Resources‎ > ‎Sunday For You‎ > ‎

တတိယအာဒ်ဝင်တူးတနင်္ဂနွေနေ့

အတွဲ(၁) အမှတ်စဉ်(၂၀)                     တတိယအာဒ်ဝင်တူးတနင်္ဂနွေနေ့              ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်

ပထမကျမ်း၊

ကျွန်ုပ်သည်သခင်ဘုရား၌ ရွှင်လန်းဝမ်းမြောက်ပါမည်၊

ပရောဖက်အီဇာအိယအနာဂတ္တိကျမ်း       (၆၁း  ၁ - ၂က  နှင့်  ၁၀ မှ ၁၁၊  အထိ )
    ဘုရားသခင်သည် ငါ့ကို ဘိသိက်မင်္ဂလာ ပေးသောကြောင့် ငါ့အပေါ်တါင် ဘုရားသခင်၏ ၀ိညာဉ်တော်သည် တည်တော်မူ၏၊- ကိုယ်တော်သည် င့ါအပေါ်တွင်ဘုရားသခင်၏၀ိညာဉ်တော်သည် တည် တော်မူ၏၊-ကိုယ်တော်သည် ဆင်းရဲသားတို့အား ကု သပေးရန်လည်းကောင်း၊ကျွန်ဘ၀ရောက်နေသူတို့ အား လွတ်မြောက်ခြင်းအကြောင်းကို ဟောပြောရနလည်းကောင်း အချုပ်အဖမ်းခံရသောသူတို့အား လွတ် မြောက်ခြင်းကိုလည်းကောာင်း၊-သခင်ဘုရား၏ မင်္ဂလာနှစ် အကြောင်း ဟောပြောစေခြင်း ငှာလည်း ကောင်း၊င့ါကိုစေလွှတ်တော်မူ၏၊- ကျွန်ုပ်သည်ဘုရား သခင်၌ ရွှင်မြူးပါလိမ့်မည်၊- အကြောင်းမူကား သတို့ သားသည် ဗေါင်းသရဖူးဖြင့် ဆင်ယင်ထားဘိသကဲ့ သို့လည်းကောင်း၊သတို့သမီးသည် မိမိဘယက်များဖြင့် ၀တ်ဆင်ထား ဘိသကဲ့သို့ လည်းကောင်း၊ကျွန်ုပ်တို့ ကယ်တင်ခြင်း ချမ်းသာနှင့် ဆိုင်ရာအ၀တ်များဖြင့် ၀တ်ဆင်လေပြီ၊- မြေကြီးသည် အပင်များကို ပေါက် စေသကဲ့သို့လည်းကောင်း၊- ဥယျာဉ်သည် မိမိမျိုးစေ့ များကို ပေါက်ရောက်စေသကဲ့သို့လည်ကောင်း၊ဘုရား သခင်သည်လည်း လူမျိုးအပေါင်းတို့၏ရှေ့မှောက်၌ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းထောမနာပြုခြင်းတို့ ပေါ် ထွန်းစေသည်၊-

      ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ 


ဆာလံသီချင်းဧကျူးခြင်း-
(လုကား -     ၁း    ၄၆-၄၈ယ      ၄၉-၅၀ယ    ၅၃-၅၄ယ )

သံပြိုင်။    ။ကျွန်ုပ်၏ ၀ိညာဉ်သည် ကျွန်ုပ်၏ ဘုရား သခင်၌ ရွှင်မြူးပါလိမ့်မည်၊-

၁။   ငါ၏၀ိညာဉ်သည် ဘုရားသခင်ကို ချီးမွမ်း၏၊- ငါ၏၀ိတ်နှလုံးသည်င့ါကိုကယ်တင်သော သခင်ဘုရား ၌ရွှင်လန်းခြင်းရှိ၏၊- အကြောင်းမူကား ကိုယ်တော် သည် မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့် မှတ် တော်မူပြီ၊- ယခုမှစ၍ လူအစဉ်အဆက်တို့သည် င့ါကို မင်္ဂလာရှိသောသူဟု ခေါ်ကြလတ္တံ့၊-(သံပြိုင်)
၂။   အကြောင်းမူကား တန်ခိုးကြီးတော်မူသောသူ သည် ငါ၌ ကြီးမြတ်သောအရာကို ပြုတော်မူပြီ၊- ကိုယ်တော်၏နာမတော်သည် သန့်ရှင်း၏၊- ကိုယ် တော်၏ ကရုဏာတော်သည် မိမိကို ကြောက်သော သတို့အပေါ်၌ သားစဉ်မြေးဆက် သက်ရောက်၏၊- (သံပြိုင်)

၃။   ငတ်မွတ်သောသူတို့ကို ကောင်းသောအရာတို့နှင့် ပြည်ဝစေတော်မူပြီ၊- ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ၊- မိမိကရုဏာတော်ကို အောက်မေ့ တော်မူ၍ မိမိကျွန် အစ္စရေးကို ထောက်မတော်မူပြီ၊-(သံပြိုင်)

ဒုတိယကျမ်း

၊သခင်ဘုရား ကြွလာတော်မူသော အချိန်၌ သင်တို့ ၏ ကိုယ်ခန္ဓာ၊စိတ်၊၀ိညာဉ်တို့ကို ထိန်းသိမ်းထားနိုင်ပါစေ၊

မွန်မြတ်သောတပည့်တော်ကြီးသံပေတရူး-သက်ဆာလိုနီမြို့ သားတို့-ရေးထားသော ဆုံးမစာ-ပထမ စောင် ( ၅း ၁၆ မှ ၂၄ )

    ညီအစ်ကိုတို့၊- ၀မ်းမြောက်ရွှင်လန်းခြင်းရှိ ကြလော့၊အစဉ်မပြတ်ဆုတောင်းပတ္ဘနာပြုကြလော့၊- အရာခပ်သိမ်းတို့၌ ကျေးဇူးဆပ်တင်ကြလော့၊- အ ကြောင်းမူကား ခရစ္ဆတူးသခင်အားဖြင့် သင်တို့အား လုံး ဤကဲ့သို့ ပြုလုပ်ဆောင်ရွက်ကြရန် ဘုရားသခင် အလိုရှိတော်မူသည်၊- သန့်ရှင်းသော ၀ိညာဉ်တော်၏ ကျေးဇူးတော်အရှိကို မပျက်စေကြနှင့်၊-ဘုရားသခင် ၏နာမတော်၌ ပြောဆိုနိုင်သောအခွင့်ကို မထေမဲ့ မြင် မပြုကြနှင့်၊- အရာခပ်သိမ်းတို့ကို စုံစမ်းစေလေ့လာကြ၍ ကောင်းသောအရာတို့ကို လက်ခံသိမ်းပိုက်ကြ လော့၊- မကောင်းမှုဟူသမျှတို့ကို ရှောင်ကြဉ်ကြလော့၊ ကျွန်ုပ်တို့သခင်ယေဇူးခရစ္ဆတူး ကြွလာတော်မူသော အချိန်၌ သင်တို့၏ ကိုယ်ခန္ဓာ၊စိတ်ဝိညာဉ်တို့ကို အပြစ် တင်ခွင့်နှင့် ကင်းစွာ ထိန်းသိမ်းထားနိုင်ရန် ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင်သည် အရာခပ်သိမ်းတို့၌ သင်တို့အား ကိုယ်တိုင် သန့်ရှင်းစေတော် မူပါစေ၊သင် တို့ကို ခေါ်တော်မူသော အရှင်သည် သစ္စသမာဓိနှင့်  ပြည့်စုံတော်မူသည်ဖြစ်၍ ပြီးမြောက်အောင်ဆောင် ရွက်တော်မူလိမ့်မည်။-      
       ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
    ဘုရားသခင်အား ကျေးဇူးတင်ပါသည်။


ဧ၀ံဂေလိကျမ်းမဖတ်မီကြွေးကြော်သံ၊
( အီဇာအိယ -၆၁း   ၁  )
အာလေလူယား -အာလေလူယား
]ဘုရားသခင်၏၀ိညာဉ်တော်သည်င့ါအပေါ်၌ရှိ၏
ထိုအကြောင်းကြောင့် င့ါကိုလိမ်းကျံတော်မူသ ဖြင့် ဆင်းရဲသောသူတို့အား ၀မ်းမြောက်ရာ
      သတင်းကိုဟောပြောစေခြင်းငှာ ငါ့ကိုစေ လွှတ်တော်မူ၏၊-
အာလေလူယား -အာလေလူယား
ဧ၀ံဂေလိကျမ်း
သင်တို့အလယ်၌မူကား သင်တို့မသိသောသူတစ်ယောက်ရှိ၏။


သံယောဟန်ရေးထားသောသန့်ရှင်းသော ဧ၀ံဂေလိကျမ်း ( ၁း ၆ မှ ၈ နှင့် ၁၉ မှ ၂၈ )အထိ
    ယောဟန်ဟုခေါ်သော လူတစ်ဦးကို ဘုရား သခင်စေလွှတ်တော်မူ၏၊-ဤသူအားဖြင့် ခပ်သိမ်း သော လူတို့သည် ယုံကြည်မည့်အကြောင်း အလင်း တော်၏ အကြောင်းကိုသူသည် သက်သေခံခြင်းငှာ သက်သေခံလာ၏၊- သူသည် အလင်းတော်မဟုတ်၊အ လင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာသာ ဖြစ်၏၊-ဇူဒေဦးတို့က သင်သည် အဘယ်သူနည်းဟု မေးမြန်းစေခြင်းငှာ ဂျေရုဇလင်မြို့မှ ရဟန်းများနှင့် လေ၀ီတာတို့ကို ယောဟန်ထံသို့ စေလွှတ်သောအခါ သူသည်သက်သေခံသည်မှာ ငါသည် ခရစ္ဆတူးမဟုတ်  ဟုထိမ်ဝှက်ခြင်းမရှိဘဲ အတိအလင်းဆို၏၊- သူတို့က လည်း၊သို့ဖြစ်လျှင်သင်သည် အဘယ်သူနည်း၊ဧလိယ ဖြစ်သလောဟု မေးကြသော် ငါမဟုတ်ဟုဆို၏၊- သင် သည် ပရောဖက်ဖြစ်သလော၊မဟုတ်ဟုပြန်ပြော၏၊- သူတို့ကလည်း သင်သည် အဘယ်သူနည်း၊ ငါတို့ကို စေလွှတ်သောသူတို့အား ပြန်ပြောနိုင်အောင် သင် သည် သင့်အကြောင်းကို အဘယ်သို့ဆိုသနည်းဟု သူ့ အားဆိုကြလျှင် ငါသည် ပရောဖက်အီဇာအိယ ဟော ထားသည်နှင့်အညီ၊- သခင်ဘုရား၏ လမ်းတော်ကို ဖြောင့်စေကြလော့ဟု တောကန္တာရဟစ်ကြော်သော သူ၏အသံဖြစ်သတည်း၊- စေလွှတ်ခြင်းခံရသူတို့သည် ကား ဖါရီစေဦးထဲက ဖြစ်ကြသတည်း၊- ထိုသူတို့က လည်း သင်သည် ခရစ္ဆတူးလည်းမဟုတ်၊ဧလိယလည်း မဟုတ်၊ပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့် ဆေးကြောသနည်းဟုဆို၍ မေးကြ၏၊- ယောဟန်က ပြန်ပြော၍ဆိုသည်မှာ ငါသည်ရေဖြင့် ဆေးကြော၏၊ သင်တို့အလယ်၌မူကား သင်တို့မသိသောသူတစ် ယောက်ရှိ၏၊- ထိုသူသည် ငါ့နောက်ကြွလာမည်ဖြစ် သော်လည်း ငါ့ထက်သာ၍ ကြီးမြတ်၏၊- ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်၊ထိုအ ကြောင်းအရာများသည်ယောဟန်ဆေးကြောနေသော  ဂျော်ဒန်မြစ်တစ်ဘက် ဗိတ္တနီရွာတွင်ဖြစ်သတည်း၊-
    ဤသည်ကားဘုရားသခင်၏နှုတ်ကပတ်တော်ပေတည်း။
အိုခရစ္ဆတူးသခင်ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေ။
 

ထောက်ရှုစဉ်းစားဆင်ခြင်ရန်၊

အခြေပြုကျမ်း =  အီဇာအိယ (၆၁း  ၁ - ၂က  နှင့်  ၁၀ မှ ၁၁)   ပ-သက်ဆာလိုနီ (၅း ၁၆ မှ ၂၄ ) သံယောဟန် ၁း ၆ မှ ၈ နှင့် ၁၉ မှ ၂၈

ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊-လူမျိုးတိုင်း၊နိုင်ငံတိုင်း၊ယဉ်ကျေးမှုတိုင်း၊ဘာသာတရားတိုင်း၊ဓလေ့ထုံးတမ်းစဉ်လာတိုင်းမှာ လအလိုက်၊- နှစ်အလိုက်၊ကျင်းပသော ပွဲလမ်းသဘင်များရှိကြပါသည်၊-သို့သော် ခရစ်စမတ်ပွဲတော်ကြီးမှာမူ အခြား-အခြားသော ပွဲများနှင့်မတူ၊ လူမျိုတိုင်း၊နိုင်ငံတိုင်း၊ယဉ်ကျေးမှုတိုင်း၊ဘာသာတရားတိုင်းဓလေ့ထုံးတမ်းစဉ်လာတိုင်း၊-စိတ်သဘောထားတည်းထားကာ ကျင်းပလေ့ရှိသော ပွဲတော်ကြီး တစ်ရပ်ပင်ဖြစ်သည်၊-ခရစ်စမတ် ကာလတွင်မည်သည့်နိုင်ငံ၊မည်သည့်ယဉ်ကျေးမှုတွင် မဆို ခရစ်စမတ်၏ သင်္ကေတ လက်ဆောင်များ၊ ခရစ်စမတ် ဘိုးဘိုးရုပ်များ၊ခရစ်စမတ်တေးသီချင်းများ၊ ခရစ္စမတ်သစ်ပင် များဖြင့် ဝေဆာနေသည်ကို တွေ့နိုင်ပါသည်၊-ခရစ်စမတ်ကား လူတိုင်းကို ပျော်ရွှင်မှု အပေးနိုင်ဆုံး ပွဲတော်တစ်ရပ်ပင်ဖြစ်သည်။
    သို့သော်တေးရေးဆရာ]စောဘွဲ့မှူး}ရဲ့ ခရစ်စမတ်တေးလေးတစ်ပုဒ်ကတော့ အတော်လေးထူးခြားလှပါတယ်၊]ခရစ်စမတ်ရောက် မှာကိုကြောက်တယ်} တဲ့၊-သည်သီချင်းရဲ့ ခေါင်းစဉ်လေးကို ကြားလိုက်ရတော့ အတော်လေး ထူးခြားနေတာကို တွေ့ရပါတယ်၊-အကြောင်းအရာ လေးကို သေသေချာချာနားထောင်ကြည့်လိုက်တော့ သမီးငယ်လေးတစ်ဦးရဲ့ ခံစားချက်ကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်၊-ကလေးမလေးရဲ့ ဖခင် ဖြစ်သူက အရက်သမားဖြစ်ပါတယ်၊-သည်အရက်သမားကြီးဟာ ခရစ်စမတ်အချိန်ဆို တစ်ချိန်လုံးမူးနေတော့တာပဲ၊-ဘုရားကျောင်းလည်းမတက် မိမိအိမ်လာရောက်နှုတ်ဆက်ကြတဲ့ မိတ်ဆွေတွေကိုလည်း ဧည်မခံနိုင်၊သည်တော့ သမီးဖြစ်သူက မျက်နှာငယ်တာပေါ့၊-ရှက်လည်းရှက်တာပေါ့၊ သည်တော့ ခရစ်စမတ်ရောက်မှာကို စိုးရိမ်ပြီး ကြောက်နေတော့တာ့ပေါ့၊
    ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊- သည်အပတ် အာဒ်ဝင်တူး တတိယ တနင်္ဂနွေဟာ၊ပျော်ရွှင်ခြင်း တနင်္ဂနွေလို့သတ်မှတ် ထားပါတယ်၊-သည်နေ့ကြားနာခဲ့ကြရတဲ့ ကျမ်းစာအားလုံးမှာ ပျော်ရွှင်ခြင်း၊၀မ်းမြောက်ခြင်းအကြောင်းတွေကို တွေ့ခဲ့ကြရပါတယ်၊-အီဇာအိယ ရဲ ကျမ်းစာတော်မြတ်ထဲမှာ]] ကျွန်ုပ်သည် သခင်ဘုရား၌ ရွှင်လန်းဝမ်းမြောက်ပါမည်၊ ဆာလံသီချင်းမှာလည်းကျွန်ုပ်၏၀ိညာဉ်သည် ကျွန်ုပ် ၏ဘုရားသခင်၌ ရွှင်မြူးပါလိမ့်မည်၊}} ဒုတိယ ကျမ်းစာတော်မြတ်မှာလည်း သံပေါလူးက ]]၀မ်းမြောက်ရွှင်လန်းခြင်းရှိကြလော့}}
    လူသားတွေဟာ အဘယ်ကြောင့်]]၀မ်းမြောက်ရွှင်လန်းခြင်း}} ရှိကြရမည်နည်း၊အကြောင်းကတော့ လူတိုင်းအတွက် သတင်းကောင်း ကိုကြားနာကြရမှာမို့ဖြစ်ပါတယ်၊ဆင်းရဲသားတို့အတွက် သတင်းကောင်း၊နှလုံးကြေကွဲသူတို့ကို ကုသပေးမည့်အကြောင်း၊ကျွန်ဘ၀ရောက်နေသူ တို့ကို လွတ်မြောက်စေခြင်း၊အကျဉ်းခံနေရသူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ခံစားရစေခြင်း၊-သဖြင့် လူတိုင်းအတွက် သတင်းကောင်းကိုကြား နာကြရမှာဖြစ်တဲ့အတွက် လူတိုင်းဝမ်းသာနေကြခြင်းဖြစ်ပါတယ်၊-
    ထို့ကြောင့် သံပေါလူးက]မကောင်းမှုဟူသမျှတို့ကို ရှောင်ကြဉ်ကြလော့၊- ကျွန်ုပ်တို့သခင်ယေဇူး ခရစ္ဆတူးကြွလာတော်မူသော အချိန်၌ သင်တို့၏ ကိုယ်ခန္ဓာ၊စိတ်ဝိညာဉ်တို့ကို အပြစ်တင်ခွင့်နှင့် ကင်းစွာထိန်းသိမ်းထားနိုင်ရန် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် အရာခပ်သိမ်းတို့၌ သင်တို့အားကိုယ်တိုင်သန့်ရှင်းစေတော်မူပါစေ၊သင်တို့ကိုခေါ်သောအရှင်သည် သစ္စာသမာဓိနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ပြီးမြောက် အောင်ဆောင်ရွက်တော်မူလိမ့်မည်၊-}ဟု ဆုံးမတော်မူခဲ့ပါကြောင်း နှိုးဆော်လိုက်ပါသည်၊       


(georgemdy2011@gmail.com)

(gkhinmghtwemdy2011@mandalayarchdiocese.com)

Comments