News‎ > ‎Announcements‎ > ‎

စိန့်ပီတာကျောင်းပွဲတော် ဖိတ်ကြားလွှာ (အမရပူရမြို့)

posted 14 Oct 2012, 22:37 by MANDALAY CATHOLIC ARCHDIOCESE   [ updated 14 Oct 2012, 22:39 ]

ဂျွန် ၃၀၊ ၂၀၁၂

စိန့်ပီတာကျောင်းပွဲတော် ဖိတ်ကြားလွှာ (အမရပူရမြို့)
မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး၊ ပေါလ်ဇိန်ထုန်းဂရောင်နှင့် ဆရာတော် နိကောလပ်စ် မာန်ထန်း၊ ကျောင်းထိုင်ဘုန်းတော်ကြီး၊ စိန့်ဂျိုးဇက် သီလရှင်များနှင့် အမရပူရမြို့မှ ဘာသာဝင်များတို့သည် စိန်ပီတာဘုရားကျောင်းပွဲတော်ကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ပွဲတော်သို့ကြွရောက်ပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
၃၀.၆.၂၀၁၂ စနေနေ့နံနက် (၈း၀၀)နာရီအချိန်တွင် ပွဲတော် မစ္ဆားတရား စတင်မည်။
မစ္ဆားတရားအပြီး ကိုယ်တော်မြတ် စက္ကရမင်တူးလှည့်လည် အပူဇော်ခံခြင်း။
ကိုယ်တော်မြတ်ကောင်းကြီးပေးခြင်းဖြင့် ပွဲတော်ပြီးဆုံးမည်။
ကြွရောက်လာကြသော ဆရာတော်ဘုရားများနှင့်တကွ ဘုန်တော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များ၊ ဘာသာတူများအာ နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးမည်။
နံနက်၁၀း၀၀ နာရီတွင် ဗုဒ္ဓဘုန်းတော်ကြီးများ သီလရှင်များအား ဆွမ်းကျွေးခြင်း အစီအစဉ် ရှိပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီး
စိန်ဂျိုးဇက်သီလရှင်များနှင့် ဘာသာဝင်များ၊ အမရပူရမြို့

Comments