News‎ > ‎Announcements‎ > ‎

သောတရှင် တွေ့ဆုံပွဲ ဖိတ်ကြားလွှာ

posted 15 Oct 2012, 00:05 by MANDALAY CATHOLIC ARCHDIOCESE
 
နှစ်စဉ်ကျင်းပမြဲဖြစ်သော အနယ်နယ်အရပ်ရပ်မှ သောတရှင်များ တွေ့ဆုံပွဲကို လာမည့် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်၊ (စနေနေ့)တွင် ၂၅လမ်းနှင့် ၈၁လမ်းထောင့်ရှိ မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးကျောင်းတိုက်၊ သာသနာ့ခန်းမဆောင်တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်၊ (တနင်္ဂနွေနေ့)တွင် ရန်ကုန်မြို့၊ ဖာတီမာဘုရားကျောင်း၊ ပြည်လမ်း၊ သာသနာ့ခန်းမဆောင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
မန္တလေး၌ ကျင်းပည့် သောတရှင်တွေ့ဆုံပွဲသို့ ဖိလစ်ပိုင်နိုင်ငံမှ ရေဒီယိုဗဲရီးတာ့စ် အာရှသမ္မာတရား အသံလွှင့်ဌာန၏ အထွေထွေမန်နေဂျာ Rev. Fr. Roberto M. Ebisa, SVD နှင့်တကွ အာရှသမ္မာတရား အသံလွှင့်ဌာန မြန်မာဘာသာ အစီအစဉ်၏ ဌာနမှူး ဘုန်းတော်ကြီး ရစ်ချက်လှမင်းဦးနှင့် မမာလာတို့ တက်ရောက်ကြကာ သောတရှင်များနှင့် တွေ့ဆုံကြမည်ဖြစ်ပါသည်။ တွေ့ဆုံပွဲသို့ ကြွရောက်ကြပါရန် သောတရှင် တစ်ဦးတစ်ယောက်တိုင်းစီအား လှိုက်လှဲပျူငှာစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

 
တွေ့ဆုံပွဲအစီအစဉ်
ကျင်းပမည့်ရက်စွဲ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်၊ စနေနေ့။
နေရာ - မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကျောင်းတိုက်၊ သာသနာ့ခန်းမဆောင်၊ ၂၅လမ်းနှင့် ၈၁လမ်းထောင့်၊ မန္တလေးမြို့။
အချိန် - နံနက် ၉း၀၀နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ။
မှတ်ချက် - အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာသူများ အားလုံးတို့အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။ ရပ်ဝေးမှ တက်ရောက်လာကြသူများအတွက် နေရာထိုင်ခင်းနှင့် စားသောက်ရန် စီစဉ်ပေးထားမည် ဖြစ်ပါသည်။
Comments