပ်ကိုမစတော်မူသောကြောင့် စိတ်ချလျက်ရှိ၏။ထို့ကြောင့် ကျွန်ုပ်၏မျက်နှာကိုမာကျောသောကျောက်ကဲ့သို့ တင်းထား၏။ကျွန်ုပ်သည် ရှက်ကြောက်ခြင်းနှင့်ကင်းမည်ဟု ကျွန်ုပ်သိ၏။
-ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။
ဆာလံသီချင်းဧကျူးခြင်း၊
ဆာလံ ၂၂၊
သံပြိုင်။                   ။ ကျွန်ုပ်၏ဘုရား၊-ကျွန်ုပ်၏ဘုရား၊- အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်း။
၂။         အကြောင်းမူကား များစွာသောခွေးတို့သည် ကျွန်ုပ်ကို ၀န်းရံလျက်ရှိကြပါ၏။-ယုတ်မာသောသူဆိုးတို့သည်လည်း ကျွန်ုပ်အားခြိမ်းခြောက်လျက်ရှိကြ၏။ကျွန်ုပ်၏လက်များနှင့် ခြေများတို့ကိုလည်းထိုးဖောက်ကြလေပြီ၊-ကျွန်ုပ်ကလည်း ကျွန်ုပ်၏နံရိုးများကိုရေတွက်ခဲ့ပြီ၊-(သံပြိုင်)
၃။         သူတို့သည် ကျွန်ုပ်၏အ၀တ်များကို ခွဲဝေယူကြ၏။ကျွန်ုပ်၏အ၀တ်များပေါ်မဲချကြ၏။-အိုဘုရားသခင်ကိုယ်တော်မူ ကား ကျွန်ုပ်နှင့်ဝေးဝေးနှင့်မနေပါနှင့်၊-ကိုယ်တော်သည် ကျွန်ုပ်၏ခွန်အား ကျွန်ုပ်ကိုကူညီရန်အလျင်အမြန်ကြွတော်မူပါ။- (သံပြိုင်)၊
ဒုတိယကျမ်း။
ခရစ္စတူးသခင်သည် မိမိကိုယ်ကိုနှိမ့်ချတော်မူသောကြောင့် ဘုရားသခင်သည်
ကိုယ်တော်အား ချီးမြှောက်တော်မူသည်။
ချစ်လှစွာသော ညီအစ်ကိုတို့၊-
ယေဇူးခရစ္ဆတူးသခင်သည် ဘုရားစင်စစ်ဖြစ်တော်မူသောကြောင့် ဘုရားသခင်နှင့် ဂုဏ်ရည်တူဖြစ်တော်မူကြောင်း သိလျက်ပင် မိမိဂုဏ်ကိုစွန့်လွှတ်ပြီး-ကျွန်အစေခံဖြစ်သော လူ၏ဇာတိကိုယူ၍ လူကဲ့သို့ ဖွားမြင်ခြင်းကို ခံတော်မူသည်။-ထိုမျှ မက ကိုယ်တော်သည် လူစင်စစ်ကဲ့သို့ဖြစ်တော်မူသည့်အတိုင်း မိမိကိုယ်ကို နှိမ့်ချတော်မူ၍ လက်ဝါးကပ်တိုင်ပေါ်မှာ သေခြင်းကိုပင် လက်ခံတော်မူသည့်တိုင်အောင် ခမည်းတော်ဘုရားကို နာခံတော်မူသည်။ထို့ကြောင့် ဘုရားသခင်သည်  ကိုယ်တော်အား ချီးမြှောက်တော်မူ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့ထူးကိုပေးတော်မူသည်။-သို့ဖြစ်၍ ကောင်းကင်ဘုံမှာဖြစ်စေ၊-မြေကြီးပေါ်မှာဖြစ်စေ-အောက်နိမ့်ရာအရပ်မှာဖြစ်စေ-ရှိကြကုန်သောသတ္တ၀ါအပေါင်းတို့သည်ယေ ဇူး၏နာမတော်ကိုကြားသည့်အခါတိုင်း ဒူးထောက်၍ ယေဇူးခရစ္စတူးသည် သခင်ဖြစ်တော်မူကြောင်း နှုတ်နှင့်ဝန်ခံချက် ခ မည်းတော်ဘုရား၏ ဂုဏ်တော်ကို ထင်ရှားစေရမည်။
                                            ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။
ဧ၀ံဂေလိကျမ်းမဖတ်မီ- ကြွေးကြော်သံ                                                          ( ဖီလစ်ပီ - ၂း ၈-၉  )
သံမာရ်ကူးရေးထားသောသန့်ရှင်းသော ဧ၀ံဂေလိကျမ်း၊  ( ၁၄း ၁ မှ ၁၅း ၄၇ အထိ)
   အချိန်ကား၊ ပါစကားပွဲနှင့် တဆေးမဲ့မုန့်ပွဲတော်ကျ ရောက်ရန် နှစ်ရက်ခန့် အလိုဖြစ်၏။ ရဟန်းအကြီး အကဲများနှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့် ကို ပရိယာယ်ဆင်၍ ဖမ်းဆီး သတ်ဖြတ်နိုင်ရန် နည်းလမ်းရှာကြံနေကြ၏။ သို့သော် သူတို့သည် လူများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ပွဲ တော်ရက်အတွင်း မဖမ်းဆီးကြနှင့် ဟုဆိုကြ၏။ ကိုယ်တော်သည် ဘက်သနီရွာ၌ အနာကြီးရောဂါ သည် စီမုန်၏အိမ်တွင်စားပွဲ၌ ထိုင်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသော နာဒ်ဆီ မွှေးကျောက်ဖြူဘူးတစ်လုံးကိုယူ၍ အထံတော်သို့ ချဉ်းကပ်ပြီးလျှင် ဘူးကိုခွဲ၍ ကိုယ်တော်၏ဦးခေါင်း ပေါ်၌ဆီမွှေးကို သွန်းလောင်းလေ ၏။ သို့သော် အချို့သူများသည် အမျက်ဒေါသထွက်ကြ၍၊အချင်း ချင်းပြောဆိုကြသည်မှာ အဘယ်ကြောင့် ဆီမွှေးကို ဤသို့ ûဖန်းတီးရသနည်း။ ဤဆီမွှေးကို ဒေနာရီ သုံးရာထက်မကသော ငွေဖြင့်ရောင်းချပြီး ဆင်းရဲ သားတို့အား ပေးကမ်းသင့်သည်ဟု ဆိုကြလျက် အမျိုးသမီးကို အပြစ်တင်ငေါက်ငမ်းကြ၏။ သို့သော် သခင်ယေဇူးက မိန့်တော်မူသည်ကား၊ သူမûပလိုရာûပပါစေ။ အဘယ်ကြောင့် သူမကို စိတ် အနှောင့်အယှက် ဖြစ်စေကြသနည်း။ သူမသည် ငါ့အတွက် မွန်မြတ်သောအမှုကို ûပလေပြီ။အကြောင်းမူကား၊ ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်အမြဲရှိကြ၏။ သင်တို့ အလိုရှိသည့်အခါတိုင်း သူတို့အား ကျေးဇူးûပနိုင်ကြ၏။ သို့သော် ငါသည် သင်တို့နှင့် အစဉ်အမြဲရှိလိမ့်မည်မဟုတ်။ သူမသည် မိမိတတ်နိုင်သမျှကိုûပလေပြီ။ သူမသည် ငါ၏ခန္ဓာ ကိုယ်ကို ဆီမွှေးလိမ်းကျံခြင်းဖြင့် ငါ့ကို သûင်္ဂိဟ်ရန် အတွက် ကြိုတင်ပြင်ဆင်ပေးခြင်းပင် ဖြစ်သည်။ သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝှမ်း လုံးတွင် ဧ၀ံဂေလိသတင်းကို ဟောကြားသည့်နေ ရာတိုင်း၌ သူမကိုအောက် မေ့သတိရကြစေရန် သူမ ûပခဲ့သော ကောင်းမှုကို ပြောကြားကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော် တစ်ဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအ၀င်ဖြစ်သော ဂျုဒ အီစကာရီရုဒ်သည် ကိုယ်တော့်ကို အပ်နှံရန်အတွက် ရဟန်းအကြီး အကဲများထံသို့သွားလေ၏။ ရဟန်းအကြီးအကဲတို့သည် ထိုအ ကြောင်းကို ကြားကြလျှင် ၀မ်းမြောက်ကြ၍၊ သူ့အားငွေပေးရန် ကတိထားကြ၏။ဂျုဒသည်လည်း ကိုယ်တော့်ကို အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်ရှိ၏။ တဆေးမဲ့မုန့်ပွဲတော် ပထမနေ့ဖြစ် သော ပါစကား သိုးငယ်ကိုသတ်၍၊ ပူဇော်ရသောနေ့၌တပည့်တော် တို့က ပါစကားပွဲ ညစာသုံးဆောင်ရန် မည့်သည့် နေရာတွင် ပြင်ဆင်စေလိုတော်မူသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ ကိုယ်တော်သည် တပည့်တော်နှစ်ပါးကို စေလွှတ်၍ သူတို့အား မိန့် တော်မူသည်မှာ သင်တို့သည် ûမိ့တွင်းသို့သွား ကြလျှင် ရေအိုးသယ်ဆောင်လာသော သူတစ်ဦးသည် သင်တို့ကို တွေ့ဆုံ ခရီးဦးကြိုûပလိမ့်မည်။ ထိုသူ၏ နောက်သို့လိုက်သွားကြလော့။ သူဝင်သောအိမ်သို့ ၀င်၍ အိမ်ရှင်အား ငါနှင့်ငါ၏ တပည့်များ ပါစကား ညစာစားရမည့်အခန်းသည် အဘယ်မှာနည်းဟု ဆရာသခင် အမိန့်ရှိကြောင်း ပြောကြလော့။ ထိုအခါ သူသည် အဆင်သင့် ပြင်ဆင်ခင်းကျင်းထားသော ညစာခန်းမကြီးကို သင်တို့အားပြလိမ့်မည်။ ထိုနေ ရာ၌ ငါတို့အတွက် ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ထွက်သွား ကြ၍၊ ûမိ့တွင်းသို့ ၀င်သောအခါ မိမိတို့အား ကိုယ် တော်မှာထားသည့် အတိုင်း တွေ့ကြသဖြင့် ပါစကား ပွဲကို ပြင်ဆင်ကြ၏။ ညနေအချိန် ရောက်သောအခါ၊ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့် အတူကြလာတော် မူ၏။ သူတို့သည် စားပွဲတွင်ထိုင်လျက် ညစာစား နေကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည် ကား၊ ငါနှင့်အတူ စားနေသော သင်တို့အထဲမှ တစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။ သူတို့သည်လည်း ၀မ်းနည်းကြသဖြင့် သခင်၊ တပည့်တော်ဖြစ်မည်လောဟုအသီးသီးကိုယ်တော့်ကို မေးကြ၏။ ကိုယ်တော်ကလည်း တစ်ဆယ့်နှစ်ဦးထဲ မှငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သောသူသည် ငါ့ကို သစ္စာဖောက်လိမ့်မည်။ လူသားသည် ကျမ်းစာလာသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူသားကို အပ်နှံသောသူသည်ဒုက္ခရောက်လိမ့်မည်၊ ထိုသူသည် မွေးဖွားခြင်း မခံခဲ့ရလျှင် သာ၍ကောင်း ၏ဟုမိန့်တော်မူ၏။ သူတို့သည် ညစာစားနေကြစဉ် သခင်ယေဇူးသည် ပေါင်မုန့်ကိုယူတော်မူ၍ ကောင်းကြီးပေးတော်မူပြီးမှ ဖဲ့တော်မူ၍၊ မိမိတပည့်တော်တို့ အား ပေးလျက် ဤအရာသည် ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုလည်း ယူတော်မူ၍ ကျေးဇူးတင်တော်မူပြီး၊ တပည့်တော်တို့အား ပေးတော်မူလျှင် သူတို့အားလုံးသည် ထိုခွက်မှသောက်ကြ၏။ ကိုယ်တော်ကလည်း ဤသည်ကား လူအားလုံးတို့အတွက် အပြစ်ဖြေ လွှတ်ခြင်းငှာ သွန်းလောင်းခံရမည့် ပဋိညာဉ်သစ်  နှင့်ဆိုင်ရာ ငါ၏သွေးဖြစ်၏။ သင်တို့အား ငါအမှန် ဆိုသည်ကား၊ ဘုရား သခင်၏နိုင်ငံတော်၌ စပျစ် ရည်သစ်ကို သောက်သည့်နေ့တိုင် အောင် ငါသည် စပျစ်ရည်ကို နောက်တစ်ဖန် သောက်လိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ဓမ္မသီချင်းကို သီဆိုချီးမွမ်းလျက် သံလွင်တောင် ပေါ်သို့ ထွက်ခွာသွားကြ၏။ ထို့နောက် သခင်ယေဇူးက တပည့်တော်တို့အား မိန့်တော်မူသည်မှာ သင်တို့အားလုံးသည် စွန့်ခွာ ထွက်ပြေးကြလိမ့်မည့်အကြောင်း ကျမ်းစာ၌ရေးထား သည်မှာ သိုးထိန်းကို ငါရိုက်ခတ်မည်။ သိုး တို့သည် ကစဥ့်ကလျားဖြစ်ကြလိမ့်မည်ဟူ၍တည်း၊ သို့သော် ငါသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး နောက် သင်တို့ထက် အလျင်ဦးစွာ ဂါလိလေနယ်သို့သွားနှင့်မည်ဟုမိန့်တော်မူ၏။ ထိုအခါ ပေတရုက သူတို့အားလုံး စွန့်ခွာထွက်ပြေးသော်လည်း တပည့် တော် သည်မည်သည့်အခါမျှ စွန့်ခွာလိမ့်မည်မဟုတ်ပါဟုလျှောက်လေ၏။ ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား၊ဤညတွင် ကြက်နှစ်ခါမတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်း ပယ်လိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။သို့သော် သူက အကယ်၍ တပည့်တော်သည် ကိုယ်တော်နှင့်အတူအသက်သေရမည်ဆိုလျှင်လည်း ကိုယ်တော့်ကို တပည့်တော်မငြင်းပယ်ပါဟု အခိုင် အမာလျှောက်ထားလေ၏။ တပည့်တော်အားလုံး တို့သည်လည်း ထိုနည်းတူလျှောက်ထားကြ၏။ ထိုအခါ သူတို့သည် ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့ သွားကြ၏။ ကိုယ်တော်က ငါဆုတောင်း နေစဉ် သင်တို့ ဤနေရာမှာထိုင်နေကြလော့ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူ ခေါ်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကရောက်၍ စိတ်ညှိုးငယ် ပူဆွေးခြင်းကိစတင်ခံစားရတော်မူ၏။ ကိုယ်တော်က ငါ၏စိတ်နှလုံးသည် သေလုမတတ် ၀မ်းနည်းပူဆွေးခြင်းကို ခံစား နေရ၏။ ဤနေရာမှာ နေ၍ နိုးကြားစွာစောင့်နေကြလောဟု သူတို့အား မိန့်တော်မူ၏။ ထိုနေရာမှရှေ့သို့ အနည်းငယ်ကြ သွားပြီးမှ မြေပေါ်မှာပျပ်ဝပ်လျက် အကယ်၍ဖြစ် နိုင်လျှင် ဤအချိန်နာရီသည် မိမိထံမှကျော်လွန် သွားပါမည့်အကြောင်း ဤသို့ဆုတောင်းလေ၏။ အိုအဘ၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ် နိုင်တော်မူပါ၏။ ဤခွက်ကို ကျွန်ုပ်ထံမှဖယ်ရှား တော်မူပါ။ သို့သော်လည်း ကျွန်ုပ်၏အလိုအတိုင်း မဟုတ်ပါ။ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်ပါစေဟု ဆုတောင်းတော်မူ၏။ ထို့နောက် ကိုယ်တော်သည် တပည့်တော်များ ထံသို့ ကြလာလျှင် သူတို့အိပ်ပျော်နေကြသည်ကို တွေ့ရသဖြင့် ပေတရုအား စီမုန်သင်သည် အိပ်ပျော်နေသလော။ သင်တို့သည် တစ်နာရီမျှ မစောင့်နိုင်ကြပြီလော။ နှောင့်ယှက်ခြင်းသို့ မကျရောက်ရလေအောင် နိုးကြားစွာစောင့်လျက် ဆုတောင်းကြလော့။ စိတ် ၀ိညာဉ်သည် ထက်သန်သည်မှန်သော်လည်း ကိုယ် ကာယမှာ အားနည်းလှသည်ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်သည် ထွက်သွားတော်မူ၍၊ ယခင်က မြက်ဆိုခဲ့သည့်အတိုင်း ဆုတောင်းပြန်၏။ တစ်ဖန် ကိုယ်တော်သည်ပြန်လာတော်မူလျှင် သူတို့ အိမ်ပျော်လျက် ရှိနေကြသည်ကို တွေ့တော်မူ၏။ အကြောင်းမူကား၊ သူတို့၏မျက်စိများသည် အလွန် လေးလံလျက် ရှိသောကြောင့် ဖြစ်၏။ သူတို့သည်လည်း ကိုယ်တော့်ကို မည်သို့ပြန်ပြော ရမည်ကိုမသိကြ။ ကိုယ်တော်သည် သူတို့အထံသို့ တတိယ အကြိမ်လာတော်မူလျှင် သင်တို့သည် အိပ်စက် အနားယူလျက် ရှိသေးသလော။ တော်လောက်ပြီ။ အချိန်နာရီ ရောက်လာလေပြီ။ လူသားသည်အပြစ်သားတို့၏ လက်တွင်းသို့ အပ်နှံခြင်း ခံရတော့မည်။ ထကြလော့။ သွားကြစို့။ ငါ့ကိုအပ်နှံမည့် သူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ ထိုကဲ့သို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ် ပါးတို့တွင်အပါအ၀င်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့်သက်ကြီး ၀ါကြီးများက စေလွှတ်လိုက်သော လူအစုအဝေးသည် တုတ်၊ ဓားများ ကိုင်ဆောင် လျက် ချက်ခြင်း ရောက်လာကြ၏။ ကိုယ်တော့်ကိုသစ္စာဖောက်အပ်နှံ သောသူက ငါနမ်းသောသူသည် ထိုသူဖြစ်၏။ သူ့ ကိုဖမ်းဆီးကြ၍ လုံûခံစွာခေါ်ဆောင်သွားကြလော့ဟု ဆိုလျက် သူတို့အား အချက်ပေး ထားလေ၏။ ဂျုဒရောက်လာသောအခါ သူသည်ချက်ချင်း ကိုယ် တော့်ထံတော်သို့ချဉ်းကပ်၍၊ အာဝေ၊ ရဗ္ဗီဟုဆို၍ ကိုယ်တော့်ကို နမ်းလေ၏။ ထိုသူတို့သည်လည်း လာကြ၍ ကိုယ်တော့်ကို ချုပ်ကိုင် ဖမ်းဆီးကြလေ၏။ထိုအခါ ကိုယ့်တော်ထံပါးတွင် ရပ်နေသူ တစ်ဦးသည် ဓားကိုဆွဲထုတ်၍ ရဟန်းချုပ်၏အစေခံတစ်ယောက် ကို ခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်လေ၏။ သခင်ယေဇူးကလည်း သူတို့အား မိန့်တော်မူသည် မှာ သင်တို့သည် တုတ်၊ ဓားများကို ကိုင်ဆောင် လျက် ဓားပြဖမ်းသကဲ့သို့ ငါ့ကိုဖမ်းဆီးရန်လာကြ သလော။ ငါသည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သင်တို့နှင့် အတူရှိလျက် ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။ သို့သော်လည်း ကျမ်းစကားတို့သည် ပြည့်စုံကြပါစေဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးသည် ကိုယ် တော့်ကို ထားခဲ့၍ထွက်ပြေးကြလေ၏။ ပိတ်စပိုင်းတစ်ခုကိုသာ ကိုယ်မှာ ရစ်ပတ်ထားသော လူရွယ်တစ်ဦးသည် ကိုယ်တော့် နောက်တော်မှ လိုက်လာသော်လည်း သူ့ကို ဖမ်းဆီးကြသောအခါ သူသည် ပိတ်စပိုင်းကိုထားခဲ့၍ အ၀တ်မပါဘဲ အချည်းစည်း ထွက်ပြေးလေ၏။ ထိုသူများသည် သခင်ယေဇူးကို ရဟန်းချုပ်ထံသို့ ခေါ်ဆောင်သွားကြ၏။ အားလုံးသောရဟန်းအကြီး အကဲများ၊ သက်ကြီးဝါကြီးများနှင့်ကျမ်းတတ်ဆရာများတို့သည် စုဝေး နေကြ၏။ ပေတရုသည် ရဟန်းချုပ်၏ အိမ်တော်ဦးတိုင်အောင်ဝင်၍၊ ကိုယ်တော့် နောက်တော်သို့ မလှမ်းမကမ်းမှ လိုက်ပါလျက်၊ အစောင့် များနှင့်အတူ ထိုင်၍မီးလှုံ နေလေ၏။ ရဟန်းအကြီးအကဲများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် သခင်ယေဇူးကို သေဒဏ် စီရင်ရန် သက်သေအထောက်အထားများ ရှာကြသော်လည်း သူတို့သည် မည်သည့်သက်သေကိုမျှ မတွေ့ကြချေ၊ အကြောင်း မူကား၊ များစွာသောသူတို့သည် မုသား သက်သေခံကြသော်လည်း သူတို့၏သက်သေထွက်ချက်များသည် ကိုက်ညီမှုမရှိကြ။ အချို့ တို့သည် ထ၍ မဟုတ်မမှန် သက်သေထွက်ဆိုလျက် ကိုယ်တော့်ကို စွပ်စွဲပြောဆိုကြသည်မှာ။ဤသူကငါသည် လူတို့လက်ဖြင့်ဆောက်လုပ်ထားသော ဗိမာန်တော် ကိုဖျက်ဆီး၍ လူတို့လက်ဖြင့် မတည်ဆောက်သော အခြားဗိမာန်တော်တစ်ခုကို သုံးရက်အတွင်း ငါ တည်ဆောက်မည်ဟု ပြောဆိုသည်ကို ကျွန်တော်တို့ ကြားခဲ့ပါသည်ဟုဆိုကြ၏။ ထိုသို့ထွက်ဆိုကြသော်လည်း သူတို့၏ သက်သေ ခံချက်များသည် ကိုက်ညီမှု မရှိကြချေ။ ထိုအခါ ရဟန်းချုပ်သည် သူတို့ အလယ်၌ထ၍ သင်၌ ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲထွက်ဆိုခဲ့ကြသော ဤသူတို့၏သက် သေခံချက်များကာ အဘယ်အကြောင်းများနည်းဟု ကိုယ်တော့်အား မေးလေ၏။ သို့သော် ကိုယ်တော် သည် တိတ်ဆိတ်စွာနေတော်မူ၍၊ မည်သို့မျှပြန်ဖြေ တော်မမူချေ။ တဖန် ရဟန်းချုပ်က သင်သည်ခရစ် တော်တည်းဟူသော မွန်မြတ်သော ဘုရားသခင်၏ သားတော် ဖြစ်သလော ဟု ကိုယ်တော်အားမေးလေ၏။ သခင်ယေဇူးကလည်း ငါဖြစ်၏။လူ့သားသည် ဘုရားသခင်၏ ဘုန်းအာနုဘော်တော် လက်ယာ ဘက်မှာထိုင်လျက် မိုးတိမ်ပေါ်က ကြလာသည်ကို သင်တို့ မြင်ကြရလိမ့်မည်ဟု သူ့အားမိန့်တော်မူ၏။ ထိုအခါ ရဟန်းချုပ်သည် မိမိအ၀တ်များကို ဆုတ်လျက်ပြောဆိုသည်မှာ ငါတို့သည် မည်သည့်သက်သေများ လိုပါသေးသနည်း။ ဘုရားသခင်အား ထိခိုက်ပြောဆိုသောစကားကို သင်တို့ကြားကြရပြီ။ သင်တို့မည်သို့ စီရင်ဆုံးဖြတ်မည်နည်းဟု ဆိုလျှင် ထိုသူအားလုံးက ကိုယ်တော့်ကိုသေဒဏ်ခံသင့်သည် ဟုစီရင်ကြ၏။ တချို့သော သူတို့သည် ကိုယ်တော့် ကို တံတွေးနှင်ထွေးကြ၍ ကိုယ်တော်၏ မျက်နှာ တော်ကိုဖုံးအုပ်ထားကာ ရိုက်ပုတ်ကြလျက် ပရော ဖက်ဉာဏ်နှင့်ဟောပါလောဟု ဆိုကြ၏။ အစောင့် များသည်လည်း ကိုယ်တော့်ကို လက်သီးနှင့်ထိုးကြ၏။ ပေတရုသည် အိမ်တော်ဝင်းအပြင်ဘက်၌ ရှိစဉ် ရဟန်းချုပ်၏ အစေခံအမျိုးသမီး တစ်ဦးသည် လာ၍၊ ပေတရုမီးလှုံနေသည်ကို မြင်လျှင် သူ့အား ကြည့် လျက် သင်သည်လည်း နာဇရက်ûမိ့သားယေဇူးနှင့်  အတူ ရှိခဲ့သည်ဟုဆို၏။ ပေတရုကလည်း သင်ပြော ဆိုသောအရာကို ငါမသိ၊ ငါနားလည်းမလည် ကိုယ်တော့်ကို ငြင်းပယ်လေ၏။ သူသည် အိမ် တော်ဝင်းတံခါးဆီသို့ ထွက်သွားစဉ်တွင် ကြက်  ဖတွန်လေ၏။ တဖန် အစေခံ အမျိုးသမီးတစ်ဦးသည် သူ့ကိုမြင်လျှင် အနီးတွင်ရပ်နေသောသူများ အား စတင်ပြောဆိုသည်မှာ ဤသူသည် ထိုသူ တို့အဖွဲ့တွင် တစ်ဦးအပါအ၀င်ဖြစ်သည်ဟု ဆိုလေ၏။  သူသည် တဖန်ငြင်းပယ်ပြန်၏။ အချိန်အနည်းငယ်ကြာသောအခါ အနားတွင် ရပ်နေသောသူများက ပေတရုအား သင်သည် အမှန်စင်စစ် ထိုသူတို့တွင် တစ်ဦးအပါအ၀င်ဖြစ်၏။ အကြောင်းမူကား၊ သင်သည် ဂါလိလေနယ်သားတစ်ဦးဖြစ်၏ ဟုဆိုကြ၏၊ သို့သော် ပေတရုက သင်တို့ပြောဆိုနေသောသူကို  ငါမသိဟု ကျိန်တွယ် ပြောဆိုလေ၏။ ထိုခဏချင်းတွင် ဒုတိယ အကြိမ် ကြက်ဖသွန်လေ၏။ ပေတရုသည်လည်း ကြက်ဖနှစ်ကြိမ် မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်ဟု သခင် ယေဇူးမိန့်တော်မူသောစကားကို အောက်မေ့သတိရ သဖြင့် ပြင်းထန်စွာ ငိုကြေးလေ၏။ နံနက်အချိန်ရောက်လျှင် ရဟန်း အကြီးအကဲများ၊ သက်ကြီးဝါကြီးများ၊ကျမ်းတတ် ဆရာများနှင့် ဘာသာရေးလွှတ်တော်တစ်ခုလုံးသည်ဆွေးနွေးတိုင်ပင်ကြ၍၊ သခင်ယေဇူးကို ချည်နှောင်လျက် ခေါ်ဆောင်သွား ကြပြီးလျှင် ပီလာတုမင်းလက်သို့ အပ်လိုက်ကြ၏။ ပီလာတုမင်းက သင်သည် ဂျူးလူမျိုးတို့၏ဘုရင် ဖြစ်သလောဟု ကိုယ်တော့်ကိုမေးလျှင် သင်ဆို လေပြီဟု ကိုယ်တော်က ပြန်ဖြေတော်မူ၏။ ရဟန်းအကြီးအကဲ တို့သည်ကိုယ်တော့်အပေါ်များစွာ စွပ်စွဲပြောဆိုကြ၏။ တဖန် ပီလာတုမင်းက သင်၌ ဖြေကြားစရာမရှိသလော။ သင့်အပေါ် စွပ်စွဲပြစ်တင်ထားသော ပြစ်ချက်များ မည်မျှများပြားသည်ကို ကြည့်ပါလောဟု ကိုယ်တော့်အား ဆို၏။ သို့သော် ကိုယ်တော်သည် နောက်ထပ်စကားတစ်ခွန်းမျှ ပြန်ပြောတော်မမူသောကြောင့် ပီလာတုမင်း သည် အလွန်အံ့သြလေ၏။ ပွဲတော်အချိန်အခါတွင် ပီလာတုမင်းသည် လူအများ တောင်းဆိုသည့် အကျဉ်းသား တစ်ယောက်ကို လွှတ်ပေးလေ့ရှိ၏။ ပုန်ကန်ထကြမှုကြောင့် အကျဉ်း ချ နေသူများတွင် လူသတ်မှု ကျူးလွန်ထားသော ဘာရဘဆိုသူ တစ်ဦးရှိ၏။ လူအစုအဝေးတို့သည် ပီလာတုမင်းထံ လာရောက်ကြ ၍၊ မိမိတို့အတွက် သူûပလုပ်ပေးလေ့ရှိသည့်အတိုင်း ဆောင်ရွက်ပေးရန် တောင်းခံကြ၏။ ပိလာတုမင်းက သင်တို့အတွက် ဂျူးလူမျိုးတို့၏ဘုရင်ကို ငါလွှတ်ပေးစေလိုသလော ဟုသူတို့အား မေးလေ၏။ အကြောင်းမူကား၊ရဟန်း အကြီးအကဲတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ်နှံခဲ့ကြကြောင်း သူသိ၏။ သို့သော် ရဟန်းအကြီးအကဲတို့ကမူကား၊ ဘာရဘကိုလွှတ် ပေးခြင်း ငှာ တောင်းဆိုကြရန် လူအစုအဝေးတို့အား လှုံ့ဆော် တိုက်တွန်း ကြ၏။ ပီလာတုမင်းကလည်း ဤသို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ ခေါ်သောသူကို ငါမည်သို့ûပရမည်နည်းဟု သူတို့  အား တဖန် မေးသောအခါ။ ထိုသူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍ သတ်ပါဟု တဖန်အော်ဟစ်ကြ၏။ထိုအခါပီလာတုမင်းက အဘယ်ကြောင့်နည်း။ သူသည် မည်သည့် မကောင်းမှုကိုûပခဲ့မိ သနည်းဟုမေးလျှင် သူတို့က သူ့ကိုလက်ဝါးကပ် တိုင်တင်၍ သတ်ပါဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်ကြ၏။ ပီလာတုသည် လူအစုအဝေးကျေနပ်စေရန် အလိုရှိသောကြောင့် ဘာရဘကို သူတို့အတွက် လွှတ်စေ၍၊ သခင်ယေဇူးကို ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင်တင်စေရန် အပ်လိုက်လေ၏။ စစ်သူရဲများသည် ကိုယ်တော့်ကို ပရီတော်ရီယွန်း ဟုခေါ်သော ဘုရင်ခံ၏ အိမ်တော်အတွင်းသို့ ခေါ် ဆောင်သွားကြပြီး စစ်သူရဲတစ်တပ်လုံးကို အထံတော်၌စုရုံးစေ၏။ထို့နောက် သူတို့သည်ကိုယ်တော် ကိုနီမောင်း သောဝတ်လုံဖြင့် ûခံပေးကြ၏။ ဆူးခက် နှင့်ခွေထားသော ဦးရစ်သရဖူကိုလည်း ကိုယ်တော်၏ ဦးခေါင်းပေါ်မှာ တင်ကြ၏။ ပြီးလျှင် သူတို့က ဂျူးလူမျိုးတို့၏ဘုရင် သက်တော်ရာကျော် ရှည်ပါ စေဟုဆို၍ ကိုယ်တော့်ကို နှုတ်ဆက်ကြ၏။ တဖန်သူတို့သည် ကိုယ်တော်၏ ဦးခေါင်းကို ကျူလုံးနှင့်ရိုက်ကြ၍ တံတွေးနှင့် ထွေးကြ၏။ ရှေ့တော်၌ ဒူးထောက်လျက် ဦးညွှတ်ရှိခိုးကြ၏။ ဤသို့သူတို့သည် ကိုယ်တော်ကို ပြောင်လှောင်ပျက်ရယ်ûပကြ ပြီးနောက် နီမောင်းသောဝတ်ရုံကို ဆွဲချွတ်ကြ၍၊ ကိုယ်တော်၏ အ၀တ်များကို ပြန်ဝတ်စေကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ် တိုင်တင်ရန် ခေါ်ဆောင်သွားကြ၏။ စစ်သူရဲတို့သည် လယ်တော်မှ ပြန်လာသော အလက်ဇန္ဒားနှင် ရုဖုတို့တို့၏ဖခင်၊ စီရေနေûမိ့သား စီမုန်နှင့်လမ်းတွင် တွေ့ကြလျှင် သူကို အနိုင်အထက်ûပ၍လက်ဝါးကပ်တိုင်ကို ထမ်းစေကြ၏။ သူတို့သည် ကိုယ်တော့်ကို ဂေါလ်ဂေါသဟုမည် တွင်သော အရပ် သို့ခေါ်ဆောင်သွားကြ၏။ ထိုအမည်၏ အနက် အဓိပ္ပာယ်ကား ဦးခေါင်းခွံအရပ်ဟူ၍ ဖြစ်သတည်း။ သူတို့သည် မူရန်နှင့် ရောထားသော စပျစ်ရည်ကို ကိုယ်တော်သောက်ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် မသောက်ဘဲနေတော်မူ၏။ ထို့နောက် သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်တင်ကြပြီး၊ ကိုယ်တော်၏အ၀တ်များကို မဲချ၍၊ ခွဲဝေယူကြ၏။ ကိုယ်တော်ကို သူတို့လက်ဝါးကပ်တိုင်တင်သော အချိန်မှာ သုံးချက်တီးခန့်ဖြစ်၏။ ကိုယ်တော့် အပေါ်စွဲချက်တင်ထားသည့် ကမ္ဗည်းစာတမ်းသည် ကား ဂျူးလူမျိုးတို့၏ဘုရင်ဟူ၍ ဖြစ်သတည်း။ ထို့ပြင် သူတို့သည် ဓားပြနှစ်ယောက်ကို ကိုယ်တော် နှင့်အတူ လက်ယာဘက်၌ တစ်ယောက်၊ လက်ဝဲ ဘက်၌တစ်ယောက် လက်ဝါးကပ်တိုင် တင်ထားကြ၏။ ဤသို့ဖြင့် သူသည် ရာဇ၀တ်သားတို့နှင့်အတူ ရေတွက်ခြင်းခံရ၏ဟူသော ကျမ်းချက်သည် ပြည့်စုံခြင်းသို့ ရောက်၏။ လမ်းပေါ်မှာဖြတ်သွားသောသူများကလည်း မိမိတို့ဦးခေါင်းများကိုဆက်ကြလျက် ကဲ့ရဲ့ပြောဆိုကြသည်ကား ကြည့်လော၊ ဗိမာန်တော် ကိုûဖိဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊ ယခု သင့်ကိုယ်ကိုသင်ကယ်တင်ပါလော၊ လက်ဝါးကပ်တိုင်မှဆင်းလာပါလောဟု ဆိုကြ၏။ ထိုနည်း တူပင် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာ တို့သည်လည်း ကိုယ်တော့်ကို ပျက်ရယ်ûပ၍ အချင်းချင်း ပြောဆိုကြသည်ကား၊ ဤသူသည် အခြားသူများကို ကယ်ဆယ်ခဲ့၏။ မိမိကိုယ်ကိုမူ မ ကယ်ဆယ်နိုင်ပါတကား။ အစ္စရေးလ်လူမျိုး၏ ဘုရင် ခရစ်တော်သခင်၊ လက်ဝါးကပ်တိုင်မှ ယခု ဆင်းလာပါစေ။ သင်ဆင်းလာသည်ကို ငါတို့မြင် ရလျှင် ငါတို့ယုံကြည်ပါမည်ဟု အချင်းချင်းပြောင် လှောင်ပြောဆိုကြ၏။ ခြောက်ချက်တီးအချိန် (မွန်းတည့်ချိန်)မှစ၍၊ ကိုး ချက်တီး အချိန်တိုင်အောင် မြေတပြင်လုံး၌မှောင်အတိဖြစ်လေ၏။ ကိုးချက်တီးအချိန် (မွန်းလွဲသုံး နာရီ)တွင် သခင်ယေဇူးသည် ကျယ်လောင်သော အသံဖြင့် ဧလိ၊ ဧလိလမာစာဘတ္တာနီဟု အော်ဟစ် တော်မူ၏။ အဓိပ္ပာယ်မှာ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ် ၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကိုစွန့်ပစ်ထားတော်မူပါသနည်းဟု ဆိုလိုသတည်း။ အနားတွင် ရပ်နေကြသော သူအချို့တို့က ဤစကားကိုကြား သောအခါကြည့်လော့။ သူသည် ဧလိယကိုခေါ်နေသည်ဟု ဆိုကြ၏။ သူတို့တွင်တစ်ယောက်သည် ပြေးသွား၍၊ ရေစုပ်နိုင်သောရေမှိုကို ပုံးရည်တွင်နှစ် ပြီးမှကျူရိုးတွင် တပ်လျက် ကိုယ်တော်သောက်ရန် ပေးလျက်၊ ခေတ္တစောင့်ကြည့်ကြစို့။ သူ့ကိုကယ် တင်ရန် ဧလိယလာမည် မလာမည်ကို ကြည့်ကြစို့ ဟုဆိုကြ၏။ သို့သော် သခင်ယေဇူးသည် ကျယ် လောင်သောအသံဖြင့် အော်ဟစ်လျက်အသက်တော်ကို စွန့်တော်မူ၏။ ထိုအချိန်၌ ဗိမာန်တော်၏ကန့် လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်  အောင်စုတ်၍ နှစ်ပိုင်းကွဲသွားလေ၏။ ကိုယ်တော်၏ ရှေ့တွင်ရပ်နေသော လူတစ်ရာတပ်မှူးသည် ကိုယ်တော်ဤကဲ့သို့ အသက်တော်ထွက်သွားသည် ကိုမြင်သောအခါ ဤလူသည် ဘုရား၏သားတော် အမှန်စင်စစ်ဖြစ်သည်ဟု ဆိုလေ၏။ အချို့သော အမျိုးသမီးများသည် အဝေးမှရပ်လျက်ကြည့်နေကြ၏။ ထိုသူများတွင် မာရိယာမာဒလေးနာ၊ ယာကုပ် နှင့်ဂျိုဇက်တို့၏ အမိဖြစ်သူ မာရိယနှင့် စာလိုမေတို့ပါဝင်ကြ၏။ ထိုအမျိုးသမီး များသည် ကိုယ်တော် ဂါလိလေနယ်တွင် ရှိတော်မူခဲ့စဉ် နောက် တော်မှ လိုက်၍ လုပ်ကျွေးခြင်းအမှုကိုûပခဲ့ကြသောသူများ ဖြစ်ကြ၏။ သူတို့အပြင် ကိုယ်တော်နှင့်အတူ ဂျေရုဆလင်ûမိ့သို့ လိုက်ပါ လာကြသောအခြားအမျိုး သမီးများလည်း ဤနေရာတွင် ရှိကြ၏။  ထိုနေ့သည်ကား၊ ဥပုသ်နေ့ကို ကြိုတင်ပြင်ဆင်ရ သော အဖိတ်နေ့ဖြစ်၏။ ညနေအချိန်ရောက်သောအခါ၊ အာရိမာတေယမိ့သား ဂျိုးဇက်သည်လူသူ လေးစားခံရသူ လွှတ်တော်အရာရှိ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသောသူ လည်း ဖြစ်သည်နှင့်အညီ ပီလာတုမင်းထံသို့ ရဲဝံ့စွာ ၀င်ပြီးလျှင် သခင်ယေဇူး၏ အလောင်းတော်ကို တောင်းလေ၏။ ပီလာတုမင်းသည် ကိုယ်တော် အသက်ထွက်တော်မူကြောင်းကို ကြားလျှင်း အလွန် အံ့အားသင့်၍ လူတစ်ရာတပ်မှူးကို ခေါ်လျက် ကိုယ်တော် အသက်ထွက်တော်မူသည့်အကြောင်းကို မေးမြန်လေ၏။ သူသည် လူတစ်ရာတပ်မှူးထံမှ ကိုယ်တော် အသက်ထွက်တော်မူကြောင်းကိုသိရလျှင် ဂျိုးဇက်အား ကိုယ်တော်၏ အလောင်းတော် ကို အောက်သို့ချပြီးလျှင် ပိတ်အ၀တ်နှင့် ပတ်ရစ် လျက် ကျောက်ဆောင်တွင် ထွင်းထားသောသင်္ချိုင်း ဂူအသစ်၌ ကိုယ်တော်ကို သွင်းထားလေ၏။ ထို့ နောက် သင်္ချိုင်းဂူအ၀တွင်လည်း ကျောက်တုံးကြီး တစ်တုံးကိုလှိမ့်၍ ပိတ်ထားလေ၏။ မာရိယာ မာဒလေးနာနှင့် ဂျိုးဇက်၏အမိ မာရိယတို့သည်လည်း အလောင်းတော်သûင်္ဂိဟ်သည့်နေရာကို တွေ့ မြင်ကြ၏။
ဤသည်ကား ခရစ္စတူးသခင်၏ မြတ်သော ဧ၀ံဂေလိတရားတော် ပေတည်း။
အိုခရစ္စတူးသခင် ကိုယ်တော်အား ချီးမွမ်းထောပနာ ရှိပါစေ။
ကမ္မဌာန်းထောက်ရှုချက်၊-
                                       ကားတိုင်ကို ထမ်းသူလား ကားတိုင်ကို နင်းသူလား
ကျွန်ုပ်တို့၏ဘ၀။
ကျွန်ုပ်တို့၏တန်ဖိုး။
                နောက်ထပ် စဉ်းစားဖို့ကောင်းတဲ့အချက်ကတော့ ဘာ့ကြောင်းကားတိုင်ကို ကွင်းသွားသင့်ရတာလဲ၊-ဒီမွေးခွန်းရဲ့ အ ဖြေအတွက် (လုကား ၉/၂၃-၂၆)အထိကို ဖတ်ဖို့အတွက် ညွှန်းလိုက်ပါရစေ၊မည်သူမဆို ငါ့နောက်ကိုလိုက်လိုလျှင် မိမိကို ကိုယ်ငြင်းပယ်စေ-မိမိလက် ၀ါးကားတိုင်ကိုလည်းနေ့စဉ်ထမ်း၍ ငါ့နောက်သို့လိုက်စေ၊အကြောင်းမူကား မိမိအသက်ကိုကယ် ဆယ်သောသူသည်အသက်ကို ဆုံးရှုံးရလိမ့်မည်။ငါ့အတွက်ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကိုပြန်ရလိမ့်မည်။   လူသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိကိုယ်ကို မိမိဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။----
ကျွန်ုပ်တို့၏ယုံကြည်ချက်။
ကျွန်ုပ်တို့၏ ရှင်သန်မှု ။-
ချစ်စွာသော ဓမ္မမိတ်ဆွေ- အထက်ကဖေါ်ပြခဲ့တဲ့ မေးခွန်းလေးတွေကို စဉ်းစားဆင်ခြင်ပြီး ခရစ်တော်ကြားနာလိုတဲ့ အဖြေလေးတွေကိုပေးနိုင်အောင်ကြိုးစားကြရအောင်လားမိတ်ဆွေ၊ဒ့ါကြောင့် သင်ဟာ ကားတိုင် ကို နင်းသူမဖြစ်ရအောင် ကြိုးစားကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်။
Comments