ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်းထန်​​ ရွာေ​တ်ာဘာသာတူများနှင့်​ ​တွေ့ဆုံ

posted 15 Aug 2015, 19:44 by MANDALAY CATHOLIC ARCHDIOCESE   [ updated 15 Aug 2015, 19:44 ]
မန္တ​လေး ကက်​သလစ်​သာသနာပိုင်​ ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်းထန်​​ရွှေဘိုဇုန်​နှင့်​​ ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​ အတူ ​ရွှေဘိုဇုန် ရွာေ​တ်ာသာသနာ​စီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်းထန်​သည်​ ၁၁ သြဂုတ်​​၂၀၁၅ ည​ ၈း၀၀နာရီ အချိန်​တွင်​ ​ရွှေဘိုဇုန်​နှင့်​​ ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​ အတူ ​ရွှေဘိုဇုန် ​ရွာ​​တော်​သာသနာစီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒ စကားမြွက်​ကြား ​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး (Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကား မိန့်​ကြားခဲ့ကြပါသည်​။  ၁၂ ရက်​ ​နေ့နံနက်​ ၇း၀၀ နာရီတွင်​ ဆရာ​တော်​ဘုရားမှ ဦး​ဆောင်​၍ ရဟန်း​တော်​၉ပါး ဘာသာတူများတို့နှင့်​အတူ ခရစ္စမားအား​​​ပေးခြင်း​ မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။ ခရစ္စမားအား​ပေးခြင်း စက္ကရမင်တူး ​ခံယူသူ ​​​ယောက်ျား​​လေးး ၁၄ ဦး မိန်းက​လေး ၃၈ဦး ​စုစု​ပေါင်း ၅၂ဦး ခံယူရရှိခဲ့ကြပါသည်​။



Comments