R.V.A မေတ္တာအားမာန်သောတရှင်အသင်း ၃၊၂၀၁၂ အစည်းအဝေး(ချမ်းသာကုန်း)

posted 10 Oct 2012, 02:47 by MANDALAY CATHOLIC ARCHDIOCESE   [ updated 20 Oct 2012, 21:30 ]
 
R.V.A မေတ္တာအားမာန်သောတရှင်အသင်း ၃၊၂၀၁၂ အစည်းဝေးကို ချမ်းသာကုန်းရွာ စိပ်ပုတီးမယ်တော်သခင်မခန်းမ၌ (၂၀၁၂) ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီတွင် စတင်ကျင်းပရာအသင်းဝင်(၃၃)ဦး တက်ရောက်သည်။ R.V.A မေတ္တာ အားမာန်သောတရှင် အသင်း (၂)ကို တက်ရောက်လာကြသော အသင်းဝင်များ၏ သဘောတူညီချက်ဖြင့် အောက်ပါအ တိုင်း ဖွဲ့စည်း လိုက်ကြသည်။

(၁) ဥက္ကဌ                 လောရင့်ဦးငွေကြီး (ချမ်းသာကုန်း)
(၂) ဒုဥက္ကဌ               လောရင့်ဦးထွန်းကြိုင် (ချမ်းသာကုန်း)
(၃) အတွင်းရေးမှူး     ဖရန်စစ်ဦးဝင်းအောင် (ချမ်းသာကုန်း)
(၄) ဘဏ္ဍာရေးမှူး     သောမတ်စ်ဦးထွန်းမင်းလတ် (ချမ်းသာကုန်း)
(၅) အဖွဲ့ဝင်               သြဂုတ်စတင်းဦးစိုးမြင့် (ချမ်းသာကုန်း)
(၆) အဖွဲ့ဝင်              ဦးချစ်ထွန်း (ချမ်းသာကုန်း)
(၇) အဖွဲ့ဝင်              ဦးလှဝင်း (မြစ်ငယ်)
(၈) အဖွဲ့ဝင်              ရဲလင်းထွန်း
(မြစ်ငယ်)
(၉) အဖွဲ့ဝင်              ဦးမြင့်သန်း (မြစ်ငယ်)
(၁၀) အဖွဲ့ဝင်             ဦးလှကျော် (မြစ်ငယ်)
(၁၁) အဖွဲ့ဝင်             မစန်းစန်းဝင်း (မြောက်ကိုင်း)
(၁၂) အဖွဲ့ဝင်             မဖြူဖြူနွယ် (မြောက်ကိုင်း)
(၁၃) အဖွဲ့ဝင်             ဦးကျော်ဆွေ (မြောက်ကိုင်း)

ရွေးချယ်ခံရသော ဥက္ကဌ ဦးငွေကြီးမှ မိမိဥက္ကဌ အဖြစ်တာဝန်ပေးခြင်းခံရသဖြင့် ၀မ်းသာဂုဏ်ယူပါကြောင်ျးR.V.Aအတွက် မိမိတတ်နိုင်သလောက် ကြိုးစားထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ချမ်းသာကုန်းသာသနာ အုပ်စုကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ်ဒေးဗစ်ကျော်စွာ လက်ထက်က ဖိလစ်ပိုင်မှာ ပညာသင်ကြားစဉ် R.V.Aသို့ သွားရောက်ကာ ဖာသာရ်ဂျိုတုအား ကူညီခဲ့ပါ ကြောင်း၊ ယခင်ျ R.V.Aသောတရှင် တစ်ဦးဖြစ်ခဲ့ပါကြောင်း၊ ချမ်းသာကုန်းမှာ လာရောက်ပြီျး R.V.A မေတ္တာအားမာန်သောတရှင်အသင်း(၂)ကို ဖွဲ့စည်းတဲ့အတွက်ကျေးဇူးတင်ပါကြောင်း၊ ဇော်ဂျီ၊ ဆင်ဖြူကျေးရွာ အုပ်စုများကို ပါ စည်းရုံး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားသွား သည်။
မေတ္တာအားမန် ဒုဥက္ကဌဖြစ်သည့် ဦးမောင်မောင်ဦးကလည်း မိမိသည် ဒုက္ခိတတစ်ဦးဖြစ်ပြီျးR.V.Aကြောင့် မိမိဘ၀ကို ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း၊ျR.V.A ကို ဆက်လက်နားဆင်ခြင်းဖြင့် ခွန်အားများရယူကြပါရန် တိုက်တွန်းပြောကြား သွားသည်။

ထို့နောက် လျှို့ဝှက်အလှူငွေကောက်ခံရာ (၁၁၆၅၀) ကျပ်ရရှိသည်။ နန်းရှေ့မသိင်္ဂီလှူငွေ (၅၀၀၀)ကျပ်နှင့်၊ မြစ်ငယ်မှ ဦးလှ ၀င်း-ဒေါ်မာရီယား လှူငွေ(၃၀၀၀)ကျပ်တို့ ပါပေါင်းလိုက်ရာ စုစုပေါင်း(၁၉၆၅၀)ကျပ် ရရှိသည်။ ဤငွေများကို အသင်း ရံပုံငွေအဖြစ် ဘဏ္ဍာရေးမှူး ဦးသောမတ်စ်အားပေးအပ် ခဲ့သည်။ နောက်တစ်ကြိမ် အစည်းအဝေးကို မေတ္တာအားမန် အသင်း(၂)စုပေါင်း၍ျR.V.A ကျိုဆောင်ဗဟိုရ်ရုံးတွင် (၂၈-၇-၂၀၁၂)နေ့၌ ကျင်းပရန်ဆုံးဖြတ်ကြသည်။ အစည်းအဝေးကို (၂း၃၀) နာရီတွင် ရုပ်သိမ်းသည်။

Comments