Commission on Social Economic and Saving
(လူမှုစီးပွားရေးနှင့် ငွေစုငွေချေးကော်မရှင်)


 

Vision ( ဦးတည်ချက် )
မန္တလေးသာသနာအတွင်းရှိ ကက်သလစ်ဘာသာဝင်များသည် လူမှုစီးပွားရေးပြည့်စုံပြီး လူမှုဒုက္ခများမှ ကင်းလွတ်ရေးဆီ သို့ .....

Mission ( သန္နိဌာန် )
ကျွန်ုပ်တို့ လူမှုစီးပွားရေးနှင့် ငွေစုငွေချေးကော်မရှင်သည် မန္တလေးသာသနာအတွင်းရှိ ကက်သလစ်ဘာသာဝင်များအား လူနေမှု စီးပွားရေးပြည့်စုံစေရန်နှင့် ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန်အတွက် ငွေစုငွေချေးအသင်းများဖွဲ့စည်းခြင်း၊ စီမံကိန်းများ ရေးဆွဲခြင်း၊ ပညာပေးသင်တန်းများပြုလုပ်ခြင်း၊ အလှူရှင်များရှာဖွေခြင်းများကို လုပ်ဆောင်သွားကြမည်။

Situation Analysis

Positive Areas

Human Resources
- ကော်မရှင်၊ အလှူရှင်များ၊ စိတ်ဝင်စားသော ဘာသာဝင်များ။

Materials Resources
- အလှူငွေရရှိနိုင်ခြင်း။

Other Resources
- ဂရုဏာမန္တလေး။
 
Gray Areas

Human Resources
- လုပ်ငန်းလုပ်ကိုင်ရန် အတွေ့အကြုံနည်းပါးခြင်း၊ ကျွမ်းကျင်မှုမရှိခြင်း၊ အများစုမှာ ဆင်းရဲသားများဖြစ်ခြင်း။

Materials Resources
- ရံပုံငွေမရှိခြင်း၊ ပညာပေးသင်တန်းများမရှိခြင်း၊ ရုံးခန်းမရှိခြင်း။

Other Resources
- လုပ်ငန်းလုပ်ကိုင်လိုစိတ်မရှိခြင်း၊ တီထွင်ကြံဆမှုမရှိခြင်း။

Objective
( ၁ ) ရုံးခန်းဖွင့်လှစ်ခြင်း။
( ၂ ) ရံပုံငွေရှာခြင်း။
( ၃ ) ငွေစုငွေချေးပညာပေးသင်တန်းပေးခြင်းနှင့် အသင်းဖွဲ့စည်းပေးခြင်း။
( ၄ ) စီမံကိန်းရေးဆွဲရေး သင်တန်းပေးခြင်း။

Lines of Action
(၁) ရုံးခန်းဖွင့်လှစ်ခြင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့ စွာလုပ်ကိုင်နိုင်ရန်အတွက် ရုံးခန်းများ ဖွင့်လှစ်ခြင်း။
တာဝန်ခံ - ကော်မရှင်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ဆရာတော်၊ ကော်မရှင်ခေါင်းဆောင်။
ရာထားချက်ရလဒ် - လုပ်ငန်းများအဆင်ပြေချောမွေ့စွာလုပ်ကိုင်လာနိုင်မည်။
လက်တွဲလုပ်ဆောင်သူများ - ကော်မရှင်အဖွဲ့ဝင်များ။
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန် ၂၀၁၂
(၂) ရံပုံငွေရှာခြင်း၊ ရံပုံငွေ မတည်ပေးနိုင်မည့် အလှူရှင်များအား ရှာဖွေခြင်းဖြင့် ရံပုံငွေရှာကြံရန်။
တာဝန်ခံ - ကော်မရှင်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ဆရာတော်၊ ကော်မရှင်ခေါင်းဆောင်။
ရာထားချက်ရလဒ် - စီးပွားရေးအစဉ်မပြေသော မိသားစုများအား ငွေထုတ်ချေးပေးနိုင်မည်။
လက်တွဲလုပ်ဆောင်သူများ - အလှူရှင်များ။
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန် ၂၀၁၂
(၃) ငွေစုငွေချေးပညာပေးသင်တန်းပေးခြင်းနှင့် အသင်းဖွဲ့စည်းပေးခြင်း၊ လူမှုစီးပွားရေးအဆင်မပြေသော မိသားစုများအား ငွေစုငွေချေး ပညာပေးသင်တန်းပေးခြင်းနှင့် အသင်းဖွဲ့စည်းပေးခြင်း။
တာဝန်ခံ - ကော်မရှင်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ကော်မရှင်၊ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ ကရုဏာမန္တလေး။
ရာထားချက်ရလဒ် - အသိတရားများကြွယ်ဝလာပြီး ငွေစုဆောင်းခြင်းအကျိုးကို သိရှိလာမည်။ အသင်းများဖွဲ့စည်းခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်ရန် ငွေအရင်းအနှီးထုတ်ချေးနိုင်မည်။
လက်တွဲလုပ်ဆောင်သူများ - ကော်မရှင်ဝန်ထမ်းများ၊ အသင်းဝင်မည့် မိသားစုများ။
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန် ၂၀၁၂
(၄) စီမံကိန်းရေးဆွဲရေးသင်တန်းပေးခြင်း၊ စီမံကိန်းများရေးဆွဲခြင်းအားဖြင့်၊ အလှူရှင်များရှာဖွေရန်။
တာဝန်ခံ - ကော်မရှင်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ကော်မရှင်၊ ကရုဏာမန္တလေး။
ရာထားချက်ရလဒ် - အလှူငွေများရရှိလာပြီး လူမှုစီးပွားရေးအဆင်မပြေသော မိသားစုများအား ပို၍ ကူညီလာနိုင်မည်။
လက်တွဲလုပ်ဆောင်သူများ - ကော်မရှင်၊ အလှူရှင်၊ ကရုဏာမန္တလေး။
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန်လ ၂၀၁၂

<<Commission