စိန်အန်ထော်နီပွဲကျင်းပခြင်း

posted 27 Jun 2016, 02:39 by MANDALAY CATHOLIC ARCHDIOCESE   [ updated 27 Jun 2016, 02:39 ]

မန္တလေးမြို့ နန်းရှေ့ စိန်အန်ထော်နီ ဘုရားကျောင်းပွဲအား ၁၈.၆.၂၀၁၆ ရက်နေ့ ညန (၅း၀၀)က ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော်သို့ ရပ်နီးရပ်ဝေးမှဘုန်းတော်ကြီးများနှင့် ဘာသာတူများ ပါဝင်တက် ရောက်ခဲ့ကြပါသည်။ 

ပွဲတော်မစ္ဆားတရား၌ ဘုန်းတော်ကြီး ဂျွန်အေးကျော်မှ သြဝါဒတရားရေအေး တိုက်ကျွေးရာတွင် ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်ဖြစ်သော သနားကြင်နာခြင်းနှစ် အကြောင်းကို ဝေမျှခြင်ကြောင်း၊  စိန်အန်ထော်နီက ရသေ့တစ်ပါးအနေနဲ့ သီလ ပါရမီကျင့်ဆောက်တည်ရာကနေပြီးတော့ ဧ၀ံဂေလိ သတင်းကောင်းကို ကြေညာ ဟောပြောရင်းနဲ့ တရားတော်အတွက် အသက်အသေခံ
တဲ့ ဓမ္မအာဇာနည် တွေကို သူက အားကျပြီး တရားဟောချင်တဲ့ ပုဂ္ဂိုလ်ဖြစ်ချင်ခဲ့တယ်။  တရားတော်အတွက် အသေခံတဲ့ အခွင့်ထူးကို မရခဲ့ပေမယ်လို့ ဟောပြောသွန်သင်ခြင်း၌ နာမည်ကျော်ကြားလာခဲ့တယ်။  ဟောပြော သွန်သင်ရာမှာ လူသားခြင်းသနားကရုဏာသက်ဖို့ရာ သူတော်မြတ် စိန်အန်ထော်နီ အမြဲသွန်သင်ခဲ့တယ်။ နှစ်ပေါင်း(၁၀၀၀) နီးနီးကြာခဲ့ပေမယ်လို့ သူပြုခဲ့တဲ့ သူသင်ခဲ့တဲ့ လမ်းစဉ်အတိုင်းပဲ လူတွေက ဆင်းရဲသူတွေကို ထောက်ပံ့ကူညီကြတယ်။ စိန်အန်ထော်နီရဲ့ လမ်းညွှန်ချက်တွေဟာ ခရစ်ယာန်တရား တွေပဲဖြစ်တယ်။ ဘုရားသခင်ရဲ့သနားကြင်နာတက်ခြင်း၊ ဘုရားသခင်က သွန်သင်တဲ့ ပညတ်အတိုင်း၊ သူတော်သူမြတ်တွေဟာ လိုက်နာကျင့်ဆောက် တည်ခဲ့ကြခြင်းဖြစ်တယ်။ စိန်အန်ထော်နီ သာမက သူတော်မြတ် ရဟန္တာအတော်များများက ဘုရားသခင်ရဲ့အလိုကိုလိုက်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်း မေတ္တာကို သက်သေခံ ဟောပြောခဲ့ကြတယ်။ ဒီနှစ် (၂၀၁၆)မှာ ရဟန်းမင်းကြီး ပုပ်ဖရန်စစ်ကနေပြီးတော့ သနား ကြင်နာခြင်းနှစ်အဖြစ် သတ်မှတ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ယုံကြည်သူ သားသမီးတွေ သနား ကရုဏာတော်နှစ်ကို လိုက်ကျင့်ကြဖို့ ဘုရားသခင်ရဲ့ သနားကရုဏာကိုခံရအောင်၊
 လိုက်ကျင့်စေချင်တဲ့ ညွှန်ကြားချက်တွေပေးထားတဲ့ ဒီနှစ်မှာ သနားကရုဏာနှစ်ကို ကျင်းပကြပါတယ်။  ဘာဖြစ်လို့ ကျင်းပလည်းဆိုတော့ ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး၊  ရဟန်းမင်းကြီး ဘက်နဒစ်၊  ရဟန်းမင်းကြီးဖရန်စစ်၊  ရဟန်းမင်းကြီး (၃)ပါးစလုံးရဲ့ ဟောပြောသွန်သင်ချက်တွေမှာ ဘာကိုတွေ့ရလဲ ဆိုတော့ ကမ္ဘာကြီးနဲ့ လူ့အသိုင်းအဝိုင်းမှာ ဝေဒနာတွေ၊ ဒဏ်ရာတွေ၊ များလှပါပြီတဲ့ အမုန်းတရားတွေ ၊ တိုက်ကြ၊ ခိုက်ကြ၊  သတ်ကြ၊ ဖြတ်ကြ၊  အနိုင်ကျင့်ကြ၊ မတရားမှုတွေပြုကြ၊ တာတွေများလှပါပြီ၊  ယနေ့ကမ္ဘာကြီးက လိုအပ်နေတာက သနားကရုဏာ လိုအပ်နေတာပါ။ အဲဒီ သနားကရုဏာရဲ့ မူလအစပိုင်ရှင်က ဘုရားသခင်ဖြစ်တော်မူတယ်။  ဘုရားပိုင်တဲ့ သနားကရုဏာ၊  ဘုရားပေးတဲ့ သနားကရုဏာကို ကျွန်ုပ်တို့ ယုံကြည်သူတွေက ထိုက်ထိုက်တန်တန် လက်ခံပြီး၊ သူတစ်ပါးကို ဝေငှပေးနိုင်ဖို့၊ သူတစ်ကပါးကို သက်သေခံဖို့ လိုအပ်တယ်လို့ ရဟန်းမင်းကြီး သုံးပါး စလုံးရဲ့ သွန်သင်ချက်တွေကနေ အခြေခံပြီးတော့ ဒီနှစ်ကို သနားကြင်နာခြင်း နှစ်အဖြစ် သတ်မှတ် ပေးခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေဟာ စိန်အန် ထော်နီစီမှာ အထူးသဖြင့် ပျောက်ဆုံးနေသော ပစ္စည်းများတွေပြန်ရ ဖို့ကိုးစားတတ်ကြတယ်။  

ဒါကြောင့် ဒီနှစ်သနားကြင်နာခြင်းနှစ်မှာ ကိုယ်အသုံးမကျလို့ ပျောက်ဆုံးသွားတဲ့ အခွင့်အရေးတွေ၊  ဘုရားသခင်နဲ့ ကောင်းသော ဆက်ဆံရေး ပျောက်ဆုံး သွားတာတွေ၊ ပျောက်ဆုံး နေတဲ့ဝိညာဉ် ရေးဘဝသက်တာကို ပြန်ရအောင် သူတော်မြတ်စိန်အန်ထော်နီ စီကနေတ ဆင့် တောင်းခံကြပါစို့ ဟု သြဝါဒတရားရေအေးကို တိုက်ကျွေးခဲ့ပါသည်။
 
အဲ့ဒီနောက် နန်းရှေ့ စိန်အန်ထော်နီကျောင်းထိုင် ဘုန်းတော်ကြီး ဂျော့ရှ်ခင်မောင်ထွေးမှ စိန်အန်ထော်နီ နိုဗီနာအစရက်မှ ပွဲနေ့တိုင် အဘက်ဘက်မှ ကူညီပေးကြသောသူများ ပါဝင်ကြသူများ အာလုံးကို ကျေးဇူးတင်ကြောင်း၊ ပြောကြားခဲ့ပါသည်။

Pinky (MDY- OSC) 
   

Comments