ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်း​ ​​တန့်ဆည် (လမ်းဆုံ)​ရှိ ဘာသာတူများနှင့်​ ​တွေ့ဆုံ

posted 24 Aug 2015, 21:03 by MANDALAY CATHOLIC ARCHDIOCESE   [ updated 24 Aug 2015, 21:03 ]

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်း​ရေဦးဇုန် ​​တန့်ဆည် (လမ်းဆုံ)​သာသနာစီရင်စု​ရှိဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်းသည်​ ၁၈ သြဂုတ်​​၂၀၁၅ ည​၇း၃၀နာရီအချိန်​တွင်​​ရွှေဘိုဇုန်​နှင့်​​ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​အတူ ​ရေဦးဇုန် ​တန့်ဆည် (လမ်းဆုံ)​သာသနာ စီရင်စုရှိ​​​ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကားမြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ Rev. Fr. Augustine ၀င်း​ရွှေ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကားမိန့်​ကြားခဲ့ကြပါသည်​။  ၁၉ ရက်​ ​နေ့နံနက်​ ၇း၀၀နာရီတွင်​ ဆရာ​တော်​ဘုရားမှဦး​ဆောင်​၍ ရဟန်း​တော်​၉ပါး ဘာသာတူများတို့နှင့်​အတူ မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။


Comments