ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦး မန်းထန်​ ကံဘလူ၊ မုံလှ၊ ရေဦး ​ဘာသာတူများနှင့်​ ​တွေ့ဆုံ

posted 20 Aug 2015, 20:52 by MANDALAY CATHOLIC ARCHDIOCESE   [ updated 20 Aug 2015, 20:53 ]

မန္တ​လေး ကက်​သလစ်​သာသနာပိုင်​ ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦး မန်းထန်​ ​ရွှေဘိုဇုန်​နှင့်​ ​ရေဦးဇုန်​ရှိဘုန်း​တော်​ကြီးများနှင့်​ အတူ ရွှေဘိုဇုန်ရှိ  ကံဘလူသာသနာ​စီရင်စု​၊  ရေဦးဇုန်ရှိ မုံလှနှင့်  ရေဦးသာသနာ​စီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ခဲ့ပါသည်။

မန္တ​လေး ကက်​သလစ်​သာသနာပိုင်​ ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်းထန်​သည်​ ၁၄ သြဂုတ်​​၂၀၁၅ ည​ ၈း၀၀ နာရီအချိန်​တွင်​​ရွှေဘိုဇုန်​နှင့်​ ​ရေဦးဇုန်​ရှိ ဘုန်း​တော်​ကြီးများနှင့်​အတူ ​ရွှေဘိုဇုန် ​​​ကံဘလူသာသနာစီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကား မြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး (Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကားမိန့်​ကြားခဲ့ကြပါသည်​။  ၁၅ ရက်​ ​နေ့နံနက်​ ၇း၀၀ နာရီတွင်​ ဆရာ​တော်​ဘုရားမှ ဦး​ဆောင်​၍ ရဟန်း​တော်​ ၉ ပါး ဘာသာတူများတို့နှင့်​အတူ မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။

ထို့နောက် ဆရာတော်ကြီးနှင့် အဖွဲ့သည် ရေဦးဇုန်ရှိ  မုံလှရွာသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ၁၅ သြဂုတ်​​၂၀၁၅ ည​ ၈း၀၀ နာရီအချိန်​တွင်​​ မုံလှရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကား မြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး (Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကား အသီးသီး မိန့်​ကြားခဲ့ကြပါသည်​။  ၁၆ ရက်​ ​နေ့နံနက်​ ၇း၀၀ နာရီတွင်​ ဆရာ​တော်​ဘုရားမှ ဦး​ဆောင်​၍ ရဟန်း​တော်​ ၉ ပါး ဘာသာတူများတို့နှင့်​အတူ မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။

ဆက်လက်ပြီး ဆရာ​တော်​ကြီးနီ​ကောလားစ်​ ဦးမန်းထန်​သည်​ ၁၆ သြဂုတ်​​၂၀၁၅ ည​ ၈း၀၀နာရီအချိန်​တွင်​​ ရေဦးရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်
ဆက်​ပြီး သြ၀ါဒစကား မြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​ရွှေဘိုဇုန်​မှူး (Vicar Forane) Rev. Fr. Paul ထွန်းမြင့်​ နှင့်​ ​ရေဦးဇုန်​မှူး (Vicar Forane) Rev. Fr. Paul သက်​ခိုင်​တို့မှ အမှာစကား အသီးသီး မိန့်​ကြားခဲ့ကြပါသည်​။

ထို့နောက် ၂၇.၇.၂၀၁၅ ရက်နေ့ နံနက် (၇း၃၀)တွင် မစ္ဆားတရားပူဇော်ခြင်းနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဆရာတော်ကြီးနှင့် ဘာသာတူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကိုရိုက်ကူးခဲ့ ပါသည်။






Comments