ချမ်းသာကုန်း စိပ်ပုတီး မယ်တော်ပွဲ နှင့် ယုံကြည်ခြင်းနှစ်

posted 6 Nov 2012, 06:25 by MANDALAY CATHOLIC ARCHDIOCESE   [ updated 7 Nov 2012, 06:36 ]

ချမ်းသာကုန်း စိပ်ပုတီး မယ်တော်ပွဲ နှင့် ယုံကြည်ခြင်းနှစ်
(မန္တလေး)

မန္တလေး ဂိုဏ်းချုပ်သာသနာ ချမ်းသာကုန်း စိပ်ပုတီး မယ်တော်ပွဲနှင့် ယုံကြည်ခြင်းနှစ်ကို အောက်တိုဘာ ၂၉၊ ၃၀ရက်များတွင် ကျင်းပရာ ၂၉.၁၀.၂၀၁၂ ညနေ ၅း၀၀ နာရီတွင် ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်မှ ယုံကြည်ခြင်း နှစ်ကို စတင် ကျေညာခြင်း၊

ဆုတောင်းမေတ္တာကို အတူတကွ ရွတ်ဆိုကာ မစ္ဆားတရားတော်မြတ်ကို ပူဇော်ကြ၏။ မစ္ဆားအပြီးတွင် မယ်တော်ဆင်းတုတော်များကို ရပ်ရွာထဲ စီတန်းလှည့်လည်ကာ စိပ်ပုတီး စိပ်ခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း ကိုယ်တော်မြတ်ကောင်းကြီးဖြင့် အဆုံးသတ်ခဲ့သည်။

ည၈း၃၀နာရီတွင် Fr. A. တင်မောင်ထွန်းမှ ယုံကြည်ခြင်းနှစ် အကြောင်း ဟောကြားခြင်း၊ Fr. ခင်မောင်ထွေးမှ သာသနာ သမိုင်းကို ဟောကြားခြင်း၊ Fr. Bosco ဘိုဘိုမှ အသင်းတော်အကြောင်းတို့ကို ဟောကြားခဲ့၏။ နံနက် ၄း၀၀ နာရီမှ ၆း၀၀ နာရီအထိ မစ္ဆား(၃)တရား ဆက်တိုက် ဟောကြားခဲ့၏။ ၃၀.၁၀.၁၂ နေ့ သီတင်းကျွတ် လပြည့် နံနက် ၈း၀၀ နာရီတွင် ဆရာတော် ပေါလ်မှ ယုံကြည်ခြင်းနှစ် နှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားခြင်း၊ ယုံကြည်ခြင်းနှစ် မေတ္တာကို အတူတကွ ရွတ်ဆို၍ မစ္ဆားတရား ပူဇော်ကြ၏။ Fr. A. တင်မောင်ထွန်းမှ ယုံကြည်ခြင်း နှစ်အကြောင်း သြ၀ါဒ မိန့်ကြားခဲ့၏။

မန္တလေး ဂိုဏ်းချုပ်သာသနာ စိပ်ပုတီးမယ်တော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ မွန်ဆီညော် ဂျွန်မောင်နီမှ ကျေးဇူးတင်စကား ပြောကြားခဲ့၏။  မစ္ဆားအပြီး  ရပ်ရွာထဲ  စီတန်းလှည့်လည်ကာ  ကိုယ်တော်မြတ် ကောင်းကြီးဖြင့်  အဆုံးသတ်ခဲ့သည်။ ဦးမြင့်ဝေ မိသားစု  မတည်ငွေ ကျပ် ၅သိန်း၊ အများ စုပေါင်းလှူဒါန်းခြင်းဖြင့် ဆရာတော်၊ ရဟန်းတော်၊ သီလှရှင်များအား ကထိန်ပစ္စည်းများ ဆက်ကပ်ခဲ့ကြ၏။ အဖိတ်နေ့ညစာကို ကူမဲမြို့ ဒေါ်မေဂရေစီ သမီး ဒေါ်ခင်မေနွဲ့ မိသားစု၊ ပွဲနေ့ နံနက်စာကို မြစ်ငယ်မြို့ ဦးမြင့်ဝေ မိသားစုမှ ဆရာတော်၊ ရဟန်းတော်များ၊ သီလှရှင်များအား ကျွေးမွေးခဲ့၏။

ချမ်းသာကုန်း စိပ်ပုတီးမယ်တော်ပွဲနှင့် ယုံကြည်ခြင်းနှစ် အခမ်းအနားကို ဆရာတော်ပေါလ်၊ ရဟန်းတော် ၅၆ပါး၊ သီလှရှင် အပါး ၆၀၊ မန္တလေး စိန်သောမတ်စ် ဆေမီနာရီ ကျောင်းသားများ၊ Fr. စိုးထွန်း၏ လူငယ်ကွာယာအဖွဲ့များ၊ ဘာသာဝင် စုစုပေါင်း ၅၀၀၀ ခန့် တက်ရောက်ကြ၏။
နီလာစမိုင်းလ်(ရေဦး)
Comments