၂၀၁၁ မတ်လ

၂၀၁၁ မတ်လ(၁၇) ရက်
သီတဂူဆရာတော်ကြီး၏(၇၄)နှစ်မြောက်မွေးနေ့

Catholic Church News Image of Gift of knowledge for Buddhist monk

(၂၀၁၁)ခုနှစ် မတ်လ (၁၇)ရက်နေ့ မွန်းလွဲ (၃း၃၀)နာရီတွင် စစ်ကိုင်းမြို့ သီရဂူ ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ (၇၄)နှစ်မြောက် မွေးနေ့ပွဲတော် ကျင်းပရာ ရဟန်း၊ သီလရှင်များ(၂၀၀)ခန့် တက်ရောက် ကြသည်။ ဤအခမ်းအနားတွင် မန္တလေး ကက်သလစ်သာသနာမှ ဘုန်းတော်ကြီး ဖါသာရ် မာကုတင်ဝင်းက ခရစ်ယာန်ဝါဒ အကြောင်း ဟောပြော ပို့ချပေးသည်ဟု သိရသည်။



၂၀၁၁ မတ်လ (၁၂)ရက်
သက်ထွေး ဘက်စုံသင်တန်း(ဆင်ဖြူ)

ကျောက်ဆည်မြို့နယ် ဆင်ဖြူရွာ ကျောင်းထိုင် ဘုန်းတော်ကြီး ရောဗတ် ဇော်လွင် ဦးဆောင်မှုဖြင့် နွေရာသီ သက်ထွေး လူငယ်ဘက်စုံ သင်တန်းကို (၂၀၁၁)ခု မတ်လ (၁၂)ရက်နေ့မှ(၂၂)ရက်နေ့ အထိ သင်ကြား ပို့ချသည်။ ချမ်းသာကုန်းမှ စစ္စတာ မမော် (SDB) မှ ဦးဆောင် ပြီး သီလရှင်လောင်း (၄)ပါး ဘရာသာရ် (၂)ပါးနှင့် သင်တန်း ပို့ချသည်။ သင်တန်းကို အသက် (၆)နှစ်မှ (၁၄)နှစ်အထိ ပိုင်းခြား သည်။ သင်တန်းသို့ ဆင်ဖြူမှ (၄၁)ဦး မြောက်ကိုင်းမှ (၁၁)ဦး တက်ရောက်သည်။ ကလေးငယ်များ အတွက် ချက်ပြုတ် ကျွေးမွေးရေးကို ကူမဲ ဘာသာဝင်များနှင့် ဆင်ဖြူ ဘာသာဝင်များမှ လှူဒါန်းသည်။ (၂၁)ရက်နေ့ ည(၇)နာရီတွင် သင်တန်း ပိတ်ပွဲ အခမ်းအနား၌ သင်တန်း စာမေးပွဲ အမှတ်(၉၀)ထက် ရရှိသူများအား ကျောင်းထိုင် ဘုန်းတော်ကြီးမှ ဆုများ ချီးမြှင့်သည်။



၂၀၁၁ မတ်လ (၁၂)ရက်
မန္တလေး ဂိုဏ်းချုပ် ဆရာတော်၏ နွေဦးခရီး

မန္တလေး သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်သည် (၂၀၁၁)ခု မတ်လ (၁၂)ရက်နေ့မှ (၁၅)ရက်နေ့ အထိ မန္တလေး သာသနာ အတွင်းရှိ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှမြို့များသို့ သာသနာရေးဆိုင်ရာ နယ်လှည့် ကြည့်ရှုခဲ့သည်ဟု သိရသည်။


၂၀၁၁ မတ်လ (၁၇)ရက်
အမရပူရ ဘုန်းကြီးနေကျောင်း ကောင်းကြီးပေးပွဲ

အမရပူရမြို့ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ် အော်လီဗီးယား ဦးစီး၍ ဘုန်းကြီးနေကျောင်းကို ပြန်လည် ပြုပြင် တည်ဆောက်ပြီးစီး သဖြင့် (၂၀၁၁)ခု မတ်(၁၇)ရက် နေ့တွင် ဘုန်းကြီးကျောင်းသစ် ကောင်းကြီး ပေးပွဲ ကျင်းပရာ မန္တလေး ဂိုဏ်းချုပ် ဆရာတော် ကိုယ်တိုင် တက်ရောက်၍ ကောင်းကြီး ပေးခဲ့သည်ဟု သိရသည်။


၂၀၁၁ မတ်လ (၁၉)ရက်
စိန်ဂျိုးဇက် ဘုရားကျောင်းပွဲ (မန္တလေး)

မန္တလေးမြို့ စိန်ဂျိုးဇက် ဘုရားကျောင်းတွင် (၂၀၁၁) ခု မတ်လ (၉)ရက်နေ့  နံနက်(၇း၃၀)နာရီ အချိန်၌ ဘုရားကျောင်းပွဲတော် ကျင်းပရာ ဂိုဏ်းချုပ် ဆရာတော် ပေါ်ဇိန်ထုန်းဂရောင်နှင့် ဘုန်းတော်ကြီး (၁၆)ပါး ဦးပÍ္စင်းကြီး (၃)ပါး၊ ကိုရင် (၆)ပါး၊ သီလရှင် (၃၁)ပါး၊ ဘာသာဝင် (၆၀၀)ခန့် တက်ရောက်သည်။ မစ္ဆားအတွင်း ကလေးငယ် (၁၇)ဦးအား ကိုယ်တော်မြတ်ပေး၍ ကလေးငယ် (၃၁)ဦးအား ကိုယ်တော်မြတ် ခရစ္ဆာမားပေးသည်။ မစ္ဆားအပြီးတွင် ဧည့်သည်တော်များအား ဒံပေါက် ထမင်းဖြင့် ဧည့်ခံ ကျွေးမွေးသည်။ ပွဲတော်မတိုင်မီ (၉) ရက် နိုဗီနာကို ညနေတိုင်း (၅)နာရီ အချိန်တွင် မစ္ဆားပူဇော်ခြင်းဖြင့် ကျင်းပသည်။ မစ္ဆားအပြီးတွင် အအေးဖြင့် ဧည့်ခံသည်။ ပွဲတော် အကြိုနေ့ ညနေ (၄း၃၀) နာရီတွင် မစ္ဆား ပူဇော်ခြင်းဖြင့်၊ စီတန်း လှည့်လည်ခြင်း ကိုယ်တော်မြတ် ကောင်းကြီးဖြင့် အဆုံးသတ်သည်။ ညပိုင်းတွင် ဘုန်းကြီး၊ သီလရှင်များအား ညစာဖြင့် ဧည့်ခံ ကျွေးမွေးသည်။


၂၀၁၁ မတ်လ (၂၅)ရက်
ဂျူဘလီ ပွဲတော်သို့ မန္တလေး ဂိုဏ်းချုပ် ဆရာတော်တက်ရောက်

(၂၀၁၁) ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် ဗန်းမော်မြို့ ကာသီဒြယ်ကျောင်း နှစ်(၅၀)ပြည့် ရွှေဂျူဘလီနှင့် စိန်ကိုလန်ဘန် အသင်းတော် ရောက်ရှိခြင်း (၇၅)နှစ်ပြည့် စိန်ဂျူဘလီပွဲတော်သို့ မန္တလေး သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် ပေါလ် ဇိန်ထုန်းဂရောင် တက်ရောက် ပါဝင်ခဲ့သည်ဟု သိရသည်။


၂၀၁၁ မတ်လ (၂၆)ရက်
မွန်ဆီညော် ဂျွန်မောင်နီ၏ ပတ္တမြားရတုပွဲတော်

(၂၀၁၁) ခုနှစ် မတ်လ (၂၆)ရက်နေ့ ညနေ (၄း၃၀) နာရီတွင် မန္တလေးမြို့ စိန်ဇေးဗီးယားကျောင်းထိုင် ဘုန်းတော်ကြီး မွန်ဆီညော် ဂျွန်မောင်နီ၏ ရဟန်း ၀ါတော် နှစ်(၄၀)မြောက် ပတ္တမြား ရတုပွဲတော်ကို ကျေးဇူးတင် မစ္ဆား ပူဇော်ခြင်းဖြင့် စတင် ကျင်းပရာ ဘုန်းတော်ကြီးများ၊ သီလရှင်များ ဂိုဏ်းကွဲ ညီအစ်ကို ခရစ်ယာန်များ ဘာသာဝင် စုစုပေါင်း(၅၀၀)ခန့် တက်ရောက်သည်။ မစ္ဆားအတွင်း ပူဇော်ခြင်း အချိန်တွင် လှူဘွယ် ပစ္စည်းများ ဆက်ကပ်ကြသည်။ မစ္ဆားအပြီးတွင် ပတ္တမြားရတုရှင် ဘုန်းတော်ကြီး မွန်ဆီညော် ဂျွန်မောင်နီအား ဂုဏ်ပြု မင်္ဂလာ သြဘာစာ ဖတ်ကြားခြင်းဖြင့် ၎င်းင်း၊ သံပြိုင် သီချင်း သီဆိုခြင်းဖြင့်၎င်းင်း နှုတ်ဆက်ကြသည်။

ထို့နောက်တွင် ဧည့်သည်တော်များအား ညစာဖြင့် ဧည့်ခံ ကျွေးမွေးသည်။ ညပိုင်းတွင် စိန်ဗင်းဆင်း ဒီပေါလ် အသင်းဝင် ဆင်းရဲ နွမ်းပါးသူ (၃၃)ဦးအား မွန်ဆီ ညော်ဂျွန်မောင်နီမှ လက်ဆောင် ပစ္စည်းများ ပေးဝေပြီး ဧည့်သည်တော်များအား အတီးအမှုတ် အကများဖြင့် ဧည့်ခံသည်။


February 2011 (ဖေဖော်ဝါရီလ ၂၀၁၁)                                                                       April 2011 (ဧပြီလ ၂၀၁၁)