News‎ > ‎Announcements‎ > ‎

မိတ္ထီလာမြို့၊ စိန့်အန်ထော်နီ ဘုရားရှိခိုးကျောင်းပွဲတော် ဖိတ်ကြားလွှာ

posted 14 Oct 2012, 22:38 by MANDALAY CATHOLIC ARCHDIOCESE   [ updated 14 Oct 2012, 22:38 ]

ဂျွန်လ ၁၆၊ ၂၀၁၂

စိန်အန်ထော်နီ ဘုရားကျောင်းပွဲတော် ဖိတ်ကြားလွှာ

နှစ်စဉ်ကျင်းပမြဲဖြစ်သော မိတ္ထီလာမြို့၊ စိန့်အန်ထော်နီ ဘုရားရှိခိုးကျောင်းပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ပါဝင်အားပေးကြပါရန် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘာသာဝင်များအားလုံးကို လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
၁၅.၆.၁၂ (အဖိတ်နေ့ညနေ) ၅း၃၀နာရီတွင် မစ္ဆားပူဇော်ခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် ကိုယ်တော်မြတ်ကောင်းကြီး မင်္ဂလာ ရှိပါမည်။
ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်

၁၅.၆.၁၂ နေ့လည်စာနှင့် ညနေစာဖြင့် ဧည့်ခံပါမည်။
၁၆.၆.၁၂ (ပွဲတော်နေ့မနက်) ၈း၀၀ နာရီတွင် မစ္ဆားပူဇော်ခြင်း ရှိပါမည်။
ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်
၁၆.၆.၁၂ နေ့လည်စာဖြင့် ဧည့်ခံပါမည်။
ဘုန်းဘုန်းဂျွန်မောင်ဆန်း
ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘာသာတူများအားလုံး
စိန့်အန်ထော်နီ ဘုရားရှိခိုးကျောင်း၊ မိတ္ထီလာမြို့။
Comments