အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ ဘုရားရှိခိုးကျောင်း နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်ကြီး

posted 5 Jan 2015, 19:13 by MANDALAY CATHOLIC ARCHDIOCESE   [ updated 5 Jan 2015, 19:14 ]
အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ ဘုရားရှိခိုးကျောင်း နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်ကြီး
ပြင်ဦးလွင်မြို့

မန္တလေးဂိုဏ်းချုပ်သာသနာ ပြင်ဦးလွင်မြို့ အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ ဘုရားရှိခိုးကျောင်း နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်နေ့ ၁၁.၁၂.၂၀၁၄ နေ့လယ်(၂း၃၀) နာရီတွင် မန္တလေးဂိုဏ်းချုပ်ဆရာတော် နီကောလားစ်မန်းထန် ရောက်ရှိလာရာ တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများ၊ တမီလ်အဖွဲ့များ၊ သာသနာ့အကျိုးဆောင်များမှ ကြိုဆိုကြပြီး ကော်ဖီ၊ ကိတ်မုန့် များနှင့် ဧည့်ခံကြ၏။

နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်မစ္တားကို ညနေ(၃း၃၀)နာရီတွင် မန္တလေးဂိုဏ်းချုပ်ဆရာတော် နီကောလားစ်မန်းထန်ဦးဆောင်ပြီး ဘုန်းတော်ကြီး
ဘိုဘိုမှ သြဝါဒပေးရာ ကျေးဇူးတင်ခြင်း၊ ဂုဏ်ပြုခြင်း၊ အကြွေးများလျော့ပေးခြင်း၊ အနားယူခြင်းတို့ မိန့်ကြားခြင်း၊ ပူဇော်ခြင်း
အခမ်းအနားတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊အပြစ်မဲ့သန္ဓေယူသော ဘုရားကျောင်းတော်၌ လက်ထပ်ခဲ့သော ငွေစင်ဂျူဗလီ (၂၅)နှစ် အထက် စုံတွဲ(၅၀)ကျော် ပူဇော်သက္ကာလက်ဆောင်များဆက်သခဲ့ကြ၏။

နှစ်(၁၀၀)ပြည့် ဂျူဗလီ အထိမ်းအမှတ် ကျောက်စာ၊ဗေလန်ကန်နီ ကျန်းမာရေးမယ်တော် Shrine အားကောင်းကြီးပေးခြင်း၊ ဖဲကြိုးဖြတ်
မိုးပျံပူဖောင်းများလွှင့်တင်ခြင်း၊ ဂျူဗလီ အလံတင်ခြင်း၊ ဂျူဗလီ သီချင်းဆိုခြင်း၊ကျောင်းထိုင်ဘုန်းတော်ကြီး နေကျော်လွင် မှ ဆရာတော်ကြီးနီကောလားစ်အား ဂျူဗလီ အထိမ်းအမှတ် အလံပေးအပ်ခြင်း၊ သာသနာ့အကျိုးဆောင် ဦးဂျော်နီမှ Fr.အက်မွန်အား ဂျူဗလီအထိမ်းအမှတ် အလံပေးအပ်ခြင်း၊ဗေလန်ကန်နီ မယ်တော်အလံအားလွှင့်တင်ခြင်း ဘုရားကျောင်း မုဒ်ဦး ဆိုင်းပုဒ်နှစ်ခုနှင့် စတီးတံခါးပေါက် (၂)ပေါက်တို့အားမေတ္တာရေ ပက်ဖျန်းခြင်းတို့ ပြုလုပ်ကြ၏။

ညပိုင်းတေးဂီတ အစီအစဉ်များတင်ဆက်ရာ၊စတူဒီယို အဆိုတော် တေးသံရှင် စောဝင်းလွင်၏ သီဆိုမှု၊ အခြား ဧဝံဂေလိဓမ္မတေးများ၊ ဂိုဏ်းပေါင်းစုံ သီလရှင်များ၏ တေးသရုပ်ဖော်အက၊ ဂျူဗလီသီချင်းအက၊ ကချင်ရိုးရာအက၊မြန်မာဆီမီးခွက်အကများ၊ လူငယ်များ၏
တေးသရုပ်ဖော်အကများ၊ခေတ်ပေါ် စတူဒီယို သီချင်းများဖြင့်တင်ဆက်ကြ၏။

၁၂.၁၂.၂၀၁၄နံနက်၉း၀၀နာရီတွင် ဂျူဗလီစင်မြင့်သို့ စိန်အာလော့ရှက်စ် အခြေခံရဟန်းဖြစ် သင်ကျောင်းသားများ၏ ဘင်ခရာတီးဝိုင်းဦးဆောင်ပြီး ပင့်ဆောင်ရာ ဆရာတော်ကြီး နီကောလားစ်၊ ဆရာတော်ကြီးပေါလ်ဂရောင်၊ ကိုရင်ကြီးဒေါမနစ် စိုးဇော်ဇော်၊ကိုရင်ကြီးသောင်းတင်ဦးတို့၏ မိဘများခြံရံကာ စီတန်းခြင်း အခမ်းအနားဖြင့် ရောက်ရှိလာရာ၊ ဆရာတော်ကြီး နီကောလားစ်မှ ကိုရင်ကြီးနှစ်ပါျးအားလက်ခံ၍ မိဘများအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး မစ္ဆားပူဇော်ခြင်း စတင်၍ ဘုန်းတော်ကြီး
ရစ်ချက်လှမင်းဦးမှ အခမ်းအနားမှုးအဖြစ်ဆောင်ရွက်၏။

ဆရာတော်ကြီးနီကောလားစ်မှ တရားပေးရာတွင် အမိမယ်တော်သည် ယေဇူးဘုရားရှင်၏ ပထမဦးဆုံး နောက်လိုက်ကောင်းတဦး သန့်ရှင်းသောဝိညာဉ်တော်ျအားဖြင့် အပြစ်မဲ့သန္ဓေယူခြင်းသည် ဦးခေါင်းမှစတင်လက်ခံ၍ မိမိ၏ဝမ်းကြာဗိုက်မှ သန္ဓေတည်စေခြင်း မိန့်ကြားပြီး ကိုရင်ကြီးနှစ်ပါးအား ဦးပဉ္စင်းသိက္ခာတင်မြှောက်ပေးခဲ့၏။ ဘုန်းဘုန်းအက်မွန်နေကျော်လွင်မှ ကျေးဇူးတင်စကားပြောကြားပြီး
ဆရာတော်နှီကောလားစ်မှ ဂျူဗလီကိတ်အားကောင်းကြီးပေးခြင်း၊ ဆရာတော်ကြီး (၂)ပါးမှ ကောင်းကြီးပေး၏။ မစ္ဆားအပြီး
ဆရာတော်၊ ရဟန်းတော်များ၊ သီလရှင်များ၊ ဦးပဉ္စင်းကြီးများ၏ မိဘများမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး နေ့လယ်စာသုံးဆောင်ကြ၏။
မွန်းလွဲ ၁နာရီတွင် ကံထူးရှင်ရွေးချယ်ရာ ပြင်ဦးလွင် စိန်အာလော့ရှက်စ် ရဟန်းဖြစ်သင်ကျောင်းသားထိန်း ဘရယ်သာရ်မှ
မော်တော်ကား ဆွတ်ခူးခဲ့၏။ ညနေ ၅း၀၀တွင် ကိုယ်တော်မြတ် ကောင်းကြီးမင်္ဂလာခံယူခြင်း၊ ဂျူဗလီအလံများချကာ ဂျူဗလီပိတ်ပွဲအခမ်းအနားဖြင့် အဆုံးသတ်ခဲ့၏။


နီလာစမိုင်း(ရေဦး)
Comments