မေဂွန်​သာသနာ​စီရင်စု​ရှိ ဘာသာတူများနှင့်​ ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်းထန်​​ ​တွေ့ဆုံ

posted 15 Aug 2015, 19:47 by MANDALAY CATHOLIC ARCHDIOCESE   [ updated 15 Aug 2015, 19:47 ]
မန္တ​လေး ကက်​သလစ်​သာသနာပိုင်​ ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦး မန်းထန်​ ​ရွှေဘိုဇုန်​နှင့်​ ​ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​ အတူ ​ရွှေဘိုဇုန် ​​မေဂွန်​သာသနာ​စီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

မန္တ​လေး ကက်​သလစ်​သာသနာပိုင်​ ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်းထန်​သည်​ ၁၂ သြဂုတ်​​၂၀၁၅ ည​ ၈း၀၀ နာရီအချိန်​တွင်​​ရွှေဘိုဇုန်​နှင့်​ ​ရေဦးဇုန်​ရှိ ဘုန်း​တော်​ကြီးများနှင့်​အတူ ​ရွှေဘိုဇုန် ​​​မေဂွန်​သာသနာစီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကား မြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး (Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကားမိန့်​ကြားခဲ့ကြပါသည်​။  ၁၃ ရက်​ ​နေ့နံနက်​ ၇း၀၀ နာရီတွင်​ ဆရာ​တော်​ဘုရားမှ ဦး​ဆောင်​၍ ရဟန်း​တော်​ ၉ ပါး ဘာသာတူများတို့နှင့်​အတူ မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။



Comments