ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်း ​ချမ်းသာရွာ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံ

posted 24 Aug 2015, 21:02 by MANDALAY CATHOLIC ARCHDIOCESE   [ updated 24 Aug 2015, 21:02 ]

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်း ​ရေဦးဇုန် ချမ်းသာရွာ သာ​သနာ​စီရင်စု​ရှိဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်းသည်​ ၁၉ သြဂုတ်​​၂၀၁၅ ည​၈း၀၀နာရီအချိန်​တွင်​​ရွှေဘိုဇုန်​နှင့်​​ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​အတူ  ​​​ရေဦးဇုန်ရှိ ချမ်းသာရွာ​​​သာသနာစီရင်စု​ရှိဘာသာ
တူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကားမြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး(Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကားမိန့်​ကြားခဲ့ကြပါသည်​။  ၂၀ ရက်​ ​နေ့နံနက်​ ၇း၀၀နာရီတွင်​ ဆရာ​တော်​ဘုရားမှဦး​ဆောင်​၍ ရဟန်း​တော်​၁၁ပါး ဘာသာတူများတို့နှင့်​အတူခရစ္စမားအား​​​ပေးခြင်း​မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။



Comments