(၈၅)နှစ်မြောက် လုဒ်စ်မယ်တော်ပွဲနှင့် သီလရှင်ကျောင်းဖွင့်ပွဲ

posted 7 Mar 2015, 20:35 by MANDALAY CATHOLIC ARCHDIOCESE   [ updated 7 Mar 2015, 20:35 ]
(၈၅ )နှစ်မြောက် လုဒ်စ်မယ်တော်ပွဲနှင့် သီလရှင်ကျောင်းဖွင့်ပွဲ
မြင်းခြံ

မန္တလေး ဂိုဏ်းချုပ်သာသနာ မြင်းခြံမြို့ လူဒ်စ်မယ်တော်ဂူလိုဏ်ပွဲတော်နှင့် စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ကျောင်းဖွင့်ပွဲကို ၂၀.၂.၂၀၁၅ နေ့ညနေ ၅း၃၀ နာရီတွင် ကျင်းပရာ အဖွင့်မယ်တော်သီချင်းဆိုခြင်း၊ကျောင်းထိုင်ဘုန်းတော်ကြီး ဘုန်းဘုန်းပြုံးချိုမှ သီလရှင်ကျောင်းကို ကောင်းကြီးပေးခြင်း၊ သာသနာ့အကျိုးဆောင်မှ သာသနာသမိုင်းကြောင်းကို ဖတ်ကြားခြင်း၊ ဘုန်းဘုန်းပြုံးချို၊ Sr.Anneထရေဇား၊ တာဝန်ခံမလေးလေးဝင်းတို့မှ ဖဲကြိုးဖြတ်၊မိုးပျံပူဖောင်း လွှတ်တင်ခဲ့၏။

ဆက်လက်၍ ပွဲတော်အကြိုမစ္ဆားကို ဘုန်းဘုန်းအောင်မျိုးဝင်းဦးဆောင်၍ Fr.Philip ဘရွှေမှ တရားရေအေးတိုက်ကျွေးခဲ့၏။ မြို့တွင်းသို့ ကိုယ်တော်မြတ်၊ ရွှေနှလုံးတော်၊ လုဒ်စ်မယ်တော် ဆင်းတုတော်များကို ဒေသစာရီ လှည့်လည်အပူဇော်ခံပြီး၊ ကိုယ်တော်မြတ် ကောင်းကြီးဖြင့် အဆုံးသတ်ခဲ့၏။


၂၁.၂.၂၀၁၅နေ့ နံနက် ၇း၃၀ နာရီတွင် (၈၅)နှစ်မြောက် လုဒ်စ်မယ်တော်ပွဲတော် မစ္ဆားတရားဟောကြားရာ Fr.John အေးကျော်မှ သြဝါဒမိန့်ကြားခဲ့၏။ ကျောင်းထိုင်ဘုန်းကြီး Fr.ပြုံးချိုမှ လုဒ်စ်မယ်တော်ပွဲ လာသူအားလုံး ပွဲတော် အကျွေးအမွေးအလှူရှင်များ၊ သီလရှင်ကျောင်း အလှူရှင်များအား ကျေးဇူးတင် စကား ပြောကြား၏။ လုဒ်စ်မယ်တော်ပွဲတော်ကို ရဟန်းတော် ၁၆ပါး၊ သီလရှင် (၁၂)ပါး၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ချောက်၊ ကျောက်ပန်းတောင်း၊ ချမ်းသာကုန်း၊ ဇော်ဂျီ၊ နဘက်တို့မှ ဘာသာဝင် ၅၀၀ ခန့်တက် ရောက်ကြ၏။

နီလာစမိုင်း (ရေဦး)

Comments