Commission on Health Care
ကျန်းမာရေးကူညီမှု ကော်မရှင်

Vission (ဦးတည်ချက်)

မန္တလေးသာသနာအတွင်း နေထိုင်ကြကုန်သော လူအပေါင်းတို့ အား၊ သာယာဝပြောသည့်ဘ၀သစ်ကို တည်ဆောက်ရာတွင် လိုအပ်သော ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက်၊ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မခွဲခြားဘဲ၊ ကူညီဆောင်ရွက်ခြင်းဆီသို့ -
 
Mission (သန္နိဌာန်)

ကျွန်ုပ်တို့ မန္တလေးသာသနာ၏ ကျန်းမာရေး ကူညီမှု ကော်မရှင်သည် . . .
(၁) ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာပေး သင်တန်းများ၊ ဟောပြောပွဲများ၊ အယူလွဲမှားသော အတွေးအခေါ်များ ပပျောက်ရန်ဆောက်ရွက်ပေးခြင်း။
(၂) ကျန်းမာရေး လိုအပ်သော ဒေသများသို့ သွားရောက်၍ ဆေးဝါးကုသခြင်း၊ အသုံးဆောင်ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်း။ 
(၃) ဆွေးနွေးတိုင်ပင်ခြင်း၊ စိတ်ဓါတ်ကျဆင်း ဒုက္ခရောက်နေသော ရောဂါသည်များအား စိတ်ဓါတ် မြှင့်တင်ရေး
တို့ကို ဆောင်ရွက်သွားမည်။
 

ှSituation Analysis
လက်ရှိအခြေအနေ သုံးသပ်ချက်


Postive Areas (အားသာချက်)

Human Resource
၁. Health Commission,
၂. ဘာသာရေးအဖွဲ့အစည်းရ၊ှိ လူငယ်၊ မယ်တော့်တမန်တော်နှင့် သီလရှင်များ။
၃. အချိန်ပိုင်းကျန်းမာရေးလုပ်ငန်းများ။ ၄. စေတနာရှင်ဘာသာဝင်များ။

Material Resource
၁. အကူညီရသင့်သလောက်ရ။
၂. ဘာသာဝင်များမှ အစားအသောက်စီစဉ်ပေး။
၃. ဆေးခန်းတစ်ခန်းရှိ။

Other Resource
၁. ပြည်တွင်းပြည်ပမှ အလှုရှင်များ။
၂. စေတနာရှင်။
၃. အာဏာပိုင်များ (တစ်ခါတရံ)။
၎.  NGO များထံမှ (တစ်ခါတရံ)

Grey Area (အားနည်းချက်)

Human Resource
၁. အဖွဲ့အစည်းမရှိ (ကျန်းမာရေး)။
၂. ကျန်းမာရေးဝန်ထမ်းများ တစ်ခါတရံအချိန်မပေးနိုင်။
၃. လိုက်ပါသူများ ကျန်းမာရေးဗဟုသုတနည်းပါးခြင်း။
၎. အချို့သောသူများ အားမပေး။
၅. လူနာများနှင့် ထိတွေ့ခွင့်မရ။
၆. အချို့အကြီးအကဲများ ငယ်သားများအား ခွင့်မပြု။

Material Resource
၁. ငွေအကုန်အကျများခြင်း။
၂. ခရီးစဉ်ရှည်လျားခြင်း။
၃. အချို့နေရာများတွင် ကိုယ့်အစီစဉ်နှင့်ကိုယ် စားသောက်ရခြင်း။
၎. ငွေမလုံလောက်ခြင်း။
၅. အကန့်အသတ်နှင့် စီစဉ်ရခြင်း

Other Resource
၁. သက်ဆိုင်ရာအကြီးအကဲများမှ အချို့နေရာများတွင် ၀င်ခွင့်မပြု။
၂. တွေ့ခွင့်ရရန် အဆမတန်ငွေပေးရခြင်း

Objectives (စီမံကိန်းများ)

၁. ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာပေး သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ရန်၊
၂. ဆေးဝါးများ ကုသခြင်း၊ အသုံးဆောင်ပစ္စည်းများ ပံ့ပိုးကူညီခြင်းများ၊ ဆွေးနွေးနှစ်သိမ့်ပေးခြင်း
၃. ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းခြင်း

Lines of Action (အကောင်အထည်ဖေါ်လုပ်ဆောင်ချက်များ)

၁။ ကျန်းမာရေးကော်မရှင်အနေဖြင့် မန္တလေးသာသနာအတွင်း နေထိုင်ကြသောသူများအား၊ တစ်ကိုယ်ရေ တစ်ကာယ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သာယာရေး အသိပညာဟောပြောပွဲ၊ အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးရန် လှုံ့ဆော် ပေးခြင်း၊ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နည်းပညာပေးသင်တန်း (AIDS၊ ငှက်ဖျား)များ ကို ပြုလုပ်သွားမည်။

Responsible Person: Commission Head
Lead Group: Doctor, Nurses & Commission Member
Expected Result:  ဟောပြောပွဲများ၊ သင်တန်းများ ပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာရေးထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းများကို ပိုမိုသိရှိနားလည်လာပြီး မိမိတို့၏ဘ၀အသက်ရှင်မှု၌ ကြိုတင် ကာကွယ်မှု များ၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ကြပြီး သာယာဝပြောသော ဘ၀ကိုတည်ဆောက်လာနိုင်ကြမည်။
Partners: World Vision, YMCA, NGOs
    • Inplementation: June 2007 - Dec. 2012  ထိ (၅နှစ်) ရွှေဘိုဇုန်၊ မိတ္ထီလာဇုန်၊ မန္တလေးဇုန်

၂။ ကျန်းမာရေးကော်မရှင်အနေဖြင့် မန္တလေးသာသနာအတွင်းနေထိုင်သူများအား၊ ကျန်းမာရေး အကူအညီ လိုအပ်သောဒေသများတွင် ဆေးဝါးကုသပေးခြင်း၊ အသုံးအဆောင်များ ပံ့ပိုးပေးခြင်း၊ (အ၀ီစိတွင်းတူးပေးခြင်း၊ ဆေးပေးခန်းဖွင့်ခြင်း၊ ယင်လုံအိမ်သာဆောက်ပေးခြင်း)နှင့် စိတ်ဓါတ်ကျဆင်းနေသော၊ ဒုက္ခရောက်နေသော ရောဂါသည်များကို တွေ့ဆုံဆွေးနွေးနှစ်သိမ့်မှုပေးခြင်းကို ကွင်းဆင်းဆောင်ရွက်မည်။

Responsible Person: Commission Head
Lead Group: Doctors, Nurses  & Commission Members
Expected Result: ဆေးဝါးများ ကုပေးခြင်း၊ အသုံးဆောင်ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်နိုင်ကြမည်။
Partners: World Vission, NGOs, Legion, Youth & Sisters
  • Inplementation: June 2007 - June 2012  (ရွှေဘိုဇုန်၊ မိတ္ထီလာဇုန်၊ မန္တလေးဇုန်)

၃။ ကျန်းမာရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် မန္တလေးသာသနာရှိ ဘာသာဝင်ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ သီလရှင်များနှင့် စိတ်ပါဝင်စားသော ဘာသာဝင်များကို ဖိတ်ခေါ်လျက် ဖွဲ့စည်းသွားမည်။

Responsible: Person Commission Head
Lead Group: Commission Members
Expected Result: ကျန်းမာရေးအဖွဲ့ကို ဖွဲ့စည်းခြင်းအားဖြင့် ဟောပြောပွဲနှင့် သင်တန်းများပြုလုပ်ပေးနိုင်ခြင်း၊ ဆေးဝါးများ ကုသပေးခြင်း၊ အသုံးအဆောင်ပစ္စည်းများပံ့ပိုးပေးနိုင်ခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ စနစ်တကျ လုပ်ကိုင်နိုင်မည်။
Partners: Doctors, Nurse, Legion, Youth, Sister စိတ်ပါဝင်စားသောဘာသာဝင်များ။
  • Implementation: June 2007 - June 2012

<<Commissions