Salesian Youth Moment ကျင်းပခြင်း

posted 27 Apr 2016, 02:12 by MANDALAY CATHOLIC ARCHDIOCESE

ဆလေးရှင်း လူငယ်လှုပ်ရှားမှု (SYM) သင်တန်းတစ်ခုကို အနီးစခန်း (နာဇရတ်) ကျောင်းဝင်းအတွင်းတွင် ၂၀၁၆ ဧပြီ (၂၁-၂၄)အထိ ဆလေးရှင်း အသင်းဂိုဏ်း လူငယ်ကော်မရှင်မှ ဦးဆောင်ကာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်းသို့ အနယ်နယ် အရပ်ရပ်မှ ဆလေးရှင်း လူငယ်မောင်မယ် (၁၆၀)ဦး ပါဝင် တက်ရောက်ခဲ့သည် ဟုသိရှိရပါသည်။
သင်တန်းပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဆလေးရှင်းလူငယ်များ တစ်ဦးနှင့်တစ်ဦး ပိုမို ရင်းနှီး မှုရှိလာစေရန်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ချိတ်ဆက်ကာ လူပ်ရှားမှုများပြုလုပ်နိုင်ရန်၊ နိုင်ငံတကာ ဆလေးရှင်းလူငယ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်နိုင်ရန်၊ ဆလေးရှင်း လုပ်အားပေး လူငယ်များပေါ် ထွက်လာစေရန်၊ လူငယ်များ စည်းရုံးနိုင်ရန်အတွက် ဆလေးရှင်းလူငယ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟုသိရှိရပါသည်။


ဆလေးရှင်းလူငယ် လှုပ်ရှားမှုသင်တန်းကို ကျင်းပခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ သင်တန်းတွင် ဆလေးရှင်းလူငယ် ဝိညာဉ်ရေးရာ အကြောင်းကို အဓိကထားကာ ပို့ချကြောင်း၊ ယခင်ကအကြောင်း အမျိုးမျိုးကြောင့် မလှုပ်ရှားနိုင်ခဲ့ကြောင်း၊ယခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆလေးရှင်းလူငယ် လှုပ်ရှားမှု အဖွဲ့အစည်းတစ်ခုအနေဖြင့် စတင်ကာ ဖွဲ့စည်း လုပ်ဆောင်သွားမည်ဟု ဆလေးရှင်း မှ FR.Peter Myo Khin က ပြောပြပေးခဲ့ပါသည်။

ပင်ကီ (MDY- OSC)
27.4.2016
Comments