RVA သောသရှင်များနှင့် မေတ္တာအားမာန်(ရန်ကုန်) တွေ့ဆုံပွဲ

posted 28 May 2013, 02:56 by MANDALAY CATHOLIC ARCHDIOCESE   [ updated 28 May 2013, 02:59 ]
RVA သောသရှင်များနှင့် ဖွဲ့စည်းထားသော မေတ္တာအားမာန်(ရန်ကုန်) တွေ့ဆုံပွဲကို St. Peter and Paul၊ အင်းစိန်၊ ရန်ကုန်တွင် ၂၅၊၅၊၂၀၁၃ နေ့ တွင် ကျင်းပ ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ လူထုဆက်သွယ်ရေး တာဝန်ခံ Fr. Leo (SDB) နှင့်အတူ သာသနာအသီးသီး လူထုဆက်သွယ်ရေး တာဝန်ခံဘုန်းတော်ကြီး ၉ ပါး၊ RVA မြန်မာပိုင်းအစီအစဉ်၏ တာဝန်ခံ Sr. Cecilia စန်းယုမော်၊ မေတ္တာအားမာန်(MDL)အဖွဲ့ဝင်များ နှင့် မေတ္တာအားမာန်(ရန်ကုန်) အဖွဲ့အ၀င်များ  ပါဝင်တက်ရောက် ခဲ့ပါသည်။

RVA သောသရှင် အချင်းချင်း ရင်းနှီးမှုရှိကာ  မေတ္တာ အရင်းခံပြီး လူမှုရေး ကိစ္စ အစစအရာရာတွင် လက်တွဲညီညီ ဆောင်ရွက်နိုင်ကြပါရန် ရည်ရွယ်လျက် RVAသောသရှင်များဖြင့်ဖွဲ့စည်းထားသော RVA မေတ္တာအားမာန် ဖြစ်ပါသည်။ ယခုအခါတွင် RVA မေတ္တာအားမာန်(MDL)၊ RVA မေတ္တာအားမာန် (ချမ်းသာကုန်း၊ MDL) နှင့် RVA မေတ္တာအားမာန် (ရန်ကုန်) ဟူ၍သုံးခု ဖွဲ့စည်း ပြီးပြီဖြစ်သည်။

 အာရှ ကက်သလစ် ဆရာတော်ကြီးများ ပိုင်ဆိုင်သော RVA မှသည် မြန်မာနိုင်ငံ ဆရာတော်ကြီးများလည်း ပိုင်ဆိုင်သော  RVA ဖြစ်သကဲ့သို့RVA Myanmar Services  မှ တဆင့် ဧ၀ံဂလိသတင်းကောင်းကို ထိထိရောက်ရောက် သာသနာပြုနိုင်ကြပါမည် အကြောင်း၊ မကြာတော့သည့် အချိန်ကာလတွင် မြန်မာနိုင်ငံနှင့်ဆိုင်သော အသံလွှင့်မှုများကို ဖိလိပိုင်နိုင်ငံတွင် ပြုလုပ်တော့မည်မဟုတ်ပါသောကြောင့် ယခုအချိန်မှစတင်ကာ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ အစီအစဉ်များအလိုက် အရေးတကြီး ကြိုတင် ပြင်ဆင်ရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ပြင်ဆင်ရာတွင် အသံလွှင့်တာဝန်ခံများ သာမက ဘာသာတူများအားလုံးနှင့် သောသရှင်တစ်ဦးစီတစ်ဦးစီတို့သည်လည်း ဘာသာရေး၊ ပညာရေး၊ စာမူများ၊ဆောင်းပါးများ၊ ကျန်းမာရေး၊ ဗဟုတုသ စသဖြင့် RVA ၏ ထုတ်လွှင်မှု အစီအစဉ်များတွင် တက်ကြွစွာပါဝင်၊ ပံပိုး၊ကူညီကြရန် လိုအပ် ပါကြောင်း၊ Fr. Leo၊ Sr. Cecilia စန်းယုမော် နှင့် RVA  မြန်မာပိုင်း အစီအစဉ် တွင်တာဝန်ယူထမ်းဆောင်မည့် Fr. Paulinus မြတ်ကြိုင်တို့ မှ ဆွေးနွေး၊ တင်ပြ ခဲ့ကြသည်။

 RVA မေတ္တာအားမာန် (ရန်ကုန်)၏ တွေ့ဆုံပွဲပြီးသွားသောအခါ မြန်မာနိုင်ငံ RVA စီအစဉ်များဖြစ်သော ကချင်၊ကရင်၊ချင်း နှင့် မြန်မာ အစဉ်အစဉ်
 ထွတ်လွှင်မှုတာဝန်ခံများ အားလုံး တွေ့ဆွေးနွေး ပွဲကို RVA  ကရင်တိုင်းရင်းသား အစီအစဉ်ရုံးခန်းတွင်ဆက်လက်ကျင်းပခဲ့ပါသည်။

 RVA မြန်မာအစီအစဉ်များ ထုတ်လွှင်မှုပြန်လည်သုံးသပ်ခြင်းကို စစ်တမ်းကောက်ယူမည်ရာ လိုအပ်သော လက်ဆွဲစာအုပ်ကို စစ်တမ်းကောက်ယူရာတွင်အသုံးပြုနိုင်ရန် ၂၀၁၃ ခုနှစ် မေ လ အကုန်တွင် အပြီးထုတ်ဝေမည်၊ လက်တွေ့ စစ်တမ်း ကောက်ယူခြင်းကိုလည်း အောက်ပါတိုင်း June 2013 အတွင်း နေရာဒေသအလိုက် ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 ၁။ ကချင်အစီအစဉ်
 အချိန်။ တတိယအပတ်၊(ဇွန်)လ၊ ၂၀၁၃ ခုနှစ်
 နေရာ။ မြစ်ကြီးနား
 သင်တန်းသား။ ၁၅ ယောက်
 သင်တန်းပို့ချသူများ။ Fr. Leo, Fr. Peter Hka Aung Tu

 ၂။ ကရင်အစီအစဉ်
 အချိန်။  ၁၀ မှ ၁၃ ရက်၊ (ဇွန်)လ၊ ၂၀၁၃ ခုနှစ်
 နေရာ။  ရန်ကုန်
 သင်တန်းသား။ ၁၅ ယောက်
 သင်တန်းပို့ချသူများ။ Fr. Henry, Fr. Mullar

 ၃။ ချင်းအစီအစဉ်
 အချိန်။  ၂၀ မှ ၂၃ ရက်၊ (ဇွန်)လ၊ ၂၀၁၃ ခုနှစ်
 နေရာ။  ဟားခါး၊ မင်းတပ်
 သင်တန်းသား။ ၁၅ ယောက်
 သင်တန်းပို့ချသူများ။ Fr. John Paul, Fr. Joseph Kham, Fr. Philip ZHL

 ၄။ မြန်မာအစီအစဉ်
 အချိန်။  ၁၅ မှ ၁၇ ရက်၊ (ဇွန်)လ၊ ၂၀၁၃ ခုနှစ်
 နေရာ။  မန္တလေး
 သင်တန်းသား။ ၁၅ ယောက်
 သင်တန်းပို့ချသူများ။ Fr. J Soe Tin, Fr. Leo, Sr. Cecilia

 သင်တန်းတက်ရောက်ပြီးသော သူများသည် မိမိတို့၏ သာသနာ အသီးသီးတွင် ပြန်လည်၍ လက်တွေ့ ဆင်းကာ RVA မြန်မာ အစီအစဉ်များ ထုတ်လွှင်မှု ပြန်လည် သုံးသပ်ခြင်း စစ်တမ်း ကောက်ယူရပါမည်။ ဤကဲ့သို့ RVA စစ်တမ်း ကောက်ယူဖြင်းအားဖြင့် RVA မြန်မာ အစီအစဉ်များ ထုတ်လွှင်မှု ပြန်လည် သုံးသပ် နိုင်ကာ လိုအပ်ချက်များကို ပြန်လည် ပြုပြင်ရင်း သောသရှင်များကို ထိရောက်စွာ အစေခံ နိုင်မည် ဖြစ်ပါသည်။ သို့ဖြပါ၍ RVA မြန်မာ အစီအစဉ်များ ထုတ်လွှင့်ခြင်း
 တိုးတက်၊ ကောင်းမွန်လာစေရန် မိမိတို့၏ အထင်မြင် ယူဆချက်များ၊ အတွေ့အကြုံများ နှင့် အကြံဥာဏ်ကောင်းများကို ပေးပို့ခြင်း ဖြစ်စေ အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီကြရန် ဖိတ်ခေါ်အပ်ပါသည်။

 Fr. Leo Mang (SDB)
(Executive Secretary)*
Episcopal Commission for Social Communications, Myanmar(CBCM)
292(A) Pyay Road, Sanchaung P.O,.Yangon 11111, Myanmar.
Tel.Office: (+95)-1-525808

Comments