ချမ်းသာကုန်း စိတ်ပုတီး မယ်တော်ပွဲ

posted 9 Nov 2013, 01:47 by MANDALAY CATHOLIC ARCHDIOCESE   [ updated 9 Nov 2013, 01:54 ]
မန္တလေးဂိုဏ်းချုပ်သာသနာ ချမ်းသာကုန်း စိတ်ပုတီး မယ်တော်ပွဲနှင့် နှစ်(၄၀၀)ပြည့် သာသနာ ရောက်ရှိခြင်းကို 18.10.2013 နေ့ နေ့လယ် ၂း၀၀ နာရီတွင် Fr. A ကိုလေး၏ တစ်နာရီ ကိုယ်တော်မြတ် ကိုးကွယ်ခြင်း အစပြု၍ ညနေ 5း00 နာရီတွင် Fr. John မောင်ဆန်း ဦးဆောင်ပြီး ပွဲတော် အကြို မစ္ဆား ဟောကြားကာ Fr. A တင်ထွန်းမှ ယုံကြည်ခြင်း အကြောင်း သြ၀ါဒ မိန့်ကြား၏။ မယ်တော်ဆင်းတုတော်များဖြင့် ရပ်ရွာထဲ စီတန်းလှည့်လည်ခဲ့၏။ ည ၉း၀၀ နာရီတွင် Fr. ဂျော့ ခင်မောင်ထွေးမှ နှစ် (၄၀၀) ပြည့် သာသနာ ရောက်ရှိခြင်း သမိုင်းနှင့် စိတ်ပုတီး မယ်တော် သမိုင်းကြောင်းများ ဟောကြားခဲ့၏။ ည ၁၁း၀၀ နာရီတွင် Fr. Bernard ၏ နိုဗီနာ မစ္ဆား ဖြင့် စတင်ရာ တစ်နာရီခြား နံနက် ၆း၀၀နာရီ အထိ ဆက်တိုက ဟောကြားခဲ့၏။

၁၉.၁၀.၂၀၁၃ နေ့ သီတင်းကျွတ် လပြည့် နံနက် ၈ နာရီတွင် ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင် ဦးဆောင်ပြီး စိတ်ပုတီး မယ်တော်ပွဲ မစ္ဆားဟောကြားကာ
Fr. John စိုးတင့်မှ ဦးပဉ္ဖင်းအကြောင်း သြ၀ါဒ ပေးပြီးနောက် ဆရာတော်မှ ကိုရင်ကြီး ၉ပါးတို့အား ဦးပဉ္ဖင်းသိက္ခာ ပေးခဲ့၏။
ဦးပဉ္ဖင်း နေမျိုးဆွေ
ဦးပဉ္ဖင်း သီဟ
ဦးပဉ္ဖင်း မျိုးဇော်ဝင်း
ဦးပဉ္ဖင်း ဘရန်မိုင်
ဦးပဉ္ဖင်း တိုးဝေအောင်
ဦးပဉ္ဖင်း ဇော်မင်းလတ်
ဦးပဉ္ဖင်း ထွန်းထွန်းနိုင်
ဦးပဉ္ဖင်း နေ၀င်းမောင်
ဦးပဉ္ဖင်း နန္ဒ
တို့ ဖြစ်ကြ၏။ ချမ်းသာကုန်း စိတ်ပုတီး မယ်တော်ပွဲသို့ ဆရာတော်ပေါလ်၊ ရဟန်းတော် 53 ပါး၊ သီလှရှင် ၃၂ပါး၊ စိန်သောမတ်စ် ကျောင်းသားများ စိန်အလောရှက်စ် ကျောင်းသားများ၊ ရန်ကုန်သာသနာမှ ဘာသာတူ ၃၀၀ နှင့် မန္တလေးသာသနာ တစ်ဝှမ်းလုံး စုစုပေါင်း ၈၅၀၀ခန့် တက်ရောက်ကြ၍ ဦးမြင့်ဝေ မိသားစုမှ ထမင်းဟင်းလျာများဖြင့် ကျွေးမွေးခဲ့၍ ဘုရားရှင်၏ ကောင်းကြီးများနဲ့ ကျေးဇူးတော်များ ဆထက်တံပိုး ခံစားရပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ရည်ရွယ်ချက်များ အောင်မြင်ပါစေလို့ ဆုတောင်းပေးရင်း -

နီလာစမိုင်းလ်(ရေဦး)

Comments