RVA မြန်မာပိုင်း အသံလွှင့် အစီအစဉ် သောတရှင်တွေ့ဆုံပွဲ - ရန်ကုန် ကျင်းပခြင်းသတင်း

posted 15 Dec 2012, 09:08 by MANDALAY CATHOLIC ARCHDIOCESE   [ updated 15 Dec 2012, 09:09 ]
    RVA မြန်မာပိုင်း အသံလွှင့် အစီအစဉ် သောတရှင် တွေ့ဆုံပွဲ (ရန်ကုန်) အား (၉-၁၂-၁၂) ခုနေ့ နံနက်(၁၀း၀၀)နာရီတွင် မြေနီကုန်း ဖာတီမာဘုရားကျောင်းခန်းမ အပေါ်ထပ်၌ ပြုလုပ်ခဲ့ပါသည် အခန်းအနားကို မိမိတို့ ဘာသာတရား အလိုက် မေတ္တာပို့ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပြီး RVA မြန်မာပိုင်း အသံလွှင့် အစီအစဉ် မြန်မာပြည် တာဝန်ခံ Sr စန်းယုမော်မှ နှုတ်ခွန်းဆက် အမှာ စကားပြောကြားခဲ့ပါသည် ။ Sr  စန်းယုမော်မှ သောတရှင်များ၏ ရင်ဖွင့် စကားသံများကို ကြားချင်ပါကြောင်း၊ ၀ါသနာ တူခြင်း ပေါင်းစပ်ကာ မေတ္တာတရားကို အခြေခံသောကြောင့် တမူ ထူးခြားသော တွေ့ဆုံခြင်းဖြစ်ကြောင်း RVA  သည် လူမျိုးဘာသာ မခွဲခြားကြောင်း အခုလို အဝေးမှ လာရောက်ပေးကြသောကြောင့် ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပါသည်၊

    ထိုနောက် မမာလာမှ နှုတ်ခွန်းဆက် စကားပြောကြားပေးရာတွင် မမာလာ အသက်ပြည့်၍ အနားယူ သွားသော်လည်း RVA  ကို အမြဲ ပံ့ပိုး ကူညီနေအုံးမှာ ဖြစ်ကြောင်း RVA  နှင့် သောတရှင်များကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း မမာလာ မြန်မာပြည် ကို ရောက်ရှိနေခဲ့လျှင် သောတရှင် တွေ့ဆုံပွဲကို အမြဲ တက်ရောက်ပေးမှာ ဖြစ်ကြောင်း၊ ထာဝရ နှုတ်ဆက်ခြင်းမျိုး မဟုတ်ဘဲ ခေတ္တ ခဏ နှုတ်ဆက်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊ ထိုနောက် ““မေတ္တာအားမာန်””ရန်ကုန် ဥက္ကဌ မှ ကျေးဇူးတင် စကားပြော ကြားပေးခြင်း ၊အဖွဲ့ အမှုဆောင်များနှင့် မိတ်ဆက်ပေးခြင်း ၊ တစ်ဦးချင်း  မိမိကို မိမိ မိတ်ဆက်ပေးခြင်းနှင့် ရင်ဖွင့်သံ များ ပြောကြားကြခြင်း၊ မေတ္တာအားမာန် (ရန်ကုန် ) အဖွဲ့၏ တစ်နှစ်တာ လှုပ်ရှားများကို ဆရာဘော်စကိုမှ ဖတ်ကြားပေးခြင်း၊ မမာလာ အား လက်ဆောင်ပေးခြင်း၊ အုပ်စုဖွဲ့ မိတ်ဆက်ခြင်း နှင့် RVA  နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ တင်ပြခြင်းနှင့် သောတ ရှင်များအား ပြက္ခဒိန်များ လက်ဆောင်ပေးခြင်း၊ တို့ကို ပြုလုပ်ခဲ့ပါသည်။

    နေ့လည်(၁၂း၀၀) နာရီတွင် အပိတ် ဆုတောင်း မေတ္တာပို့သလျက် မှတ်တမ်းတင် ဓါတ်ပုံ အတူတကွ ရိုက်ကြပြီးနောက် အခန်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်၊။ ၎င်း သောတရှင် တွေ့ဆုံ ပွဲ အခန်းအနားသို့ အနယ်နယ် အရပ်ရပ်မှ RVA သောတရှင် (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။
    သတင်းပေးပို့သူ
ကက်သရင်းဂျွန် ( IGH ) 
Comments