ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်း​ ချမ်းသာကုန်းသာ​​​သနာ စီရင်စု​​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံ

posted 25 Aug 2015, 23:41 by MANDALAY CATHOLIC ARCHDIOCESE   [ updated 25 Aug 2015, 23:41 ]

မန္တ​လေးကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီးနီ​ကောလားစ်​ဦးမန်​ထန်း​  ​ချမ်းသာကုန်းဇုန် ​​ချမ်း သာကုန်းသာ​​​သနာစီရင်စု​​ ရှိဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်

မန္တ​လေး ကက်​သလစ်​သာသနာပိုင်​ဂိုဏ်းချုပ်​ဆရာ​တော်​ကြီး နီ​ကောလားစ်​ဦးမန်​ထန်းသည်​ ၂၄ သြဂုတ်​​၂၀၁၅ ည​ ၈း၀၀နာရီ အချိန်​တွင်​​ ဘုန်း​တော်​ကြီးများနှင့်​အတူ ​ချမ်းသာကုန်းဇုန် ​​ချမ်းသာကုန်း သာ​​​သနာစီရင်စု​ရှိ ဘာသာတူများနှင့်​ ရင်းရင်း​နှီးနှီး ​တွေ့ဆုံနှုတ်​ဆက်​ပြီး သြ၀ါဒစကား မြွက်​ကြား​တော်​မူခဲ့ပါသည်​။ ဂိုဏ်းချုပ်​ဆရာ​တော်​မှ မန္တ​လေးကက်​သလစ်​သာသနာ၏ ​စီမံကိန်းများ (Diocesan plan) အ​ကြောင်းကို ရှင်းလင်း မိန့်​ကြားပြီး​နောက်​ ​မန္တ​လေး ကက်​သလစ်​  ဂိုဏ်းချုပ်​သာသနာ ဂိုဏ်း​ထောက်​ဘုန်း​တော်​ကြီး (Vicar General) Rev. Fr. Marco ဦးတင်ဝင်း​​နှင့်​ ​ချမ်းသာကုန်း​​ဇုန်​မှူး (Vicar Forane) Rev. Fr. David ​ကျော်​​ကျော်​လွင်​ အမှာစကားမိန့်​ကြားခဲ့ကြပါသည်​။  ၂၅ ရက်​ ​နေ့နံနက်​ ၆း၃၀နာရီတွင်​ ဆရာ​တော်​ဘုရားမှ ဦး​ဆောင်​၍ ရဟန်း​တော်​ ၁၁ ပါး ဘာသာတူများတို့နှင့်​အတူ  မစ္ဆားတရား အတူတကွ ပါဝင်​ပူ​ဇော်​ခဲ့ကြပါသည်​။



Comments