News‎ > ‎Announcements‎ > ‎

အာဗီအေ မြန်မာဘာသာ အစီအစဉ်၏ သောတရှင် များ တွေ့ ဆုံပွဲ ဖိတ်ကြားခြင်း

posted 3 Jan 2013, 06:49 by MANDALAY CATHOLIC ARCHDIOCESE   [ updated 3 Jan 2013, 06:54 ]
နှစ်စဉ် နှစ်တိုင်း ကျင်းပ ပြုလုပ်ပေးလျက်ရှိသည့် အာဗီအေ မြန်မာဘာသာ အစီအစဉ်၏ အနယ်နယ် အရပ်ရပ် မှ သောတရှင် များ တွေ့ ဆုံပွဲကို ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် မန္တလေးမြို့၌ ယခင်နှစ်များ နှင့်မတူ တမူ ထူးခြားသော အစီအစဉ်များဖြင့် ကျင်းပပြုလုပ် မည် ဖြစ်ပါသည်။ သောတရှင်များ တွေ့ဆုံပွဲအပြီး နောက်တစ်နေ့ (ဇန်န၀ါရီ လ ၂၇ရက်နေ့) တွင် ယခင်နှစ်များ ကဲ့သို့ပင် သောတရှင် များ လေ့လာရေး ခရီိးနှင့် အတူတကွ အပမ်းဖြေခရီး ထွက်ခြင်း အစီအစဉ်ရှိမည်ဖြစ်ပါသည်။ ယခုနှစ်တွင် ပြင်ဦးလွင်မြို့သို့ သွားရောက်ကြမည် ဖြစ်ပါသည်။ ထိုခရီးစဉ်သို့ လိုက်ပါလိုသည့် သောတရှင်များ အနေဖြင့် ၀င်ကြေး၊ ကားခ၊ နေ့လည်စာ စသည်တို့ အတွက် တစ်ဦးလျှင် ၄၀၀၀ ကျပ်စီ ထည့်ဝင်ရမည်ဖြစ်ပြီး၊ ကား၊ နေ့လည်စာနှင့် အခြား လိုအပ်ရာများ ကြိုတင် စီစဉ်ရ မည် ဖြစ် ပါသောကြောင့် လိုက်ပါလို သူများ မန္တလေး ဗဟိုအကျိုးတော်ဆောင်ရုံးသို့ ကြိုတင် အကြောင်းကြား ပေးကြပါ ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ သောတရှင် တွေ့ဆုံပွဲသို့ တက်ရောက်ကြပါရန်နှင့် သောတရှင်များ အားလုံးတို့အတွက် ပျော်ရွှင် ချမ်းမြေ့ သာယာသော ခရီးစဉ် တစ်ခုအဖြစ်၌ ပါဝင်ကြပါရန် လှိုက်လှဲပျူငှာစွာဖြင့် ဖိတ်ခေါ် လိုက်ပါသည်။

ကျေးဇူးတင်လျက် စစ္စတာရ်စီစီလျားစန်းယုမော်