မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကိုရင်(၅)ပါးအား ဦးပဉ္စင်းကြီး သိက္ခာတင်ပေးပွဲ ကျင်းပခြင်းသတင်း

posted 5 Aug 2016, 01:57 by MANDALAY CATHOLIC ARCHDIOCESE   [ updated 5 Aug 2016, 01:59 ]
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကိုရင်(၅)ပါးအား ဦးပဉ္စင်းကြီးသိက္ခာတင်ပေးပွဲကျင်းပခြင်းသတင်း

မန္တလေးမြို့ ၈၂လမ်း ၂၆×၂၅လမ်းကြားရှိ ရွှေနှလုံးတော် ကက်သီဒြယ်ဘုရားကျောင်းတွင် ၄.၈.၂၀၁၆ နံနက်(၇)နာရီ တွင် မန္တလေး ကက်သလစ်သာသနာမှ ကိုရင်(၅)ပါးအား မန္တလေး ကက်သလစ် သာသနာမှ ဂိုဏ်းချုပ် ဆရာတော်ကြီး နီကောလာစ်း မန်ထန်းလက်တော်မှ ဦးပဉ္စင်းကြီး သိက္ခာကို ခံယူခဲ့ကြပါသည်။ 

ဆရာတော်ကြီး နီကောလာစ်း မန်ထန်းမှလည်း သြဝါဒ မြွတ်ကြားရာတွင် ”ဒီမနက်မှာ ဘုရားသခင် ပေးသနားတော်မူတဲ့ အင်မတန်မှ လူ့ရဲ့ဦးနှောက်နဲ့စဉ်းစားဆုံးဖြတ်လို့ နားမလည်နိုင်တဲ့ မေတ္တာတရားကြီး လူတွေအပေါ်မှာ သက်ရောက်ပါပြီ။ အထူးသဖြင့် ဒီဦးပဉ္စင်းကြီး ငါးပါးကို လူတွေ ကြားထဲကနေ ထပ်မံပြီး ရွေးချယ်လိုက်ပါပြီ။ ဦးပဉ္စင်းကြီးများ သူတို့ရဲ့အထူးအထူးသော ခေါ်တော်မူခြင်းကတော့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားကို လောကမှာ လူ့အသိုင်းအဝိုင်းမှာ အများသူငှာရဲ့ ကယ်တင်ခြင်းအတွက် အဓိကထားပြီး ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရတဲ့နေ့ ဖြစ်တယ်။ ၎င်းအပြင် သူတို့ရဲ့ ဒီနေ့ခေါ်တော်မူခြင်းဟာ မေတ္တာ၊ ကရုဏာလုပ်ငန်းဘုရားရဲ့လူသားတွေအပေါ်မှာ အဓိကထားတဲ့အရာ အားလုံးကိုဖြတ်ကျော်ပြီး မှရတဲ့ ခေါ်တော်မူခြင်း၊ ဖြစ်တယ်။ ဦးပဉ္စင်းတွေရဲ့ခေါ်တော်မူခြင်းဟာဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်ပါ သူတစ်ပါးကိုလည်း ကိုယ်ရှင်ကဲ့သို့ချစ်ပါမယ်ဆိုတဲ့ အရာ အားလုံးကို ဘုရားမပါပဲ မရဘူး။ လူ့ဘဝဆိုတာ ဘုရားမပါပဲ မရဘူး။ လူ့ဘဝဆိုတာဘုရားရဲ့ ဘဝထဲမှာပဲ မြုပ်နှံနိုင်မှ သူ့ရဲ့ခေါ်တော်မူခြင်းဟာ အဓိပ္ပာယ် ရှိတဲ့ဘဝ၊ အဓိပ္ပာယ်ရှိတဲ့ ခေါ်တော်မူခြင်းဖြစ်တယ်။ ဒါတွေကို ကျွန်ုပ်တို့ ကိုယ်တိုင်က ကျင့်ပြီးမှ သူတစ်ပါးကိုလည်း ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှ အားကိုးနိုင်သူဖြစ်မယ်။ အဲဒီလိုနေနိုင် ခြင်းဟာ ဆုတောင်းမေတ္တာဖြစ်တယ်။ အဲဒီဟာက ဘဝတစ်ခုလုံးကို အပ်နှံပြီးမှ ဘုရားသခင်ရဲ့ဘဝထဲမှာ အပြည့်အဝနေနိုင်ခြင်းက ဆုတောင်းခြင်းပဲဖြစ်တယ်။ ဒီနေ့ဟာ ထူးခြားတဲ့ ဘုရားသခင်ရဲ့ဖြစ်ရပ်ကို လူတွေအလယ်မှာ ပြန်ပြီး မှ ဖောက်သည်ချကာ သူတို့ ကိုယ်တိုင်ကနေ ကျင့်ပေးရတဲ့ ခေါ်တော်မူခြင်းက ဦးပဉ္စင်းတွေပဲဖြစ်ပါတယ်။ အဲဒီလိုမေတ္တာနဲ့ ခေါ်တော်မူခြင်းက များပြားတဲ့အတွက် တကယ့်ကို ဘုရားနဲ့ပေါင်းစည်းပြီး သူတစ်ပါးကိုလည်း ကိုယ်တော်ရှင်ကဲ့သို့ ချစ်မယ် အဲဒီလို ဘုရားမပါရင် မပြီးဘူးဆိုတဲ့ ခံယူချက် သုံးပါးကို သိရတဲ့ ဦးပဉ္စင်းကြီများဟာ ထူးခြားတဲ့သူများဖြစ်တယ်။ ဒါကြောင့်မို့ ဘာသာတူများ အားလုံးပါဝင်ပြီး ဦးပဉ္စင်း (၅)ပါးခံယူမယ့် သစ္စာ ၊ သမ္မာဓိခံယူချက်ကို ပြည့်ပြည့်စုံစုံနဲ့ ဆောင်ရွက်နိုင်ကြပါစေလို့ မေတ္တာပို့ကြပါစို့။ အားလုံးဝိုင်းဝန်းပြီးမှ ဆုတောင်းပေးကြပါစို့။ ထိုက်တန်စွာနဲ့ ဘုရားသခင် ထူးခြားတဲ့ကောင်ချီးမင်္ဂလာပေးတဲ့ ဒီနေ့မှာ သန့်သန့်ရှင်းရှင်းနဲ့ ထိုက်တန်တဲ့ ပူဇော်ခြင်းကို လုပ်ဆောင်နိုင်ဖို့ရန် ကိုယ်စီရဲ့ အပြစ်များကို ဝန်ချတောင်းပန်ပြီး ဆုတောင်းပေးကြပါစို့ဟု မြွတ်ကြားခဲ့ပါသည်။ 

Dec. Anthony Kyaw Kyaw Htay  , Dec.Eugene Stephen Chit Soe Oo , Dec.Firmin Aung Kyaw Zaw , Dec.Prter Than Naing Oo , Dec.Richard Kyaw Myo Hlaing တို့အား ဆရာတော်ကြီးမှ ဦးပဉ္စင်းကြီး သိက္ခာတင်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် Dec. Eugene Stephen Chit Soe Oo မှ အားလုံးကိုယ်စား ကျေးဇူးတင်းစကားပြောကြားရာတွင် ဆရာတော်ကြီး ၊ ဘုန်းတော်ကြီးများ သီလှရှင်များနဲ့ ကျေးဇူးရှင်မိဘ၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့် ဘာသာတူမိတ်ဆွေများ၊  အလှူရှင်များအားလုံးကို ကျေးဇူးတင် စကားကို ပြောကြားခဲ့ပါသည်။ 

Pinky ( MDY – OSC)
(4.7.2016)


Comments