News‎ > ‎Announcements‎ > ‎

မန္တလေး သာသနာတစ်လုံး ဆိုင်ရာ လူငယ် ဘက်စုံမွမ်းမံသင်တန်း

posted 8 Mar 2016, 01:55 by MANDALAY CATHOLIC ARCHDIOCESE   [ updated 8 Mar 2016, 06:30 ]
မန္တလေး သာသနာတစ်လုံး ဆိုင်ရာ လူငယ် ဘက်စုံမွမ်းမံသင်တန်းကို မန္တလေး သာသနာလုံးဆိုင်ရာ အဖဆရာတော် Nicholas မန်ထန်း၏ လမ်းညွှန်မှုနှင့် အညီ တာဝန်ခံ ဘုန်းတော်ကြီး Fr.Augustine Tin Maung Htun မှ ဦးဆောင်၍ ၂၀၁၆၊ ဧပြီ(၁၂-၁၈)ရက် အထိ ပြင်ဦးလွင်မြို့ (St.Alysious) ရဟန်းဖြစ်သင်ကျောင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သင်တန်းတက်ရောက်နိုင်မည့် လူဦးရေစာရင်းနှင့် သင်တန်း ဖိတ်စာများကို မန္တလေးသာသနာမှ ဘုန်းတော်ကြီးများ ဝတ်စောင့်ချိန်ဖြစ်သည့် ဧပြီတွင် ဘုန်းတော်ကြီးများနှင့် ပေးပို့ပေးရမည်ဟုပါသည်။ သင်တန်းတွင် Fr. Aye Kyaw မှ သမ္မာကျမ်းစာနှင့် ဘဝအသက်တာ၊ Fr. စိုးနိုင် မှ တောင်ပေါ်တရားဒေသနာတော်၊ Fr. ဗညား- ဗျာဒိတ်တော် ဖွင့်ဟခြင်း၊ Fr.စိန်လှိုင်ဦး မှ အသင်းတော်သမိုင်းနှင့် အာပတ်ဖြေခြင်း၊  Fr. မျိုးခင် မှ  လူငယ်မှလူငယ် ၊ Fr.စိုးတင့် မှ  လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူး၊ Fr. ဝင်းမြင့် မှ အလိုတော်နှင့်အညီ အသက်ရှင်ခြင်း၊ ကျမ်းစာထဲက မယ်တော်၊ ကက်သလစ်အသင်းတော်ဆိုသည်မှာ၊ Bosco မှ လူငယ်နှင့် ခေတ်သစ်နိုင်ငံရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
လူငယ်တို့ ပါဝင်မှု၊ World Vision မှ  လူငယ်နှင့်လူကုန်ကူးမှု  စသည့်အကြောင်းများကို ပို့ချမည်ဟုလည်း သိရှိရပါသည်။

Prasie and Workship အစီအစဉ်များ၊ အာပတ်ဖြေခြင်း၊ ဝိညာဉ်ရေးရာ စမ်းစစ်ခြင်း၊ လူငယ်ဘဝ အဖြေရှာခြင်း၊ကက်သလစ်အသင်းတော်၏ မှန်ကန်သော သွန်သင်ချက်များကို ဤသင်တန်းမှ ပို့ချပေးမည်ဖြစ်ပါ၍ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် မိဘများမှ မိမိတို့၏ သားသမီးများကို သင်တန်းသို့ စေလွှတ်ကြပါရန်နှင့် လိုအပ်သော အကူအညီများ ပံ့ပိုးကူညီကြရန် လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီး ဖာသာရ်သြဂတ်စတင်း တင်မောင်ထွန်းထံမှ
သိရှိရပါသည်။

ပင်ကီ MDY (OSC)
7.3.2016
Comments