THE LIFE-LONG INVESTMENT DONATION TREE ASSOCIATION

ARCHDIOCESE OF MANDALAY, MYANMAR

မန္တလေး ဂိုဏ်းချုပ်သာသနာ ထာဝရ ငွေပဒေသာပင် အသင်း

 
We pray for our benefactors everyday and we also offer Masses for our benefactors both the living and the dead every month.

You will be our benefactors f you give donations for The Life-Long Investment Donation Tree , Association Archdiocese of Mandalay , Myanmar.

Its source and origin

In the year 2004, February, Archbishop Paul Zinghtung Grawng of Mandalay Archdiocese Called a meeting for Priests, elders and businessmen for advice on financial matters. It was in this meeting that all came to an agreement that all donations of the Archdiocese, to have a long-lasting effect, invested in the bank. This would enable the Donors to be happy to know that their donations are not swallowed up or used immediately but will continue to increase and multiply generation after generation as a life-long project. Only the interest from these donations may be used for a good cause.

This was how “The Life- Long Investment Donation Tree” had its Origin.

Aim

(1)    The donations of people will not diminish but increase steadily.

(2)    The Interest of Life-Long Donation Tree is used yearly, but only for the development of the Archdiocese.

(3)    The Interest from Life-long Investment Donation Tree is used only for the development of the archdiocese, so that the benefactors enjoy continuous merits from their donations.

 The Distribution of the Interest from the Bank in the Archdiocese of Mandalay

To enable the smooth distribution of the interest granted from the Bank, after the interest is accumulated in April, it should be handed over to the Diocesan Financial Committee.

50% of the interest should be used for the Development and improvement of the Archdiocese and the remaining 50% of the interest should be used for social welfare.

Development of the Archdiocese

(1)    For the Construction and Renovation of Churches.

(2)    For the Construction and Renovation of Clergy houses, Centers and other buildings concerning the mission.

Social Welfare and Development Means….

(1)    For Food and Clothing of the poor.

(2)    For Education of the poor

(3)    For Health of the poor

(4)    For Natural disasters and calamities.

Rules and Limits

(1)    All donations of the Archdiocese must be invested in the Myanmar Economic Bank, under the title of Life-long Donation Tree Association with the Names of three Treasurers. Any two of them can sign the document for cash to be drawn.

(2)    It is only with the signature of the Archbishop that the treasurers be allowed to draw Cash from the Bank.

(3)    This Life-Long Donation Tree is invested only for the development and improvement of the Archdiocese and cannot be used for any other purpose.

(4)    One is never allowed to draw cash for one’s traveling expenses, food or any kind of privile ge.

Sub-Committee formed to Collect Donations.

Donations are collected from every Parish of the Archdiocese by the sub-Committee once a month, on a Sunday at the end of Mass and sent it To the Central Committee.

The Archdiocesan Central Committee was formed on a permanent basis on May 23, 2004.

Investment in the Bank at the end of June, 2011
57794425.30 Kyats

The Interest granted from the Bank in 2011
7076207 Kyats



ဤလောက၌ ကုသိုလ်ဒါနပြုသည်ထက် မည်သည့်အရာမျှ မတိုးပွားစေနိုင်။

စိန်ဖရန်စစ်ဒီဆေး (၁၅၆၇ - ၁၆၂၂)

 ထာဝရငွေပဒေသာပင်အသင်း

မနလေးကက်သလစ်သာသနာ

နာယကဆရာတော်၏အမှာစာ

        ချစ်ခြင်းမေတ္တာ၏သဘာဝသည် အကျိုးကိုလိုလားသည်။ ဘေးရန်ကင်းစေလိုသည်။ ချမ်းသာစေလိုသည်။ ကြီးပွား တိုးတက် စေလိုသည်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကောင်းသော တိုးတက်မှုမှန်သမျှတွင် တစ်ဦးချင်းသော် လည်းကောင်း၊ နိုင်ငံနှင့် ချီ၍ သော်လည်းကောင်း၊ ကမ္ဘာတစ်ဝန်း သော်လည်းကောင်း တိုးတက်ချမ်းသာ ငြိမ်းအေးစေလိုသော စိတ်ထားမြတ်ပင်ဖြစ်သည်။

        ချစ်ခြင်းမေတ္တာ၏အသီးအပွင့်သည် ဂရုဏာဖြစ်ပါသည်။ ဂရုဏာဟူသည် သနား ကြင်နာခြင်းဖြစ်သည်။ ဆင်းရဲဒုက္ခရောက် သူများကို မြင်ရသောအခါ သနားကြင်နာ မိ၏။ ထိုဆင်းရဲဒုက္ခမှ ကယ်ဆယ်လိုသော၊ လွတ်မြောက်စေလိုသော စိတ်သဘောထား ဖြစ် သည်။ မီးဘေး၊ ရေဘေး စသည့် ဘေးအန္တရာယ်တစ်ခုခုဖြင့် ကြုံတွေ့ရသူ၊ နာမကျန်းသူ၊ ချို့တဲ့နွမ်းပါးသူ စသည့်ဒုက္ခရောက်သူ တို့အား ကိုယ်ရောစိတ်ပါကူညီခြင်း၊ ပေးကမ်းထောက်ပံ့ခြင်း၊ ပြုစု စောင့်ရှောက်ခြင်းတို့မှာ ဂရုဏာပွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် လည်း တပည့်တော်ကြီး ရှင်ပေါလူးက အချင်းချင်း ချစ်ခြင်းမေတ္တာ မှတစ်ပါး အဘယ်အကြွေးမျှ မတင်ကြစေနှင့် (ရောမသြဝါဒစာ ၁၃း၈)ဟုဆုံးမပါသည်။

        ခရစ်တော်ဘုရားရှင်၏ အဆုံးအမတရားတော်ဖြစ်သော အထက်ဖော်ပြပါ ချစ်ခြင် မေတ္တာပါရမီများ မန္တလေးကက်သလစ် သာသနာတော်အတွင်းပွားများနိုင်ရန် ရည်းစူးလျက် ကက်သလစ် သာသနာ ထာဝရငွေပဒေသာပင်အသင်း ဖွဲ့စည်းနိုင်ခဲ့သည့် အတွက် အထူးပင် အားရဂုဏ်ယူမိပါသည်။ အဘဘုရားရှင်အားလည်း ကျေးဇူးတင်မိ ပါသည်။ အသင်းကြီး၏ မွန်မြတ်လှသော လုပ်ဆောင် မှုအတွက် ကျွန်ုပ်လေးလေးနက်နက် “သာဓု” ခေါ်ပါသည်။

        အမှုဆောင်အဖွဲ့ဝင်များ၏ တက်ကြွသောဆောင်ရွက်မှု၊ အလှူရှင်များ၏ ရက်ရောစွာ ထည့်ဝင်လှူဒါန်းကြမှုတို့ကြောင့် စတင် တည်ထောင်သည့်နေ့ မှသည် ယနေ့တိုင် အလှူငွေများ သိသိသာသာ တိုးပွားလာတာတွ့ရသည့် အတွက်လည်း ကျေးဇူးတင် ပါသည်။

မေတ္တာဂရုဏာပွားသူတို့အတွက် ခရစ်တော်ဘုရားရှင်က “စိတ်နှလုံးနူးညံ့ သိမ်မွေ့ သောသူတို့သည် မင်္ဂလာရှိကြ၏။” “သနား ဂရုဏာထား သူတို့သည် မင်္ဂလာရှိကြ၏။”

“သင်တို့သည် ဤအငယ်ဆုံးသောသူ တစ်ဦးတစ်ယောက်ကို ပြုကြသမျှသည် ငါ့ကိုပြုကြ ပြီတည်း။”- “သင်တို့ကို သူတစ်ပါး ပြုစေလိုသည့်အတိုင်း သူတို့အားပြုကြလော့။” စသော ဆုံးမ စကားများကို နှလုံးမှာ စွဲမြဲမှတ်ယူကြလျက် ကောင်းကင်သုခ အကျိုး မှန်းမျှော်ကိုးကာ ဆထက်ထမ်းပိုး ဆက်လက်ကြိုးစား သွားကြပါဟု ထာဝရငွေ ပဒေသာပင် အသင်းကြီးတွင် လက်ရှိ ဆက်ကပ်လုပ်ဆောင်နေကြသော အဖွဲ့ဝင်များနှင့် နောက်နောင် အစဉ်အဆက် ဆက်ကပ်လုပ်ဆောင်ကြမည့် အသင်းဝင်များ အားလုံးတို့ကို အားပေးတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

 ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်

ဂိုဏ်းချုပ်ဆရာတော် ကက်သလစ်သာသနာ၊ မန္တလေး

(၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်)

 ထာဝရငွေပဒေသာပင်အသင်း စတင်ပေါ်ပေါက်လာပုံ

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးကက်သလစ် သာသနာတော် ဖွံ့ဖြိုးရေးနှင့် လိုအပ်ရာနေရာတိုင်း၌ အကူအညီ များပေးနိုင်ရန် မန္တလေးကက်သလစ်သာသနာ ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်က စီးပွားရေးလုပ်ငန်းရှင်များ နှင့် ရဟန်း ဘုန်းတော်ကြီးများကို ဖိတ်ကြား၍ အကြံဥာဏ်များ တောင်းခံခဲ့ပါသည်။ ထိုအကြံပေးဆွေးနွေးပွဲတွင် ကက်သလစ် သာသနာတော် အတွက် လိုအပ်သည့်အခါတိုင်း အလှူခံပြီး သုံးစွဲ မယ်ဆိုပါက အလှူရှင်များထံမှ ပထမအကြိမ် အလှူခံတယ်၊ သုံးမယ်၊ ကုန်သွားမယ်။ ဒုတိယအကြိမ် အလှူခံမယ်၊ သုံးမယ်၊ ကုန်သွားမယ်။  တတိယအကြိမ် အလှူခံသောအခါ အလှူရှင် များ လှူနိုင်စွမ်း နည်းလာမယ်။ လှူအားလည်း ရပ်တန့်သွား နိုင်ပါတယ်။ ထိုအခါ အလှူရှင်များ ထည့်ဝင် လှူဒါန်းထားသော ငွေများ တည်တန့်အောင်၊ အမြဲ တိုးပွားနေအောင် ငွေပဒေသာပင် စိုက်ထူသင့်ပါကြောင်းဆွေးနွေးခဲ့ကြပါသည်။ ထိုသို့အကြံပေး သူမှာ ဥက္ကဌအဖြစ် ဆက်ကပ်ပေးခဲ့သူ ဦးတင်စိန်ဖြစ်ပါသည်။ ထို့ကြောင့် ငွေပဒေသာပင် စိုက်ထူကြမည်။ ငွေပဒေသာပင် စိုက်ထူမှုသည် မြန်မာ့ရိုးရာ ဓလေ့တစ်ခုလည်း   ဖြစ်ကြောင်း ဆက်လက်ဆွေးနွေးခဲ့ ကြပါသည်။

        အလှူရှင်များ ထည့်ဝင်ထားသည့်ငွေများကို ဘဏ်တွင် အပ်ထားပြီး တိုးပွားလာသော အတိုးအမြတ်ကိုသာ သုံးမည်ဆိုပါက အလှူရှင်များ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေများသည် လည်း မပျောက်မပျက်၊ ကုန်ဆုံးမသွားဘဲ ထာဝရတည်တန့် တိုးပွားနေပြီး အလှူရှင်များ၏ အတိုးများသည်လည်း ကာလ အဆက်ဆက် သာသနာတော်ကို လှူဒါန်းနေရာရောက်ကြောင်း တင်ပြပါသည်။ တက်ရောက်လာသူအားလုံးကလည်း သဘောတူ ကြသည်။ ထို့နောက် ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ထာဝရ ငွေပဒေသာပင်အသင်း(မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာ) ကို ဖွဲ့စည်းလိုက်ကြပါသည်။

ပထမဆုံးဖွဲ့စည်းခဲ့သောဗဟိုကော်မတီ

       ၂၀၀၄ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် ထာဝရ ငွေပဒေသာပင်အသင်း (မန္တလေး ကက်သလစ် သာသနာ) ကို အောက်ပါ အတိုင်း ဖွဲ့စည်းခဲ့ကြပါသည်။

၁။    နာယက                       ဂိုဏ်းချုပ်ဆရာတော်ပေါလ်ဇိန်ထုန်းဂရောင်

၂။    နာယက (၂)                  ဖာသာရ်ဂျွန်မောင်နီ

၃။    နာယက (၃)                  ဖာသာရ်ဂျော့ခင်မောင်ထွေး

၎။    ဥက္ကဌ (၁)                     ဦးတင်စိန်

၅။    ဥက္ကဌ (၂)                     ဒေါ်နီနီ

၆။    ဒု-ဥက္ကဌ                       ဦးကျော်ဝင်း

၇။    အတွင်းရေးမှူး (၁)          ဦးသိန်းဝင်း

၈။    အတွင်းရေးမှူး (၂)          ဦးစိုးမြင့်

၉။    ဘဏ္ဍာရေးမှူး (၁)          ဦးအောင်ညွန့်

၁၀။  ဘဏ္ဍာရေးမှူး (၂)          ဦးမောင်မောင်အေး

၁၁။  ဘဏ္ဍာရေးမှူး (၃)          ဖာသာရ်မာကုတင်ဝင်း

၁၂။  စာရင်းစစ် (၁)               ဦးဟာရာပဲန်း

၁၃။  စာရင်းစစ် (၂)               ဦးကျော်မင်း

၁၄။   စာရင်းကိုင် (၁)            ဦးခင်မောင်ဆင့်

၁၅။   စာရင်းကိုင်  (၂)          ဒေါ်မေဘယ်လ်

၁၆။   ပြန်ကြားရေး (၁)          ဦးမြင့်ဆွေ

၁၇။   ပြန်ကြားရေး (၂)         ဦးစိုးနိုင်

၁၈။   အကြံပေး (၁)            ဖာသာရ်ဂျွန်မောင်ဆန်း

၁၉။   အကြံပေး (၂)            ဖာသာရ်အန်ထော်နီမောင်ခင်

၂၀။   အကြံပေး (၃)            ဒေါက်တာ ဦးခင်မောင်ပြုံး

၂၁။   အကြံပေး (၄)           အင်ဂျင်နီယာ ဦးမောင်မောင်


ထာဝရငွေပဒေသာပင်အသင်းကြီး၏ ပထမဦးဆုံးသော ဗဟိုကော်မတီအဖွဲ့ဝင်များ

(နောက်) ဦးမောင်မောင်အေး၊ ဦးအောင်ညွန့်၊ ဦးစိုးမြင့်၊ ဦးမောင်မောင်၊ ဦးခင်မောင်ဆင့်၊ ဦးကျော်မင်း၊ ဦးစိုးနိုင်၊ ဦးမြင့်ဆွေ

(လယ်) ဦးကျော်ဝင်း၊ ဦးတင်စိန်၊ ဒေါ်နီနီ၊ ဦးသိန်းဝင်း၊ ဒေါ်မေဘယ်လ်

(ရှေ့) ဘုန်းဘုန်းမာကုတင်ဝင်း၊ ဘုန်းဘုန်းဦးမောင်ဆန်း၊ ဆရာတော်ပေါလ်ဇိန်ထုန်းဂရောင်

ဘုန်းဘုန်းအန်ထော်နီမောင်မောင်ခင်၊ ဘုန်းဘုန်းဂျွန်မောင်နီ၊ ဘုန်းဘုန်းဂျော့ခင်မောင်ထွေး


ထာဝရငွေပဒေသာပင်အသင်း

(မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ)

ဖွဲ့စည်းပုံအခြေခံမူနှင့် စည်းမျဉ်းစည်းကမ်းများ

 

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။     ဤအသင်းကို “ထာဝရငွေပဒေသာပင်အသင်း”(မန္တလေး  ကက်သလစ်သာသနာ) ဟု ခေါ်တွင်စေရမည်။

၂။     “ထာဝရငွေပဒေသာပင်”ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာ၌ -

(က) ထာဝရဆိုသည်မှာ အလှူရှင်များ၏အလှူငွေသည် ရာသက်ပန် ရင်းနှီးမြှုပ်နှံထားသောကြောင့် ထာဝရတည်ရှိ နေမည်ဟု ဆိုလိုပါသည်။

(ခ) ငွေပဒေသာပင်ဆိုသည်မှာ အသီးအပွင့်များ ဖွံ့ဖြိုး ဝေဆာလာအောင် အလှူရှင်များ၏ မတည်ရင်းနှီးမြှုပ်နှံထား သော အလှူငွေများဖြင့် စိုက်ပျိုးထားသော ငွေပင်ဟု အဓိပ္ပါယ် ရသည်။

အခန်း(၂)

ရည်ရွယ်ချက်

 ၃။ ဤအသင်း၏ရည်ရွယ်ချက်များမှာ -

        (က) အလှူရှင်များ၏ ရာသက်ပန် ရင်းနှီးမြှုပ်နှံထားသော အလှူငွေသည် ကုန်ဆုံးလျော့နည်းသွားခြင်း အလျဉ်းမရှိဘဲ ပို၍ ပို၍ တိုးပွားများပြားလာစေရန်၊

        (ခ) ရာသက်ပန် ရင်းနှီးမြှုပ်နှံလှူဒါန်းငွေများမှ ထွက်ပေါ် လာသော အသီးအပွင့် ဘဏ်တိုးငွေများကို မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်အသုံးပြုရန်

        (ဂ) အလှူရှင်များ၏ အလှူငွေများမှ အသီးအပွင့်များ စဉ်ဆက်မပြတ်ထွက်ပေါ်လာပြီး မန္တလေးဂိုဏ်းချုပ်သာသနာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အသုံးချသွားခြင်း အားဖြင့် အလှူရှင်းများ အကျိုးကုသိုလ် စဉ်ဆက်မပြတ် ရရှိခံစားနိုင်စေရန် တို့ဖြစ်သည်။

 အခန်း (၃)

ထာဝရငွေပဒေသာပင်အသင်းဖွဲ့စည်းခြင်း

 ၄။ ထာဝရငွေပဒေသာပင်အသင်း၏ လုပ်ငန်းဆောင်တာအဝဝကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်၊ မန္တလေး သာသနာ တော်အတွင်းရှိ ရဟန်းတော်များနှင့် သဘောထားပြည့်ဝပြီး ဤလုပ်ငန်းကို အထူးစိတ်ဝင်စားသော လူပုဂ္ဂိုလ်များပါဝင်သည့် ဗဟိုကော်မတီကို ဖွဲ့စည်းရမည်။

၅။ ဗဟိုကော်မတီဝင်ဦးရေကို (၁၅)ဦးဖြင့် ဖွဲ့စည်းရမည်။

        နာယကဆရာတော်

        ဥက္ကဌ                         (၁) ဦး

        ဒု-ဥက္ကဌ                      (၁) ဦး

        အတွင်းရေးမှူး              (၁) ဦး

        တွဲဘက် အတွင်းရေးမှူး   (၁) ဦး

`      ဘဏ္ဍာရေးမှူး               (၃) ဦး

        စာရင်းကိုင်                  (၁) ဦး

        စာရင်းစစ်                            (၂) ဦး

        ပြန်ကြားရေးနှင့်မှတ်တမ်းတင်   (၁) ဦး

        အဖွဲ့ဝင်                               (၄) ဦး

၆။ ဗဟိုကော်မတီ၏ သက်တမ်းသည် (၂) နှစ် ကာလတိတိ ဖြစ်သည်။

၇။ ဗဟိုကော်မတီအား ကူညီပံ့ပိုးနိုင်ရန်အတွက် သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီး အုပ်စုအသီးသီးတွင် အနည်းဆုံး (၃)ဦး ပါဝင်သော ဆပ်ကော်မတီများ ဖွဲ့စည်းရမည်။

၈။ ဗဟိုကော်မတီ၏ သက်တမ်းမကုန်ဆုံးမီ တစ်လကြိုတင်၍ အမှုဆောင်သစ်များကို လျှို့ဝှက်မဲစံနစ်ဖြင့် ရွေးချယ်ထားရမည်။ ဗဟိုကော်မတီသက်တမ်း ကုန်ဆုံးသည့်အချိန်တွင် လုပ်ငန်း တာဝန်များကို စံနစ်တကျလွှဲပြောင်းပေးရမည်။

၉။ အကြောင်းအမျိုးမျိုးကြောင့် ဗဟိုကော်မတီဝင်တစ်ဦးဦး နှုတ်ထွက်သွားပါက လစ်လပ်နေသော ကော်မတီဝင်နေရာသို့ (ဥက္ကဌ မရှိလျှင် ဒု-ဥက္ကဌ၊ အတွင်းရေးမှူးမရှိလျှင် တွဲဘက် အတွင်းရေးမှူး၊ ကျန်ကော်မတီဝင် တစ်ဦးဦးဖြစ်လျှင် သင့်လျော်သူ) အစားထိုးရမည်။

 ၁၀။  ဥက္ကဌအဖြစ် (၂)ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူသည် တတိယအကြိမ်၌ ဥက္ကဌအဖြစ် ရွေးချယ်ပိုင်ခွင့်မရှိ။ အခြားတာဝန် ၌သာ ရွေးချယ်ခံနိုင်သည်။

အခန်း (၄)

ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ

၁၁။ ထာဝရငွေပဒေသာပင်အသင်းသည် ငွေကြေးကို ကိုယ်တွယ် ထိန်းသိမ်းရသည့် အသင်းအဖွဲ့ဖြစ်သဖြင့် ငွေကြေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ စာရင်းဇယားများနှင့် ပတ်သက်၍သော် လည်းကောင်း၊ ဗဟိုကော်မတီဝင်တိုင်း အနေဖြင့် လုံးဝ အမှားအယွင်းမရှိစေရန်နှင့် အလှူရှင်များ၏ ယုံကြည်မှုအပြည့်အဝရရှိ စေရန် အစဉ်ဂရုစိုက်ဆောင်ရွက်ရန် တာဝန်ရှိသည်။

၁၂။ အလှူရှင်များ၏ ရင်းနှီးမြှုပ်နှံလှူဒါန်းငွေများကို မြန်မာ့ စီးပွားရေးဘဏ်၌သာ အပ်နှံထားရှိရမည်။

၁၃။ ငွေစာရင်းဖွင့်လှစ်ရာတွင် “ထာဝရငွေပဒေသာပင်အသင်း” (မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ) အမည်ဖြင့်သာ ဖွင့်လှစ်ရမည်။

၁၄။ ငွေစုစာအုပ်ကို သာသနာ့ဘဏ္ဍာထိန်း ဘုန်းတော်ကြီးထံ၌ သာ ထားရှိရမည်။

၁၅။ ငွေစုစာအုပ်ထဲသို့ငွေသွင်းရာတွင် အတိုးရရှိစေရန် လစဉ် လဆန်း (၄) ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာဘဏ်သို့ ငွေသွင်းရမည်။

၁၆။  သက်ဆိုင်ရာဆပ်ကော်မတီများမှ လက်ခံရရှိထားသော အလှူငွေများကို အချိန်မီဘဏ်သို့ ပေးသွင်းနိုင်ရန် လစဉ်လကုန် ရက် နောက်ဆုံးထား၍ ဗဟိုကော်မတီဝင် ဘဏ္ဍာထိန်း ဘုန်းတော်ကြီးထံ အရောက်ပေးပို့ရမည်။

၁၇။ မန္တလေးသာသနာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေထုတ်ယူ သုံးစွဲရာတွင် ဘဏ်တိုးငွေကိုသာ ထုတ်ယူသုံးစွဲခွင့်ရှိသည်။

၁၈။ ငွေကြေးသုံးစွဲရန်အတွက် ဘဏ်မှငွေထုတ်ယူရာတွင် နာယက ဂိုဏ်းချုပ်ဆရာတော်၏ စာဖြင့်ရေးသားထားသော ခွင့်ပြုမိန့်ဖြင့်သာ ဘဏ္ဍာရေးမှူး (၂) ဦးမှ လက်မှတ်ရေးထိုး ငွေထုတ်ယူပေးရမည်။

၁၉။ ဗဟိုကော်မတီနှင့် ဆပ်ကော်မတီတို့သည် လှူဒါန်းငွေများ ပေးပို့ခြင်း၊ စာရင်းဇယားများ ပေးပို့ခြင်းကိစ္စများကို ဆက်သွယ် ဆောင်ရွက်ရမည်။

၂၀။ အလှူရှင်များ၏ အလှူငွေများတိုးတက်မှု အခြေအနေများကို အလှူရှင်များ သိရှိနိုင်စေရန် စာရင်းများပြုစု၍ သက်ဆိုင်ရာ သာသနာအုပ်စုအသီးသီးသို့ အခါအားလျော်စွာ ပေးပို့ရမည်။ ထိုသို့ စာရင်းဇယားများပေးပို့ရာတွင် သက်ဆိုင်ရာ သာသနာ အုပ်စု တစ်ခုချင်းစီသို့ အဆိုပါသာသနာအုပ်စုမှ အလှူရှင်များ၏ အလှူငွေ အသေးစိတ် စာရင်းများအပါအဝင် မန္တလေးသာသနာ ထာဝရငွေပဒေသာပင်အသင်း၏ အလှူငွေစာရင်းပေါင်းချုပ်ကို လည်း ပူးတွဲပေးပို့ရမည်။

၂၁။ လစဉ်ပုံမှန်အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် မဖြစ်မနေ ပြုလုပ်ရမည်။ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားသည့်နေ့ရက်တွင် အစည်းအဝေးမပြုလုပ်နိုင်ပါက ကော်မတီဝင်များ အဆင်ပြေနိုင်မည့်နေ့တစ်ရက်ကို သတ်မှတ်၍ အစားထိုးကျင်းပရမည်။ အထူးအစည်းအဝေး (သို့မဟုတ်) အရေးပေါ်အစည်းအဝေးပြုလုပ်ရန် လိုအပ်ပါက ဥက္ကဌမှ လက်မှတ်ရေးထိုး ဖိတ်ခေါ်၍ ကျင်းပနိုင်သည်။

၂၂။ အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်ရာတွင် လိုအပ်ပါက လျှို့ဝှက်မဲစံနစ်ဖြင့် အများသဘောတူ ဆုံးဖြတ်ချက်ကို အတည်ပြုရမည်။

၂၃။ အရေးကြီးသော ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဗဟိုကော်မတီ ဝင်တိုင်းကို မဖြစ်မနေ အစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါ်၍ လိုအပ်ပါက လျှို့ဝှက်မဲစံနစ်ဖြင့် တက်ရောက်သူများ၏ တစ်ဝက် ကျော် သဘောတူညီချက်ကို ရယူရမည်။

၂၄။ အစည်းအဝေးကျင်းပရာတွင် တက်ရောက်သူအားလုံး လက်မှတ်ရေးထိုးရမည်။ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာ(Agenda) အပေါ်တွင်သာ ဆွေးနွေးရမည်။ အတွင်းရေးမှူးသည် ယခင်လအစည်းအဝေးမှ မှတ်တမ်းကို ဖတ်ရမည်။ ဘဏ္ဍာရေးမှူးမှ လက်ရှိငွေစာရင်းအခြေအနေကို တင်ပြရမည်။ ဥက္ကဌမှ ဆွေးနွေးမည့် အကြောင်းအချက်များကို ရှင်းလင်းတင်ပြရမည်။ အစည်းအဝေးဆုံးဖြတ်ချက်ချပြီးသည်နှင့် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်စဉ်အတွက် တာဝန်ပေးရန်ရှိက တာဝန်ပေးရမည်။

၂၅။ ယခင်အစည်းအဝေးမှ ဆုံးဖြတ်ချက်သည် နောင်အခါတွင် မသင့်လျော်ဟု ယူဆပါက နောက်အစည်းအဝေးတွင် ထပ်မံ တင်ပြဆွေးနွေးပြီး အများ၏သဘောဆန္ဒအရ ဖြည့်စွက်နိုင်သည်။ ပြင်ဆင်နိုင်သည်။ ပယ်ဖျက်နိုင်သည်။

၂၆။ ထာဝရငွေပဒေသာပင်အသင်းသည် မန္တလေးသာသနာ တစ်ခုလုံးနှင့် သက်ဆိုင်သည့်ဗဟိုအဖွဲ့အစည်းဖြစ်သဖြင့် မန္တလေး သာသနာအတွင်းရှိ သာသနာအုပ်စုတိုင်းတွင် သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် အချိန်ညှိနှိုင်း၍ အလှူခံ ပိုင်ခွင့်ရှိသည်။

၂၇။ အလှူရှင်များသည် ငွေစာရင်းကိုသော်လည်းကောင်း၊ ဘဏ် စာအုပ်ကိုသော်လည်းကောင်း လေ့လာကြည့်ရှုခွင့်ရှိ၍ ယုံကြည်မှု အပြည့်အဝရှိစေရန် ပြသရမည်။

၂၈။အလှူရှင်များသည် ဗဟိုကော်မတီနှင့် တွေ့ဆုံဆွေးနွေးအကြံ ပြုလိုသည်ဟု စာဖြင့်တင်ပြလာလျှင် ဗဟိုကော်မတီမှ အပြုသဘောဖြစ်သည်ဟု ယူဆဆုံးဖြတ်ပါက တွေ့ဆုံဆွေးနွေး ခွင့်ပြုရမည်။

 ၂၉။   ဥက္ကဌ၏ တာဝန်များ

        (က) ဤအသင်းကြီး၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဗဟို အလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ချက်ကို လက်တွေ့ အကောင်အထညဖော် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

(ခ) အဖွဲ့အစည်းတွင် တာဝန် အရှိဆုံးဖြစ်သည်။

 (ဂ) အထူးအစည်းအဝေး (သို့) အရေးပေါ်အစည်းအဝေး ခေါ်သည့်အခါ ဥက္ကဌ လက်မှတ်နှင့်သာ အစည်းအဝေး ဖိတ်ကြားရမည်။

(ဃ) အာဏာပိုင်အဖွဲ့အစည်း နှင့်သော်လည်းကောင်း၊ ဆပ်ကော်မတီများ နှင့်သော်လည်းကောင်း ဆက်သွယ်ရာတွင် ဥက္ကဌ၏ တာဝန်ဖြစ်သည်။ စာဆက်သွယ်ရာတွင်လည်း ဥက္ကဌ လက်မှတ်နှင့် ဆက်သွယ်ရမည်။

 ၃၀။   ဒု- ဥက္ကဌ၏ တာဝန်များ

        (က)  ဥက္ကဌကို ကူညီဆောင်ရွက်ပေးရမည်။၏

        (ခ) ဥက္ကဌမရှိလျှင် ဥက္ကဌ၏တာဝန်များကို တာဝန်ယူ ဆောင်ရွက်ရမည်။

        (ဂ)    ဥက္ကဌမှ ပေးအပ်လာသည့် တာဝန်များကို ဆောင်ရွက်ရမည်။

၃၁။ အတွင်းရေးမှူး၏ တာဝန်များ

          (က) အစည်းအဝေးမှတ်တမ်းကိုစံနစ်တကျရေးသွင်းရမည်

        (ခ)  ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များကို မှတ်တမ်းတင်ရမည်။

        (ဂ) အစည်းအဝေးမှတ်တမ်းများကို ကွန်ပျူတာရိုက်ပြီး နာယကဆရာတော်နှင့် ဗဟိုကော်မတီများအားလုံး (အစည်း အဝေးတက်ရောက်သူများနှင့် မတက်ရောက်သူများ)သို့ ဖြန့်ဝေ ရမည်။

(ဃ) အသင်း၏ စာရွက်စာတမ်းများ၊ ငွေစာရင်းဇယား များကို စံနစ်တကျ ထိန်းသိမ်းရမည်။

(င) အစည်းအဝေးတွင် အခမ်းအနားမှူးလုပ်ရမည်။ နောင်တစ်ကြိမ် အစည်းအဝေးတွင် ယခင် အစည်းအဝေးမှတ်တမ်းကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက် ရယူရမည်။

 ၃၂။ တွဲဘက်-အတွင်းရေးမှူး၏ တာဝန်များ

        (က) အတွင်းရေးမှူးအား ကူညီဆောင်ရွက်ပေးရမည်။

        (ခ) အတွင်းရေးမှူးမရှိလျှင် ၄င်း၏တာဝန်ကို ယူရမည်။

၃၃။ ဘဏ္ဍာရေးမှူး၏ တာဝန်များ

          (က) ငွေစာရင်းနှင့်ပတ်သက်သည့် စာရင်းဇယားများ၊ ငွေသွင်း/ငွေထုတ် လုပ်ငန်းများကို စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်ရမည်။

        (ခ) လစဉ် အစည်းအဝေးတွင် လက်ရှိငွေစာရင်း အခြေ အနေကို တင်ပြရမည်။

 

၃၄။ စာရင်းကိုင်၏ တာဝန်များ

(က) စာရင်းကိုင်သည် အလှူခံဖြတ်ပိုင်းများမှရရှိသော အလှူငွေစာရင်းကို ငွေစာရင်းစအုပ်၌ စံနစ်တကျရေးသွင်းရမည်။

(ခ) စာရင်းဇယားများနှင့် အသင်းပိုင်ပစ္စည်းများကို စံနစ် တကျ ထိန်းသိမ်းရမည်။

(ဂ) အပါတ်စဉ် အနည်းဆုံး (၁) ရက် ရုံးထိုင်၍ ငွေစာရင်း ပြုလုပ်ရမည်။

(ဃ) အလှူခံဖြတ်ပိုင်း စာအုပ်များကို ထုတ်/သွင်း ပြုလုပ် ရာတွင် အောက်ပါပုံစံအတိုင်း စံနစ်တကျ မှတ်တမ်းတင် ထားရမည်။

(င) ဘဏ္ဍာရေးမှူးထံတွင် ငွေသွင်းပြေစာပါသော အလှူခံ ဖြတ်ပိုင်းများကိုသာ စာရင်းသွင်းရမည်။

 ၃၅။   စာရင်းစစ်၏ တာဝန်များ

        (က) စာရင်းစစ်သည် ငွေစာရင်းများကို စစ်ဆေးရမည်။

(ခ) အလှူခံဖြတ်ပိုင်းများမှ ရရှိသော အလှူငွေများနှင့် စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးပြီး ပြင်ဆင်စရာ၊ ဖြည့်စွက် စရာ လိုအပ်ချက်များရှိပါက ပြင်ဆင်ရန် ညွှန်ကြားပြီး လက်မှတ် ရေးထိုးရမည်။

၃၆။ မှတ်တမ်းတင်နှင့် ပြန်ကြားရေး၏ တာဝန်များ

  (က) မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်း၊ သတင်းပိုစတာ ဓါတ်ပုံများ ပြုစုရေး၊ လက်ကမ်းကြော်ငြာဖြန့်ဝေးရေးတို့ကို ဆောင်ရွက်ရမည်။

 (ခ) ဆပ်ကော်မတီများနှင့်သော်လည်းကောင်း၊ သာသနာ အုပ်စုအသီးသီးနှင့်သော်လည်းကောင်း စာများနှင့် စာရင်း ဇယားများ ပေးပို့ရေးတို့တွင်လည်း ကူညီပေးရမည်။

   (ဂ) ဤအသင်းနှင့် ပတ်သက်သော အခမ်းအနားများ ကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်။

 

အခန်း(၅)

မန္တလေးသာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက်

ငွေပဒေသာပင်၏ အသီးအပွင့်များကို မျှဝေသုံးစွဲခြင်း

 ၃၇။ ဘဏ္ဍာရေးနှစ်စတင်သည့် ဧပြီလတွင် ဘဏ်တိုးငွေထည့်ပြီး သည်နှင့် လာမည့်နှစ်အတွက် အဆိုပါ ဘဏ်တိုးငွေကို ခွဲဝေသုံးစွဲ နိုင်ရန် မန္တလေးသာသနာ ဘဏ္ဍာရေးကော်မတီ (Diocesan Financial Committee) သို့ ပေးအပ်ရမည်။

၃၈။ မန္တလေးသာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသီးအပွင့်ကို ခွဲဝေရာ၌ ၅၀%ကို ဘာသာသာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ကျန် ၅၀%ကို လူမှုရေးအတွက် သုံးစွဲရမည်။

ဘာသာသာသနာဖွံ့ဖြိုးတိုးတက်ရေးဟုဆိုရာတွင်

(က) ဘုရားကျောင်းကန်များ ဆောက်လုပ်လှူဒါန်းခြင်း၊ ပြုပြင်ခြင်း

(ခ) သာသနာအတွင်း ရဟန်းသီလရှင်များအား နှစ်စဉ်ဘုံကထိန် ခင်းကျင်းလှူဒါန်းရန်၊။ (ငွေပဒေသာပင်မှ အချိုးကျ မတည်ငွေ အပြင် ထာဝရငွေပဒေသာပင်အသင်းမှ ဦးဆောင်လျက် အလှူငွေဝတ္ထုများ ထပ်မံအလှူခံရန်)

 (ဂ) ဘုန်းကြီးကျောင်းများ၊ ကိုရင်သီလရှင်ကျောင်းများ၊ သာသနာပိုင် အဆောက်အဦများကို ကူညီထောက်ပံ့ရန်။

လူမှုဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုရာတွင်-

(က) ဆင်းရဲနွမ်းပါးသူများ

(ခ) အတိဒုက္ခသည်များ (သဘာဝဘေး)

(ဂ) ကျန်းမာရေး

(ဃ) ပညာရေး

 ၃၉။ မန္တလေးသာသနာ ဘဏ္ဍာရေးကော်မတီ (Diocesan Financial Committee) က ထာဝရငွေပဒေသာပင်အသင်း၏ အသီးအပွင့်များကို မည်သို့မည်ပုံသုံးစွဲခဲ့ကြောင်း ငွေစာရင်း ရှင်းတမ်းနှင့်အတူ ထာဝရငွေပဒေသာပင်အသင်းသို့ အကြောင်း ကြားရမည်။ ထို့နောက် ငွေပဒေသာပင် အသင်းကြီးမှ အလှူရှင် များ သိသာစေရန် သာသနာတစ်ခုလုံးသို့ စာရင်းချုပ်နှင့်အတူ ဖြန့်ဝေ အကြောင်းကြားပေးရမည်။

အခန်း (၆)

တားမြစ်ချက်များ

 ၄၀။ ထာဝရငွေပဒေသာပင်အသင်း (မန္တလေးကက်သလစ် သာသနာ)၏ အလှူငွေများကို မည်သူတစ်ဦးတစ်ယောက်၏ ပုဂလိကနာမည်နှင့် မည်သည့်ဘဏ်တွင်မှ ငွေစာရင်း ဖွင့်ခွင့် မရှိစေရ။

၄၁။ နာယကဂိုဏ်းချုပ်ဆရာတော်၏ စာဖြင့်ရေးသားထားသော ခွင့်ပြုမိန့်မရရှိဘဲ မည်သူမှ ငွေထုတ်ယူခွင့် မရှိစေရ။

၄၂။ ဤအလှူငွေများသည် မန္တလေးသာသနာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရာသက်ပန် ရင်းနှီးမြှုပ်နှံလှူဒါန်းထားသော အလှူငွေ များဖြစ်၍ အဆိုပါရင်းနှီးမြှုပ်နှံငွေကို မည်သို့သော အကြောင်း အချက်အတွက်မှ ထုတ်ယူသုံးစွဲခြင်း မရှိစေရ။
၄၃။ အလှူရှင်များ၏ ရာသက်ပန်ရင်းနှီးမြှုပ်နှံထားသော လှူဒါန်း ငွေများကို တိုးပွားအောင် ဆောင်ရွက်ရာတွင် မသေချာမရေရာ သော ဆုံးရှုံးစေနိုင်သော၊ မှားယွင်းနိုင်သော မည်သည့်နည်းလမ်း မျိုးကိုမျှ အသုံးပြု၍ တိုးပွားအောင် လုပ်ဆောင်ခြင်းမရှိစေရ။

၄၄။ အလှူရှင်များ ယုံကြည်လက်ခံမှု အပြည့်အဝရရှိစေရန် ရှေ့ရှုလျက် ရာသက်ပန် ရင်းနှီးမြှုပ်နှံလှူဒါန်းငွေမှသော် လည်းကောင်း ဘဏ်တိုးငွေမှသော်လည်းကောင်း၊ ခရီးစရိတ်၊ စားစရိတ်၊ ခံစားခွင့်နှင့် အခြားမည်သည့် အသုံးစရိတ်တို့အတွက် မည်သူတစ်ဦးတစ်ယောက်ကမှ ထုတ်ယူသုံးစွဲခြင်း မရှိစေရပါ။

 ``ရက်ရောစွာ ပေးကမ်းသော သူတို့ကို ဘုရားရှင် သာဓုခေါ်၏`` (ဒု - ကောရိန္တု ၉း၇)

 ထာဝရငွေပဒေသာပင်အသင်း သို့လှူဒါန်းလိုပါက

ဖာသာရ်တင်ထွန်း ၉၅-၂-၃၉၅၃၁

 ဖာသာရ်စိုးတင့် ၉၅-၉၂၀-၅၈၅၉၀ ဆက်သွယ်လှူဒါန်းနိုင်သလို

 ဘဏ်စာရင်းနံပါတ် SF 016361 သို့ လည်း တိုက်ရိုက် လှူဒါန်း နိုင်ပါကြောင်းအသိပေးအပ်ပါသည်။


ဤအသင်းသို့ လှူဒါန်းလိုပါက ဆက်ကွယ်ရန် လိပ်စာမှာ -
PROCURATOR
ARCHBISHOP’S HOUSE
Corner of 25th and 82nd Street
Mandalay, Myanmar (Burma)

Phone: 95-2-39531

REV. FR. JOHN SOE TINT
FINANCIAL ADMINISRATOR
Phone: 95-2-31852

Email:  jsoetint@gmail.com

THE LIFE-LONG INVESTMENT DONATION TREE ASSOCIATION
ARCHDIOCESE OF MANDALAY
MYANMAR