Commission on Livelyhood & Agriculture
စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းမှုရေးရာ ကော်မရှင်

ဦးတည်ချက် (Vision)

မန္တလေးသာသနာအတွင်း၌ နေထိုင်ကြသော လူသားတိုင်း အဆင့်အတန်းမီမီ ကောင်းမွန်စွာ အသက်ရှင် နေထိုင် စားသောက်နိုင်ရန်။

သန္နိဌာန် (Mission)
မန္တလေးသာသနာအတွင်းနေထိုင်လုပ်ကိုင်နေကြသူတို့ တွင် လိုအပ်သူတိုင်းအား အရင်းအနှီး၊ စက်ကိရိယာ၊ နည်းပညာများ ပံ့ပိုးပေးခြင်းနှင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းအားဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်နေထိုင်စေရမည်ဟု ကျွန်ုပ်တို့ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းမှုရေးရာကော်မရှင်မှ သန္နိဌာန်ပြုပါသည်။
 
Situation Analysis

Positive Area

Human Resources
- ကော်မရှင်အဖွဲ့ဝင်များရှိ၊ ပညာရှင်ရှိ

Material Resources
- ကျွဲနွား၊ စက်ကရိယာ၊ ခြံမြေရှိ

Other Resources
- CRS (NGO) အဖွဲ့များရှိ

Grey Area

Human Resources
- ပညာရှင်နည်းပါး

Material Resources
- သင်တန်း၊ ထုတ်ချေးငွေ၊ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းနည်းပါး။

Other Resources
- စီးပွားရေးမတည်ငြိမ်၊ ရာသီဥတုဖောက်ပြန်

Other Resources
၁။ ခောတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်သင်ကြားပေးခြင်း
၂။ အရင်းအနှီး (ငွေ+ပစ္စည်း) ထုတ်ချေးပေးခြင်း
၃။ စက်ကိရိယာပံ့ပိုးပေးခြင်း
 
Objectives
၁။ ခောတ်မီနည်းပညာသင်ကြားပေးခြင်းအားဖြင့် ကာယ၊ ညာဏ လုပ်သားများ မိမိတို့၏ ကုန်ထုတ်လုပ်မှု စွမ်းအား မြင့်မားလာသည်နှင့် အမျှ ၀င်ငွေလည်း တိုးတက်လာမည်။
တာဝန်ခံပုဂ္ဂိုလ် - ကော်မရှင်ဥက္ကဌ
ဦးဆောင်အဖွဲ့ - စိုက်၊ မွေး၊ ၀မ်းကော်မရှင်
လျာထားချက်ရလဒ် - နည်းပညာတတ်မြောက်လာပြီး၊ ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားလာမည်။
လက်တွဲမည့်သူ - CRS မေတ္တာဖေါင်ဒေးရှင်း
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန်လ ၂၀၁၂

၂။ အရင်းအနှီး (ငွေကြေး၊ ဓါတ်မြေသြဇာ၊ မျိုးစေ့) ထုတ်ချေးခြင်းအားဖြင့် အလုပ်သမား၊ လယ်သမားများ အတိုးနှုံးသက်သာပြီး လုပ်ငန်း ပိုမို ချဲ့ထွင် လုပ်ကိုင်လာနိုင်မည်။
တာဝန်ခံ - ကော်မရှင် ဥက္ကဌ
ဦးဆောင်အဖွဲ့ - စိုက်၊ မွေး၊ ၀မ်းကော်မရှင်
လျာထားချက်ရလဒ် - လုပ်ငန်းချဲ့ထွင်လာပြီး၊ ၀င်ငွေများများရလာမည်။
လက်တွဲမည့်သူ - CRS မေတ္တာဖေါင်ဒေးရှင်း
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန်လ ၂၀၁၂

၃။ စက်ကိရိယာများ အသုံးပြုနိုင်၍ စီမံဆောင်ရွက်ပေးခြင်းအားဖြင့် အဆင်ပြေချောမွေ့စေမည့်အပြင်၊ အချိန်မီ စိုက်ပျိုး လုပ်ကိုင်နိုင်မည်။
တာဝန်ခံ - ကော်မရှင် ဥက္ကဌ
ဦးဆောင်အဖွဲ့ - စိုက်၊ မွေး၊ ၀မ်းကော်မရှင်
လျာထားချက်ရလဒ် - ကုန်ထုတ်မှုပိုမို၊ အချိန်ကုန်သက်သာ၊ ကုန်ကျစရိတ်နည်း
လက်တွဲမည့်သူ - CRS မေတ္တာဖေါင်ဒေးရှင်း
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ - ဇွန်လ ၂၀၁၂

<<Commission