ရမည်းသင်းမြို့ လုဒ်မယ်တော်ပွဲ ကျင်းပ

posted 27 Feb 2014, 04:59 by MANDALAY CATHOLIC ARCHDIOCESE   [ updated 27 Feb 2014, 05:00 ]
ရမည်းသင်းမြို့ လုဒ်မယ်တော်ပွဲ ကျင်းပ

မန္တလေး ဂိုဏ်းချုပ်သာသနာ ရမည်းသင်းမြို့ လုဒ်မယ်တော်ပွဲကို 10.2.2014 ညနေ 43း0 နာရီတွင် ပွဲတော်ကြို မစ္ဆားကို မန္တလေး ဂိုဏ်းချုပ် ဆရာတော် နီကလက်စ်
မန်းထန် ဦးဆောင်ဟောကြားကာ Fr. John မောင်ဆန်းမှ သြ၀ါဒ ပေးခဲ့၏။ မြို့တွင်းသို့ ကိုယ်တော်မြတ် ရွှေနှလုံးတော် မယ်တော် ဆင်းတုတော်များ လှည့်လည်ပူဇော်ခံပြီး ကိုယ်တော်မြတ် ကောင်းကြီးဖြင့် အဆုံးသတ်ခဲ့၏။ 11.2.2014 နံနက် ၁၀း၀၀ နာရီတွင် လုဒ်မ်တော် ပွဲတော် မစ္ဆားကို  ဆရာတော် နီကလက်စ် ဦးဆောင်ဟောကြား သြ၀ါဒ ပေးခဲ့၏။ ကျောင်းထိုင်ဖာသာရ် နေကျော်လွင်မှ ဆရာတော်၊ ဖာသာရ်များ၊ စစ္စတာရ်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ကျေးဇူးတင် စကား ပြောကြားခဲ့၏။

ဦးမြသင်းမှ ကျောင်းတွင်း ပန်ကာများ၊ ဒေါက်တာဦးလှသင်းမှ Keyboard ကိုယ်တော်မြတ် ရောင်ခြည်တော်၊ Chalice စုစုပေါင်း ကျပ်သိန်းပေါင်း၂၀၊ ဦးအောင်မြင့်၊ ဒေါ်လီလီ မောင်နှမများမှ အကျွေးအမွေး တာဝန်နှင့် ဒေါ်လီလီ၏ စေတနာဖြင့် မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ တပ်ကုန်း၊ ပျဉ်းမနား၊ ဇော်ဂျီ၊ ဆင်ဖြူ ဘာသာဝင်များအား ခရီးစရိတ် ပံပိုးပေးခဲ့၏။ လုဒ်စ်မယ်တော်ပွဲကို နှစ်200 ပြည့်မှ ယနေ့တိုင် ၁၄နှစ်တိတိ ဒေါ်လီလီမှ ပွဲဖော်ကျင်းပခဲ့၏။ ဆရာတော်၊ ဖာသာရ် ၁၄ပါး၊ စစ္စတာရ်(၅)ပါး ဘာသာဝင် ၂၀၀ တက်ရောက်ခဲ့ကြ၏။

နီလာစမိုင်းလ်(ရေဦး)


Comments