ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်းထန်​​ ရွှေဘိုဇုန်​နှင့်​​ရေဦးဇုန်​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

posted 11 Aug 2015, 23:33 by MANDALAY CATHOLIC ARCHDIOCESE   [ updated 11 Aug 2015, 23:35 ]
မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်းထန်​​ရွှေဘိုဇုန်​နှင့်​​ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​အတူ ​ရွှေဘို ဇုန်ရှိ ​ရွှေဘို​သာသနာစီရင်စု​ရှိဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်းထန်​သည်​ ၁၀ သြဂုတ်​​၂၀၁၅ ည​၈း၀၀နာရီအချိန်​တွင်​​ရွှေဘိုဇုန်​နှင့်​​ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​အတူ ​ရွှေဘိုဇုန်ရှိ ​ရွှေဘို​သာသနာစီရင်စု​ရှိဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကားမြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး(Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကားမိန့်​ကြားခဲ့ကြပါသည်​။  ၁၁ ရက်​ ​နေ့နံနက်​ ၆း၃၀နာရီတွင်​ ဆရာ​တော်​ဘုရားမှဦး​ဆောင်​၍ ရဟန်း​တော်​၉ပါး ဘာသာတူများတို့နှင့်​အတူမစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။




Comments