Resources‎ > ‎Sunday For You‎ > ‎
နှစ်၏ သတ္တမ သာမန်တနင်္ဂနွေနေ့
အတွဲ(၂)အမှတ်စဉ်( ၇ )       နှစ်၏ သတ္တမ အကြိမ်မြောက်သာမန်တနင်္ဂနွေနေ့          ၁၉-၂-၂၀၁၂
ပထမကျမ်းစာ၊                                                                                                             
             ငါ၏နာမတော်ကိုထောက်၍ သင်၏အပြစ်များကို ငါခွင့်လွှတ်မည်။
ပရောဖက်အီဇာအီယအနာဂတ္တိကျမ်း။       ( ၄၃း ၁၈  မှ ၁၉  နှင့် ၂၁ မှ ၂၂ -  ၂၄ မှ ၂၅ အထိ )
ဘုရားသခင်သည် ဤသို့အမိန့်တော်ရှိသည်။-အတိတ်ကို aမ့လျော့လော့၊-ရှေးဟောင်းအဖြစ်အပျက်များကိုဂရုမမူနှင့်၊ ငါသည်အသစ်အဆန်းများကို ပြုလုပ်သဖြင့် ယခုပေါ်လာလိမ့်မည်။သင်တို့သည် ထိုအရာများကို သိမြင်ကြလိမ့်မည်မဟုတ် လော့၊-အမှန်တကယ်တောကန္တာရ၍ လမ်းကိုလည်းကောင်း၊သဲကန္တာရ၌ မြစ်များကိုလည်းကောင်း၊-ငါသည်ဖြစ်ပေါ်စေမည်။-  ထိုလူမျိုးကို င့ါအဖို့ပြင်ဆင်ခဲ့ပြီ၊- သူတို့သည်လည်း ငါ၏ ဂုဏ်တော်ကို ချီးကျူးကြလိမ့်မည်။-အို-ယာကုပ်အမျိုး-သင်သည် ငါ့ ကို ၀တ်ပြုကိုးကွယ်ခြင်းမပြု၊-အိုအစ္စရေး အမျိုးသင်သည် ငါ့အဖို့ငြီးငွေ့စရာဖြစ်တော့သည်။-သင်သည် သင်၏အပြစ်များဖြင့် ငါ့ အား အမှုထမ်းစေပြီ၊- သင်၏ ကျူးလွန်မှုဖြင့် ငါ့အား ၀န်ထမ်းစေခဲ့ပြီ၊-ငါမူကား သင်၏အပြစ်များကို ငါ၏နာမကြောင့် အခွင့် လွှတ်သောသူပင်ဖြစ်၏။-အခွင့်လွှတ်သောသူပင်ဖြစ်၏၊- သင်၏အပြစ်များကိုလည်း ငါသည်မေ့လျော့ပစ်မည်။-
-ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။
ဆာလံသီချင်းဧကျူးခြင်း၊
ဆာလံ ၄၀၊
သံပြိုင်။ ။ အိုသခင် ကျွန်ုပ်သည် ကိုယ်တော်အား ပြစ်မှားကျူးလွန်ခဲ့သောကြောင့် ကျွန်ုပ်၏၀ိညာဉ်ကို ပျောက်ကင်း စေတော်မူပါ။
၁။         ဆင်းရဲသောသူတို့အား နားလည်သောသူသည် မင်္ဂလာရှိလိမ့်မည်။-ဒုက္ခရောက်သောနေ့တို့၌  သူ့အား သခင်ဘုရား လွတ်မြောက်စေလိမ့်မည်၊-သခင်ဘုရားသည် သူ့ကိုစောင့်ရှောက်တော်မူ၍ အသက်ရှင်စေလိမ့်မည်၊-မြေကြီးပေါ်၌ သူ့အား စိတ်ချမ်းသားစေ၍ ရန်သူတို့၏ လက်တွင်းသို့ အပ်နှံလိမ့်မည်မဟုတ်၊-(သံပြိုင်)
၂။         သခင်ဘုရားသညိ အိပ်ယာပေါ်၌ ရောဂါဝေဒနာခံစားနေရစဉ် သူ့အား ထောက်မတော်မူ၍ သူ၏ ရောဂါဝေဒနာများကို ပျောက်ကင်းစေတော်မူသည်၊-ကျွန်ုပ်ကလည်းအိုသခင် ကျွန်ုပ်ကိုသနားတော်မူပါ၊-ကျွန်ုပ်သည် ကိုယ်တော်အား ပြစ်မှား ကျူး လွန်ခဲ့သောကြောင့် ကျွန်ုပ်၏ ၀ိညာဉ်ကို ပျောက်ကင်းစေတော်မူပါ ဟု မြွတ်ဆိုပါသည်။-(သံပြိုင်)
၃။         ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်ကင်းစင်သောကြောင့် လက်ခံတော်မူ၍ ကိုယ်တော်၏ မျက်မှောက်တော်၌ ကျွန်ုပ်ကို အစဉ်ထားတော်မူပါ၊- အစ္စရေးလူမျိုးများ၏ အရှင်ဘုရားသခင်သည် ကာလအဆက်ဆက်မင်္ဂလာရှိတော်မူပါစေ။ အာမင်-(သံပြိုင်)
ဒုတိယကျမ်း။
ယေဇူးသခင်သည် မှန်သည်တစ်ခါ-မှားသည်တစ်မျိုးမဟုတ်
မှန်သည်ဟူသော အချက်တစ်ခုသာဖြစ်သည်။
မွန်မြတ်သောတပည့်တော်ကြီး သံပေါလူး ကော်ရင်းသီမြို့ သားတို့ထံ ရေးသောစာ ဒုတိယစောင် ( ၁း ၁၈ မှ -  ၂၂  အထိ)
ညီအစ်ကိုတို့၊-
သင်တို့အားကျွန်ုပ်တို့ပြောသောစကားတို့သည် မှန်ပါသည်ဟူ၍ တစ်ခါ-မမှန်ပါဟူ၍တစ်မျိုးမဟုတ်ကြောင်းကို သစ္စာ သမ္မာဓိနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ဆိုပါသည်၊-သင်တို့အား ကျွန်ုပ်နှင့်တကွ-ဆီလ်ဗါနူးနှင့်တီ မောတေတို့ဟောပြောကြသော ဘုရားသခင်၏ သားတော်ယေဇူးခရစ္ဆတူးသခင်၏အကြောင်းကို မှန်ပါသည်ဟူ၍ တစ်ခါ-မမှန် ပါဟူ၍တစ်မျိုးမဟုတ်၊မှန်ပါသည်ဟူသောအချက်တစ်ခုတည်းကိုသာဟောပြောပါသည်။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်     ထားတော်မူခဲ့သော ကတိတော်အားလုံးတို့သည် ခရစ္ဆတူးသခင်၌ ပြည့်စုံခြင်းသို့ရောက်ကြ၏၊-ထို့ကြောင့် ဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်တိုးတက်စေခြင်းငှာ-ခရစ္ဆတူးသခင်အားဖြင့် အာမင်ဟု ကျွန်ုပ်တို့ဆိုခွင့်ရကြသည်။-ဘုရားသခင်သည် ခရစ္ဆတူးသခင်အားဖြင့် ကျွန်ုပ်တို့ကို သင်တို့နှင့် တစ်လုံးတစ်ဝတည်းဖြစ်တော်မူသည်သာမက ကိုယ်တော်သည်ပင် ကျွန်ုပ်တို့ ကိုဘိသိက်ပေးတော်မူ၍ တံဆိပ်ခတ်တော်မူလျက် သန့်ရှင်းသောဝိညာဉ်တော်ကို အာမခံအဖြစ်ကျွန်ုပ်တို့၏နှလုံးထဲသို့ သွင်း ပေးတော်မူသည်။          
                                          ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။
အာလေလူယား။    (  သံလူကား  - ၄    ၁၈-၁၉  )
                        သခင်ဘုရားသည် ဆင်းရဲသောသူတို့အား ၀မ်းမြောက်ရာသတင်းကို ဟောပြောစေခြင်းငှာလည်းကောင်း အချုပ်အဖမ်းခံရသောသူတို့အား ဟောပြောစေခြင်းငှာလည်းကောင်း၊ငါ့ကိုစေလွှတ်တော်မူ၏။
အာလေလူယား။       
ဧ၀ံဂေလိကျမ်း။
   လူ့သားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သော အာဏာရှိသည်။ 
သံမာရ်ကူးရေးထားသော သန့်ရှင်းသော ဧ၀ံဂေလိကျမ်း။                                                     ( ၂း ၁  မှ  ၁၂ အထိ )
နေ့ရက်များမကြာမီတစ်ဖန်ကာဖာရ်နာအုမ်မြို့ သို့ဝင်တော်မူ၍ ကိုယ်တော်သည် အိမ်တစ်အိမ်၍ ရှိတော်မူကြောင်း ကိုကြားသိလျှင် များစွာသော သူတို့သည် တံခါးပြင်၌ပင်နေရာမရှိအောင်စုလာကြ၏၊- ကိုယ်တော်သည်လည်း သူတို့အား နှုတ် ကပါဌ်တော်ကိုဟောပြောတော်မူ၏၊-ထိုအခါလက်ခြေသေသော လူတစ်ယောက်ကို လူလေးယောက်တို့သည် ထမ်း၍ ကိုယ် တော့်ဆီသို့ ဆောင်ခဲ့ကြ၏၊-လူအစုအဝေးကြောင့် ရှေ့  တော်သို့မဆောင်နိုင်ကြသည်ရှိသော် - ကိုယ်တော်ရှိရာအိမ်မိုးကိုလှန် ၍ ဖောက်ပြီးမှ လက်ခြေသေသောသူတုံးလုံးနေသော အိပ်ရာကို လျှောချ၏၊-ယေဇူးသည်ကား သူတို့၏ယုံကြည်ခြင်းကို မြင် တော်မူလျှင် လက်ခြေသေသောသူအား ငါ့သား သင်၏ အပြစ်များကို လွတ်စေပြီဟု မိန့်တော်မူ၏၊-ဤနေရာမှာ ကျမ်းတတ်ဆ ရာများထိုင်လျက်ရှိနေကြ၍မိမိတို့စိတ်ထဲ၌ထင်မှတ်ကြသည်မှာ အဘယ်သို့ဤသူသည် ထိုသို့ဆိုရသနည်း၊- ဘုရားသခင်အား ထိခိုက်သောစကားကိုဆို၏၊-ဘုရားသခင်တစ်ပါးတည်းအပြင် အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်း၊-ထိုသို့   သူတို့စိတ် ထဲ၌ ထင်မှတ်ကြသည်ကို မိမိဥာဏ်တော်ဖြင့် ချက်ခြင်းယေဇူးသည် သိတော်မူလျှင် သူတို့အား မိန့်တော်မူသည်ကား-အဘယ် ကြောင့်သင်တို့စိတ်ထဲ၌ဤသို့ထင်မှတ်ကြသနည်း၊လက်ခြေသေသောသူအားအဘယ်အရာသည်သာ၍ပြောဆိုလွယ်သ နည်း   သင်၏အပြစ်များလွတ်လေပြီဟုဆိုခြင်းလော-သို့တည်းမဟုတ် ထလော့ -သင့်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ဆိုခြင်း လော့၊သို့ရာတွင် လူသားသည်ကား - မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်ကြောင်းကို သင်တို့သိရမည့်အကြောင်း လက်ခြေသေ သော သူအား မိန့်တော်မူသည်ကား သင့်အား ငါဆိုသည်ကား ထလော့ - သင့်အိပ်ရာကိုဆောင်၍ သင်၏ အိမ်သို့သွားလော့၊- ထိုခဏချင်းပင် သူသည်ထ၍ အိပ်ရာကိုယူပြီးလျှင် လူအပေါင်းတို့ရှေ့  မှာ ထွက်သွားသည်ဖြစ်၍ ရှိသမျှသောသူတို့သည် အံ့ သြလျက် ဤကဲ့သို့ တစ်ခါမျှ မမြင်ရဖူးပါတကားဟုဆိုကြ၏၊-ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်။
ကမ္မဌာန်းထောက်ရှုချက်၊-
                               သံကို သံဖြင့် သွေးရင်  ချွန်ထက်လာစေသကဲ့သို့-   
                ချစ်စွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊(၁၉-၂-၂၀၀၉)ရက်နေ့ထုတ်ရတနာပုံနေ့စဉ်သတင်းစာမှာ ၀မ်းနည်းစရာ၊-စိတ်မ ကောင်းစရာသတင်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။-အေးအေးစေးစေးနေတတ်တဲ့-ဆယ်တန်းငါးဘာသာဂုဏ်ထူးရှင်လေး တစ်ဦး-အပေါင်းအသင်းမှားခဲ့မိလို့-၂၀၀၈-ခုနှစ်ရဲ့ သင်္ကြန်အကြတ်နေ့မှာ-တိမ်းပါးသွားခဲ့တဲ့အတွက်-ကျန်ရစ်သူမိသားစုရဲ့ လွမ်း ဆွတ်တမ်းတမှုသတင်းလေးကို ဖတ်လိုက်ရလို့ပါဘဲ၊-တမ်းတမှုစာလွှာလေးရဲ့  အဆုံးမှာ- ချစ်တဲ့သားလေး-အေးအေးလေးနေ တတ်တဲ့သားလေး-စာကျိုးစားတဲ့သားလေး-စိတ်စေတနာကောင်းတဲ့သားလေး-ရောက်လေရာ - ဘ၀ဆက်တိုင်းလူဆိုးလူမိုက် များနဲ့ အပေါင်းအသင်းမမှားပါစေနဲ့လို့ မေတ္တာပို့ ဆုတောင်းလွှာလေးကို ဖတ်လိုက်ရပြန်ပါတယ်။စိတ်မကောင်းခြင်း-ဒေါသဖြစ် ခြင်းစတဲ့အရိပ်အငွေ့  လေးတွေကိုတွေ့လိုက်ရပြန်ပါတယ်၊-အပေါင်းအသင်းမှားယွင်းမှုရဲ့ ဆိုးကျိုးရလဒ်လေးကိုလည်း တွေ့ လိုက်ရလို့ သံဝေဂလည်းရလိုက်မိပါတယ်၊-
            ချစ်စွာသောဓမ္မမိတ်ဆွေအပေါင်းတို့၊-အပေါင်းအသင်းဆိုတာ လူတိုင်းမှာရှိကြစမြဲဖြစ်ပါတယ်၊-ရှိလည်းရှိရမှာဖြစ်ပါ တယ်၊-လောကမှာ ဘယ်လူသားမှ တစ်ဦးတည်းရပ်တည်လို့မရပါဖူး၊-တစ်ဦးတည်းလည်းမနေသင့်ပါဖူး၊အဲ့သည်လိုအပေါင်းအ  သင်းလုပ်ရမယ်-ရှိရမယ်လို့ဆိုသော်ငြားလည်း-အဲ့သည့်မိတ်ဆွေအပေါင်းအသင်းတွေဟာ-မိတ်ကောင်းဆွေကောင်းတွေဖြစ် နေဖို့လိုအပ်ပါတယ်။-ဘာလို့လည်းဆိုတော့ မိတ်ကောင်းဆွေကောင်းရှိခြင်းရဲ့  ရလဒ်အကျိုးကို ဓမ္မဟောင်းမှာရှိတဲ့ပညာအ လိမ္မာကျမ်းမှာ သည်လိုဖေါ်ပြထားတဲ့အတွက်ဖြစ်ပါတယ်၊
            သံကိုသံဖြင့် သွေးရင် ချွန်ထက်လာစေသကဲ့သို့-လူတစ်ဦးသည်လည်း အခြားတစ်ဦး၏အားပေးကူညီမှုဖြင့်ထက် မြက်လာရ၏၊(ပညာအလိမ္မာကျမ်း ၂၇း ၁၇)
            မိတ်ဆွေကောင်းတစ်ဦး၏ အကြံဥာဏ်သည် မိမိ၏ ကိုယ်ပိုင်စိတ်ကူးထက်ပို၍ ချိုမြ၏၊-သင့်မိတ်ဆွေနှင့်သင့်ဖခင်တို့ ၏ မိတ်ဆွေတို့ကို မစွန့်ခွာလေနှင့်၊- (ပညာအလိမ္မာကျမ်း ၂၇း ၉-၁၀)
            မည်သူမျှ စပျစ်ရည်သစ်ကို သားရေဖူးဟောင်းတွင် ထည့်လေ့မရှိ၊ထည့်ခဲ့လျှင်-သားရေဖူးပေါက်သဖြင့် စပျစ်ရည်ယို  ဖိတ်ကာ-သားရေဗူးလည်း ပျက်စီးတတ်၏။ - (မာတေဦး ၉း ၁၇ )
            သည်အပတ်ကြားနာကြရမယ့် ဧ၀ံဂေလိကျမ်းစာထဲမှာ - မိတ်ကောင်းဆွေကောင်းတို့ရဲ့ ကျေးဇူးကြောင့် လေဖြတ်နေ တဲ့ ဝေဒနာရှင်ဟာ-ခရစ်တော်ဘုရားရှင်ရဲ့  တန်ခိုးတော်နဲ့ အကောင်းပကတိပြန်ဖြစ်ခဲ့ရကြောင်း ကြားနာကြရမှာ ဖြစ်ပါတယ်၊- လေဖြတ်နေတဲ့ ဝေဒနာရှင်ရဲ့  မိတ်ဆွေလေးဦးဟာ သူတို့ရဲ့  မိတ်ဆွေဝေဒနာသည်ကို ပေါ့ပေါ့ပါးပါးနဲ့သယ်ဆောင်ပြီး-ခရစ် တော်ဘုရားရှင်ရဲ့  ခြေတော်ရင်းကို အရောက်ပို့ဆောင်ပေးခဲ့ကြရတာမဟုတ်ပါဖူး၊-လူအုပ်ကြီးက တံတိုင်းကြီးပမာ-ကာစီးနေ တဲ့အတွက် လူနာနဲ့ထမ်းစဉ်ကိုပါ အိမ်ခေါင်းမိုးပေါ်ကို စွဲတင်-အိမ်ခေါင်မိုးကိုဖေါက်-ကြိုးနဲ့ အဲ့သည်ဝေဒနာရှင်လူနာနဲ့ထမ်းစဉ် ကိုခရစ်တော်ရှေ့ ချပေးခဲ့ရတဲ့ အလုပ်ဟာ-လွယ်ကူတဲ့အလုပ်တော့မဟုတ်လှပါဖူး၊-တော်ရုံတန်ရုံဇွဲ-တော်ရုံတန်ရုံခင်မင်မှုသံ ယောဇဉ်နဲ့တော့ မဖြစ်နိုင်ပါဖူး၊-ဒါ့ကြောင့်လည်း အဲ့သည့်မိတ်ကောင်းဆွေကောင်းတို့ရဲ့  စေတနာ-အနစ်နာ-မေတ္တာအရင်းခံ တို့ကြောင့် ဝေဒနာရှင်ဟာ ခရစ်တော်ဘုရားရှင်မြတ်ရဲ့  ရှေ့  တော်မှောက်ကို ရောက်ခွင့်ရပြီး - ခရစ်တော်ဘုရားရှင်ရဲ့  ကုသ ပျောက်ကင်းချမ်းသာခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်၊-
            အထူးသဖြင့် -တနယ်တကျေးမှာ မိဝေးဖဝေးနဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဘ၀ကို ရုန်းကန်နေကြရတဲ့-ညီငယ် ညီ မငယ်-သားငယ်သမီးငယ်-တူ-တူမအားလုံးကို သတိပေးလိုပါတယ်၊-အပေါင်းအသင်းမမှားမိဖို့ဖြစ်ပါတယ်၊-ဘာလို့လည်းဆို တော့ တနယ်တကျေးမှာ နေကြရတဲ့အခါ-မိမိအနီးမှာ သတိပေးမဲ့သူမရှိ၊မျက်နှာထောက်ထားရမယ့်သူမရှိတဲ့အခါမှာ-အားကိုး မှားမိမှာကို စိုးရိမ်တဲ့အတွက်ဖြစ်ပါတယ်၊-အထက်ကတင်ပြခဲ့တဲ့-ဆယ်တန်းဂုဏ်ထူးရှင်လေးလိုဖြစ်သွားရင်-သက်ဆိုင်ရာအုပ် ထိန်းသူမိဘသားချင်းဆွေမျိုးများ-ရင်ကျိုးကြပါတယ်၊-
                                                အားလုံးမိတ်ကောင်းဆွေကောင်းပီသကြပါစေ
                                                အားလုံးမိတ်ကောင်းဆွေကောင်းနဲ ဆုံ့တွေ့ နိုင်ကြပါစေ၊
                                                                                                            ဘုန်းဘုန်းဂျော့ဦးခင်မောင်ထွေး
Comments