R.V.A သောတရှင်စစ်တမ်းကောက်ယူခြင်း ခေါင်းဆောင်မှုသင်တန်း(မန္တလေး)

posted 10 Oct 2012, 00:14 by MANDALAY CATHOLIC ARCHDIOCESE   [ updated 20 Oct 2012, 02:57 ]
    ရေဒီယိုဗဲရီးတာ့စ် အသံလွှင့်ခြင်း၏ သောတရှင်စစ်တမ်းကောက်ယူခြင်းသင်တန်းကို မန္တလေးကက်သလစ် ဆရာတော်ကြီး ကျောင်းတိုက် အစည်းအဝေး ခန်းမဆောင်တွင် (၂၀၁၂)ခု၊ ဇူလိုင်လ(၁၇)ရက်မှ (၂၈)ရက်နေ့ အထိ င်္Fr.Gabriel U Htun Myint  ဦးဆောင်ကာ ကျင်းပပြုလုပ်သည်။ ဤသင်တန်းတွင် Austraila နိုင်ငံမှ Mr.John Goslino မှ သောတရှင် စစ်တမ်းကောက်ယူ ခြင်းကို အသေးစိတ် စနစ်တကျကောက်ယူပုံ၊ ကောက်ယူနည်းကို ပို့ချသည်။ွGermany နိုင်ငံ Cameeo မှ Miss Daniela Frank  က  အကြံပြုလမ်းညွှန်ပေးသည်။

    ဤသင်တန်းသို့ မြန်မာနိုင်ငံမှ အသံလွှင့် အစီအစဉ်တွင် ပါဝင်သည့် ကရင်အစီအစဉ်၊ ကချင်အစီအစဉ်၊ ချင်း အစီအစဉ်နှင့် မြန်မာဘာသာ အစီအစဉ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်(၁၃)ဦးနှင့် လေ့လာသူ(၆)ဦး၊ ဂိုဏ်းချုပ် ဆရာတော်ပေါလ် ဇိန်တုန်း ဂရောင်တို့ တက် ရောက်ကြသည်။ သင်တန်း တက်ရောက်သူ(၂)ဦးစီတို့သည်  မန္တလေးသာသနာအတွင်းရှိ စိန်ဇေးဗီးယားအုပ်စု၊ စိန်မိုင်ကယ်(သံဝင်း) သာသနာအုပ်စု၊ စိန်ဂျိုးဇက်(လဖုန်း) သာသနာအုပ်စုနှင့် စိန်ဂျွန်း သာသနာအုပ်စု အသီးသီးသို့ ကိုယ်တိုင်ကွင်းဆင်း၍ စစ်တမ်း ကောက်ယူခဲ့ကြသည်။ ဇူလိုင်လ(၂၅)ရက် ည(၈)နာရီတွင် သက်ဆိုင်ရာ ဘာသာရပ် အသီးသီးမှ တာဝန်ခံများအစည်းအဝေးပြုလုပ် ပြီျး R.V.A  (Myanmar Services) Audience Research committee, Myanmar ကို ဖွဲ့စည်းခဲ့သည်။ ၎င်းင်းကော်မတီတွင် နာယကအဖြစ် မန္တလေး ဂိုဏ်းချုပ်ဆရာတော်ပေါလ် ဇိန်တုန်းဂရောင်၊ ဥက္ကဌအဖြစ် ဘုန်းတော်ကြီး ဂျွန်ဦးစိုးတင့်၊ အတွင်းရေးမှူး (၁) အဖြစ် ဘုန်းတော်ကြီး ဂျွန်ပေါလ် မန်းစိမ်ရော်၊ အတွင်းရေးမှူး(၂)အဖြစ် ဘုန်းတော်ကြီးလေအို (လူထုဆက်သွယ်ရေးနှင့်ပြန်ကြားရေးရုံး)၊ ဘဏ္ဍာရေးမှူးအဖြစ် စ္စတာစီစီလျားစန်းယုမော်၊ အဖွဲ့ဝင်များအဖြစ်(၁) Fr.Henary Eiklein (၂)Fr.Michal Thang Law Ha (၃) Fr. John Muler (၄) Fr.Peter Hka Aung Tu (၅) Fr.Paschael Tu Ja (၆) Fr. Philip Za Hei Lian (၇) Fr.David Mg Mg Htun တို့ဖြစ် သည်။

    ဇူလိုင်လ(၂၈)ရက်နေ့ ညနေ(၅း၃၀)နာရီတွင် သင်တန်းအပိတ် မစ္ဆားကို ဂိုဏ်းချုပ်ဆရာတော်ဦးဆောင်၍ ရဟန်းတော် များ နှင့် အတူ ပူဇော်ပြီး ညနေ(၆)နာရီတွင် သင်တန်းသား၊သူများအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်း၊ ပို့ချသူများအား ဂုဏ်ပြုလက် ဆောင်များပေးခြင်း၊ ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားရုပ်သိမ်းပါသည်။။

 

Comments