Commission on Laity
သာမန်ကက်သလစ်ဘာသာဝင်များရေးရာ ကော်မရှင်


Vision( ဦးတည်ချက် )
မန္တလေးသာသနာအတွင်းရှိ သာမန်ကက်သလစ်ဘာသာဝင်တိုင်းသည် သာသနာဖွံ့ ဖြိုးတိုးတက်ရေးနှင့် ခရစ်တော် ဘုရားရှင်၏ သတင်းကောင်း ပြန့်ပွားရေးတို့ကို မိမိတို့၏ တာဝန်ဖြစ်ကြောင်း သိရှိနားလည်ပြီး၊ ကက်သလစ်ယုံကြည်ရာအချက်များနှင့် ကျင့်ဝတ်များကို ကျင့်ဆောက် တည်လျက် ကျရာကဏ္ဍများတွင် အတူတကွ တက်ကြွစွာ ဆောင်ရွက်သွားရန်။

Mission ( သန္နိဌာန် )
ကျွန်ုပ်တို့ မန္တလေးသာသနာ သာမန်ကက်သလစ်ဘာသာဝင်များရေးရာ ကော်မရှင်အနေဖြင့် ဘာသာဝင်များ ဘာသာတရား ပိုမို ကိုင်းရှိုင်းလာပြီး၊ သာသနာ့တာဝန်များကို စည်းလုံးညီညွတ်စွာ မျှဝေထမ်းဆောင်လိုသူများ ဖြစ်လာကြစေရန် . . .
(၁) ဘာသာရေးသင်တန်းများ၊ ဟောပြောပွဲများ၊ စုပေါင်းဆုတောင်းပွဲများ၊ ကိုယ်တော်မြတ်ဖူးခြင်းများ၊ သမ္မာကျမ်းစာ ဝေမျှခြင်း အစီအစဉ်များကို အင်တိုက်အားတိုက်ပါဝင်ရန် ဆောင်ရွက်ပေးသွားမည်။
(၂) ဘာသာရေးအသင်းအဖွဲ့များအတွက် တစ်ပြေးညီဆောင်ရွက်ရန်အတွက် စည်းမျဉ်းစည်းကမ်းများကို အကြံပြု ရေးဆွဲပေးမည်။

Situation Analysis

Positive Areas


Human Resources
- ကော်မရှင်၊ ဆရာတော်၊ ရဟန်းများ၊ သီလရှင်များ၊ ဓမ္မဆရာများ၊ အလှူရှင်များ၊ စိတ်ဝင်စားသောဘာသာဝင်များ။

Materials Resources
- ဘုရားကျောင်း၊ ခန်းမ၊ ကိုယ်တော်မြတ်ဖူးမျှော်ဆောင်၊ သမ္မာကျမ်းစာအုပ်။

Other Resources
- ဂရုဏာမန္တလေး၊ အခြားကော်မရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များ။

Gray Areas

Human Resources
- ဟောပြောသင်ကြားပို့ချပေးမည့်သူနည်းပါး၊ ကျွမ်းကျင်မှု/ ဆွဲဆောင်မှု/ ပြင်ဆင်မှုမရှိ၊ ဖိတ်ခေါ်ခံရမှုနည်းပါး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို ဦးစားပေး၊ ဘာသာဝင်များလုပ်ဆောင်နိုင်ခွင့် နည်းပါး။

Materials Resources
- ရံပုံငွေမရှိခြင်း၊ ဘာသာရေးသင်တန်းများ၊ ဟောပြောပွဲများ၊ စုပေါင်းဆုတောင်းပွဲများ၊ ကိုယ်တော်မြတ်ဖူးခြင်းများ မရှိခြင်း၊ ရုံးခန်းမရှိခြင်း။

Other Resources
- သာသနာမှထောက်ပံ့မှု၊ စစ်ဆေးမှု၊ အားပေးမှု၊ စီစဉ်ပေးမှု၊ အားပေးမှုတို့နည်းပါး။

Objectives
(၁) ဘာသာရေးသင်တန်းများ၊ ဟောပြောပွဲများကို ပြုလုပ်ပေးမည်။
(၂) ၀တ်စောင့်ပွဲများ၊ ဆုတောင်းပွဲများ၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းများ၊ သမ္မာကျမ်းစာဝေမျှခြင်း၊ (အဆင့် ၇ ဆင့်) အစီအစဉ်များကို ဆောင်ရွက်ပေးမည်။
(၃) ရံပုံငွေရှာဖွေခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်း။

Lines of Action
(၁) ဘာသာရေးသင်တန်းများ၊ ဟောပြောပွဲများကို ပြုလုပ်ပေးမည်၊ ရင့်ကျက်သော၊ တာဝန်သိတတ်သော ဘာသာဝင်များဖြစ်လာစေရန် ဘာသာရေးသင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ပေးမည်။
တာဝန်ခံ - ကော်မရှင်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ကော်မရှင်
ရာထားချက်ရလဒ် - ရင့်ကျက်သော၊ တာဝန်သိတတ်သော၊ ဆက်ကပ်လိုသောသူများ ဖြစ်လာမည်။
လက်တွဲလုပ်ဆောင်သူများ - ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ ဆက်ကပ်မည့်ဘာသာဝင်များ။
    • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ ခုနှစ် - ဇွန်လ ၂၀၁၂
(၂) ၀တ်စောင့်ပွဲများ၊ ဆုတောင်းပွဲများ၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ သမ္မာကျမ်းစာဝေမျှခြင်း ( အဆင့် ၇ ဆင့် ) အစီအစဉ် များကို ဆောင်ရွက်ပေးမည်။
တာဝန်ခံ - ကော်မရှင်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ကော်မရှင်
ရာထားချက်ရလဒ် - ဤသို့ပြုလုပ်ပေးခြင်းဖြင့် ဘာသာရေးယုံကြည်ရာအချက်များ၊ ကျမ်းစာ၏ သွန်သင်ချက်များကို ပိုမိုသိရှိလာပြီး ခရစ်တော်ကို ဗဟိုပြုလျှက် လူသားအချင်းချင်း မေတ္တာတရားပွားများလာနိုင်ကြမည်။
လက်တွဲလုပ်ဆောင်သူများ - ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ ဆက်ကပ်မည့်ဘာသာဝင်များ။
    • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ ခုနှစ် - ဇွန်လ ၂၀၁၂

(၃) ရံပုံငွေရှာဖွေခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်း။
တာဝန်ခံ - ကော်မရှင်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ။
ဦးဆောင်အဖွဲ့ - ကော်မရှင်
ရာထားချက်ရလဒ် - ရံပုံငွေမရှိခြင်း/ရုံးခန်းဖွင့်ခြင်းအားဖြင့် ကော်မရှင်၏လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်။
လက်တွဲလုပ်ဆောင်သူများ - အလှုရှင်များ၊ ဆရာတော်
  • အကောင်အထည်ဖေါ်မည့်ကာလ - ဇွန်လ ၂၀၀၇ ခုနှစ် - ဇွန်လ ၂၀၁၂
<<Commission