RVA စစ်တမ်းကောက်ယူခြင်း၊ ဆင့်ပွား သင်တန်းကျင်းပခြင်းနှင့် စေလွှတ်ခြင်းသတင်း။

posted 22 Jun 2013, 05:53 by MANDALAY CATHOLIC ARCHDIOCESE   [ updated 22 Jun 2013, 05:53 ]
အာဗီအေ မြန်မာ ဘာသာ အစီအစဉ် သောတရှင် စစ်တမ်း ကောက်ယူခြင်း ဆင့်ပွား သင်တန်းကျင်းပခြင်းနှင့် စေလွှတ်ခြင်း သတင်း။

အာဗီအေ မြန်မာဘာသာ အစီအစဉ် သောတရှင်များ စစ်တမ်း ကောက်ယူခြင်း ဆင့်ပွားသင်တန်းကို မန္တလေးမြို့၊ ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကျောင်း တိုက်၊ အစည်းအဝေးခန်းမတွင် ဇွန်လ ၁၆ နှင့် ၁၇ရက်နေ့၌ ကျင်းပ ပြုလုပ်ရာ- ၁၇ ဦး တက်ရောက် ခဲ့ပါသည်။ သင်တန်းတွင် စစ္စတာရ် စီစီလျား စန်းယုမော်မှ ယခု တက်ရောက်သူများသည် အမှန်တကယ် စစ်တမ်း ကောက်ယူရန် အတွက် အရည်အချင်းနှင့် လုပ်ဆောင်ရန် စိတ်အား ထန်သန်သူများ ဖြစ်ကြရမည် ဖြစ်ကြောင်း၊ အာဗီအေ သောတရှင်များ စစ်တမ်း ကောက်ယူခြင်း (Audience Research) နှင့် တပြိုင်နက်ထဲ အာဗီအေ အကြောင်းကိုပါ လူများ သိလာရန်(Promotion) ပါ လုပ်ကြရမည် ဖြစ်ကြောင်း၊ အာဗီအေ သောတရှင်များ စစ်တမ်း ကောက်ယူကြမည့် သူများ အနေဖြင့် အာဗီအေနှင့် ပတ်သက်သည့် သိထား ကောင်းစရာများကို မိမိတို့ ကိုယ်တိုင်က သိထားဖို့ လိုအပ်ပါကြောင်းနှင့် အာဗီအေ တည်ရှိရာ ဌာန၊ ထုတ်လွှင့်ပေးလျက်ရှိသော အစီအစဉ်များ၊ လုပ်ငန်းစဉ်များနှင့် မြန်မာ ဘာသာ အစီအစဉ်နှင့် ပတ်သက်သည့် သိသင့် သိထား အပ်ရာများဖြစ်သည့် စတင် ထုတ်လွှင့်သည့် ရက်၊ ထုတ်လွှင့်ပေးနေသည့် အစီအစဉ်များအားလည်းကောင်း ရှင်းလင်း ပြောကြားပေးပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူထု ဆက်သွယ်ရေးရုံးမှ ဒါရိုက်တာဖြစ်သည့် ဘုန်းတော်ကြီး လေအိုမှ စစ်တမ်း ကောက်ယူရန်အတွက် လိုအပ်သည့် အကြောင်းအရာများအား လည်းကောင်း၊ မြန်မာ ဘာသာ အစီအစဉ်များ-သောတရှင် စစ်တမ်း ကောက်ယူခြင်း အသင်း၏ ဥက္ကဖြစ်သည့် ဘုန်းတော်ကြီး ဂျွန်စိုးတင့်မှ သောတရှင် စစ်တမ်း ကောက်ယူရာ၌ အသုံးပြုနိုင်သည့် နည်းလမ်းများ ဖြစ်သည့် မေးခွန်းလွှာများ ပို့ခြင်း၊ တိုက်ရိုက် မျက်နှာချင်းဆိုင် အင်တာဗျူးခြင်း။ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အရည်အချင်းကို ဖေါ်ထုတ်စေသည့် နည်းများစသည့် နည်းလမ်းများအား ပြုလုပ်ပုံ၊ လုပ်နည်းများနှင့် အတူ တစ်နည်းစီ၏ အားနည်းချက်၊ အားသာချက်များကို ယခင် ဖေဖေါ်ဝါရီလက မေးခွန်းများ ပေးပို့ကာ ကောက်ယူ ရရှိထားသည့် စစ်တမ်းမှ အဖြေများအား ဖေါ်ပြကာ-အသေးစိတ် သင်ကြား ပို့ချပေးခဲ့ပါသည်။ ပို့ချချက်များ အပြီးတွင် တက်ရောက်လာကြသူများအား လက်တွေ့ လုပ်ဆောင်စေပြီးနောက် - တက်ရောက် လာသူများအား-အဖွဲ့ (၈) ဖွဲ့ခွဲကာ မန္တလေးတိုင်း အတွင်းရှိ ဒေသများ၊ တောင်ကြီး၊ လွိုင်ကော်၊ ဖယ်ခုံ၊ အောင်ပန်း၊ ကလော၊ ဒီမောဆို ဒေသများ၊ ကျိုင်းတုံ၊ တာချီလိတ်၊ သီရီိ စသည့် ဒေသများသို့ အသီးသီး သတ်မှတ် ခွဲပေးလျက်-ကောက်ယူ ရရှိသည့် မှတ်တမ်းများအား ဇွန်လှိုင်လကုန်တွင် ပြန်လည် တင်ပြကြပါရန်နှင့် သြဂုတ်လ ၁၇ ရက်နေ့ တွင် ပြန်လည် ကာ အစည်းဝေးပြုလုပ်ရန် အတည်ပြုခဲ့ကြပြီး အာဗီအေ မြန်မာဘာသာ အစီအစဉ် သောတရှင်များ စစ်တမ်းကောက်ယူခြင်း ဆင့်ပွား သင်တန်းကို ၁၇ ရက်နေ့ ညနေ ၄း၃၀ တွင် အောင်မြင်စွာဖြင့် အဆုံးသတ် ခဲ့ကြပါသည်။